Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 19 November 2013

မကွေးတိုင်းဒေသကြီးစလင်းမြို့ နယ် ကျပ်ပယ်ရွာမှအကျင့်ပျက်ပညာရေးဝန်တမ်းသီရိမွန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ နယ်
ကျပ်ပယ်ကျေးရွာအုပ်စုကျပ်ပယ်ရွာ
သည်စလင်းမြို
့နယ်၏အဝေးလံဆုံးနေရာတွင်တည်ရှိပါသည်။ကားလမ်းတော့ပေါက်သည်သို
့ပေသည့်တောင်ကုန်းတောင်တန်း
မြေသားလမ်းများဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲလှ၏။ရွာခံဒေသခံများအနေဖြင့်မိမိတို့၏သားသမီးများပညာသင်ကြားနိုင်ရေးအတွက်မူလတန်းကျောင်းလေးတစ်ကျောင်းကိုလည်းနိုင်ငံတော်မှဖွင့်လှစ်ပေးထားပါသည်။ကျောင်းသားဦးရေ
၆၃ ယောက်ရှိပါသည်။ဆရာဦးရေကတော့ကျောင်းသားနှင့်ဦးရေနှင့်မမျှလောက်အောင်နည်းပါးပါသည်။ကျောင်းဆရာ
၂ ယောက်သာရှိပါသည်။၂၀၁၃ခုနှစ်တွင်နိုင်ငံတော်မှမူလတန်းအခမဲ
့စနစ်နှင့်ကျောင်းအထွေထွေအသေးသုံးစရိတ်များပါတွက်ချက်ပြီးကျောင်းအထွေထေ၊ွလုပ်သားများနှင့်
•       ကျောင်းဆရာအင်အားများပါဖြည့်ဆည်းပေးခဲ့ပါသည်။ကျနော်တို့
ကျပ်ပယ်ကျေးရွာအုပ်စုကျပ်ပယ်ရွာအစိုးရမူလတန်းကျောင်းမှာတော့ကျောင်းဆရာမတစ်ယောက်ချပေးခဲ့ပါသည်။၎င်းချပေးခဲ့သည့်ကျောင်းဆရာမမှာ၂၀၁၃ခုနှစ်သြဂုတ်လတွင်ကျပ်ပယ်ရွာဇီးဖြူပင်အုပ်စု
ရေလဲကျေးရွာမှကျောင်းအုပ်ဆရာကြီးဦးစံရွှေမြင့်၏ဇနီးဒေါ်သီရိမွန်တာဝန်ကျပြီးရောက်ရှိလာခဲ့ပါသည်။
•       ၄င်းကျောင်းအုပ်ကြီး၏ဇနီးသည်ကျနော်တို့ကျပ်ပယ်ရွာသို့
ဝန်ထမ်းအဖြစ်ခန့်အပ်ပြီးတာဝန်ကျသည့်နေ့မှစ၍
တစ်လတိတိသာတာဝန်ထမ်းဆောင်ခဲ့ပြီးယခုလာရောက်တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ
ကျပ်ပယ်
•       ကျေးရွာအတွင်းမှအဖဦးမြင့်ထူး၏သမီးဖြစ်သူမချောစုကို
တစ်လလျှင်ကျပ်ငွေလေးသောင်းကျပ်ဖြင့်
•       ငှားရမ်း၍သူ့အစားစာသင်ခိုင်းပါတော့သည်။နိုင်ငံဝန်ထမ်းကျောင်းဆရာမတစ်ယောက်လည်းဖြစ်ကျောင်းအုပ်ဆရာကြီးဦးစံရွှေမြင့်၏ဇနီးလည်းဖြစ်သူက၀န်ထမ်းဖြစ်တာမှမကြာသေးနိုင်ငံတော်နှင့်ပြည်သူလူထုအပေါ်မသမာသောနည်းဖြင့်
အပြင်အရပ်သူတစ်ယောက်ကိုအစားထိုးစာသင်ခိုင်းသည့်လုပ်ရပ်မှာမဖြစ်သင့်ဟုကျောင်းသားမိဘများအနေဖြင့်ထင်မြင်ယူဆမိပါသည်။ထို့ကြောင့်ကျနော်တို့ကျပ်ပယ်ရွာအနေဖြင့်များစွာနစ်နာပါသည်။အောက်ခြေတွင်ဖြစ်ချင်တိုင်းဖြစ်နေကြသော
အကျင့်ပျက်ပညာရေးဝန်ထမ်းများအကြောင်းနိုင်ငံတော်သမ္မတ
•       ကြီးဦးသိန်းစိန်တယောက်သိရှိစေရန်။
 
ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   
 
 

No comments:

Post a Comment