Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 26 November 2013

ဧရာဝတီးတိုင်းတွင် မှောင် ခိုကျွဲများ ဖမ်းမိခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်း ညောင် တုန်းမြို့နယ် ဂန်ချောင်းကျေးရွာ အုပ်စု အပိုင်
တွင် 24,11,2013 ရက်နေ့
ည ၁၂ နာရီတွင် ကျွဲများ အား ကားပေါ်
တင်ဆောင် နေစဉ် ဇီဝိဒ ကျွဲနွား အဖွဲ့
သံဃာတော် ၁၇ ပါးမှ လက် ရဖမ်းစီးလိုက်
ပြီး အပိုင်ချောင်းကြီးရဲစခန်းအားအပ်
နှံ
လိုက်ပါသည်။
သံဃာတော်များမှမဖမ်းချင်သော်
လည်း ၄ ကြိမ်တိတိ ၄င်းကားနှင့် ကျွဲ
မှောင် ခို ကူးနေတာသိရသည်အတွက်
သံဃာတော်များမှ ဝင်ရောက်ဖမ်းစီးရခြင်း
ဖြစ်ပါသည်။
ဖမ်းမိသောနေရာသည်
ချောင်းကြီးရဲစခန်းပိုင် ဖြစ်ပြီး ရဲစခန်းနှင့်
မ ဝေးသလို ဂန်ချောင်းအုပ် ချုပ်ရေးမှူး
အပိုင်ဖြစ်ပြီး မှောင် ခိုကျွဲနွားများကို
ချောင်းကြီးအုပ်ချုပ်ရေး အပိုင် မှ ဖြတ်သန်း
သယ်ယူကြပါသည်။
သံဃာတော်များ ဖမ်းရခြင်းသည်
ကျော်မကောင်းကြားမ ကောင်းဖြစ်ရပါသည်
တာဝန် ရှိချောင်းကြီးရဲစခန်းနှင့် ဂန်ချောင်း
အုပ်ချုပ်ရေးမှူး ချောင်းကြီးကျေးရွာအုပ်
ချုပ်ရေးမှူး တို့ အ နေနှင့် အကြိမ်ကြိမ်ဖြတ်
ကျော်နေ သော မှောင် ခိုသမားများကို
တကယ် မသိလေသလား။ ညဘက် မှောင်
ထဲတွင်တင်ခြင်းလည်းမဟုပ်ပါ။
မီးချောင်းထွန်း၍ပေါ်တင် တင်ခြင်းဖြစ်ပြီး
အခေါက်ပေါင်းလည်းမနဲတော့ပါဘူး။
ပြည်သူ့လစာစားတာဝန် ရှိ ဝန်ထမ်းများ
အလုပ်တွေမလုပ်နိုင်ကြ တော့တာလား။
ပိုစိုးသည်က ဆယ်အိမ်မှူး၏
အိမ်ရှေ့ မှာ အထိုင် ချကာ ကျွဲများအား
ကားပေါ် တင်ခြင်းဖြစ်ပါသည်။
ပြုပြင် ပြောင်းလဲမှု တွေ နဲ့ အတူ
နိင် ငံတော်သစ်စီ သမ္မတကြီး ဦးဆောင်
ချီတက်နေချိန် မှာ သမ္မတကြီးက တော့ အ
ကြီးအကဲများနှင့်အခတ် အခဲများခြားက နေ
သန့် ရှင်းသော အစိုးရဖြစ်အောင် အပတ်
တကုတ်ကြိုးစားချိန် မှာ နိင် ငံရဲ့ အောက်
ခြေ ပြည်သူ ၇၀% မှာထိတွေ့ နေကြတဲ့
တာဝန် ရှိဝန်ထမ်း များ၏ တာဝန် မကျေပွန်
မှူ့ ဒုစရိုက်မှု့တွေကို မသိကျိုးကျွန်ပြုနေ
သ၍ သမ္မတကြီးရဲ့ အ စိုးရဟာ အခတ်အ
ခဲတွေနဲ့ အများကြီးကျုံ နေရဦးမှာပဲ။
သံဃာတော် တွေကဖမ်းရတယ်ဆိုတာ
မသင့်တော်မှန်းသိပေမယ့် ဒီလိုမှမလုပ်
ရင် လည်းတသက်လုံး ဒီလိုပဲ လွတ်နေမှာ
ဒီတော့ သမ္မတကြီးနှင့် လူကြီးအပေါင်းအား
အားတော့ နာတယ်ဗျာ ဆရာဘယ်လောက်
ကောင်းကောင်း တပည့်မ ကောင်းတော့
ဆရာခေါင်းပါပဲလေ။
သံဃာတော်တွေပဲ တာဝန်ယူ အုပ်ချုပ်
ရမလို ဖြစ်နေ ပါတယ်။

ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   

No comments:

Post a Comment