Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 16 November 2013

ပျဉ်းမနားမြို့သည် နေပြည်တော်တွင်ပါဝင်သော်ငြားလည်း ခင်းထားသော လမ်းများသည် ကတ္တရာ ပါဝင်မှူမရှိသောကြောင့် ချိုင့်ခွက်ကြီးများနှင့် ဖြစ်ခြင်း နှင့် ပေ ၁၅ပေ ခင်းပေးသောလမ်းမှာ စည်ပင်မှ အိပ်ကပ်ထဲထည့်မှူများကြောင့် ၈ပေ ခန့်သာ ခင်းကျင်းပေးခြင်း များ၊ လမ်းဘေးမြောင်းများကို လည်း ရေစီးရေလာကောင်းမွန်အောင် ဖော်ဆောင်မှုမရှိ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နှစ်တိုင်းပျဉ်မနားမြို့မှ လမ်းခင်းတယ် လမ်းတွေဖာတယ် ၊ တစ်နှစ်တစ်ခါ ပျက်တယ်း၊ လမ်းဖွင့်ပွဲတွေလုပ်တယ် ရုပ်မြင်သံကြားတွေ သတင်းစာတွေမှာ ခင်းထားတာ ၁၅ပေ၊
တစ်ကယ်တမ်း ရှိတော့ ၈ပေမပြည့်ချင်၊ ဒါ့အပြင် ၈ပေ မပြည့်တဲ့လမ်းက လည်း asphalt ခေါ် ကတ္တရာ ကို ခိုးပြီးရောင်းစား သောကြောင့် ပါဝင်မှူနှုန်း နည်းပါးကာ လမ်းမှာ ကြည့်
လိုက်ရင် ကတ္တရာ ရောင်မရှိဘဲ သဲတွေ ခဲတွေနဲ့ ခင်းထားတဲ့လမ်းဖြစ်နေပါသည်။ ထို့ကြောင့် တစ်မိုးမခံ လမ်း ဟုလည်း နာမည်ကြီးပါသည်။ လမ်းများသည် အလယ် ၈ပေသာခင်းပြီး ကျန်ဘေးနံနှစ်ဖက်မှာ မြေသားဖြစ်နေခြင်း၊ မြောင်းများ စနစ်တကျမရှိခြင်း၊ မြောင်းအထိ လမ်းခင်းရမည်ဆိုသော်လည်း ၀န်ထမ်းများ အိပ်ကပ်ထဲရောက်သွားသော ကြောင့် လမ်းမှာ တခြားမြို့များနှင့် နှိုင်းယဉ်လျင် အလွန်ကျဉ်းမြောင်းနေပါသည်။
    သတ်မှတ်ပေပြည့်အောင် လမ်းများအားခင်းကျင်းမှူမရှိခြင်းကြောင့် ယာဉ်များ အောက်ပိုင်းထိခိုက်နစ်နာမှူများ၊ ယာဉ်အချင်းချင်း ပွတ်တိုက်မိမှုများ၊ ယာဉ်မောင်းများ
ယာဉ်ထိခိုက်မှူကြောင့် ရန်ဖြစ်ရမှူများ၊ အားနည်းသော ဆိုင်ကယ်သမားများ မှာ ရွံ့တွေစင် ကာ ဂျိုင့်များကြောင့် ဆိုင်ကယ်လဲမှူများ ဖြစ်ပေါ်နေရပါသည်။
    ထို့ပြင် သုံးဘီးဆိုင်ကယ်ကယ်ရီများသည် လမ်းပြောင်းပြန်စိးနင်းမှူများ ၊ တရုတ်သုံးဘီးဆိုင်ကယ်များအား အိတ်ဇော ဖွင့်ကာ လီဘာ ကုန်မောင်းနှင်မှူများစသော ယာဉ်စည်းကမ်းချိုးဖောက်မှူများ အား အရေးယူမည့်သူ
မရှိဖြစ်နေပါသည်။ လမ်းမှာ ကျဉ်းမြောင်းပါသည်ဆိုသော်ငြား ၃ဘိးဆိုင်ကယ်များ လမ်းပြောင်းပြန်စီးနှင်းမှူများ ကြောင့် ပိုကာ လမ်း ပို ကျဉ်းမြောင်းသွားစေပါသည်။ ထို ၃ဘီးယာဉ်များ
ကို လည်းထိရောက်သော အရေးယူမှူမှာ စာရွက်ပေါ်တွင်သာ ရှိပေသည်။ ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ၁မှုလျှင် ငွေကျပ် ၅၁၀၀၀ မှ ၁၀၀၀၀၀ ကျပ်ထိ ကောက်နေသော အချိန်တွင် ၃ဘီးယာဉ်များ
အား ၁မှု လျှင် ၁၅၀၀ မှ ၃၀၀၀ ကျပ် သာ ပေးဆောင်ရသောကြောင့်  ၃ဘီးသမားများသည် စည်းကမ်းချိုးဖောက်ကာ မိလျှင် ဆောင်လိုက်မည် ၁၅၀၀ ဘဲကို ဟု ထင်မြင်နေပါသည်။
ထို့ကြောင့် စည်းမဲ့ကမ်းမဲ့ ၃ဘီးများ အလွန်ပေါများလာရပါသည်။ မော်တော်ယာဉ် ကြိးကြပ်ရေးကော်မတီ (မထသ) သည်လည်း ၃ဘီးသမားများနှင့်ပေါင်းကာ တစ်စိး ၅၀၀ တောင်း
နေသည်မှာ ပျဉ်းမနား ပြည်သူ ပြည်သားများ ရှေ့မောက်တွေင် ပေါ်တင် ဖြစ်နေပါပြီ။ မော်တော်ပီကယ် ခေါ် ယာဉ်ထိန်း၇ဲများ မှာ လည်း ၃ဘီး အုပ်စုများမှာ အင်အားများသောကြောင့်
မဖမ်းရဲဖြစ်နေပါသည်။
    ထို့ကြောင့် ပျဉ်းမနားရှိ ပြည်သူ့ အခွန်ငွေ နှင့်တည်ဆောက်ထားသော လမ်းများမှာ စည်ပင်သာယာလမ်းတံတား ငှာနမှ လူကြီးများ၊စည်ပင်လမ်းတံတား အင်ဂျင်နီယာများ ၊
အလွဲသုံးစားလုပ်မှုကြောင့် လမ်းခင်း ကတ္တရာများ နှင့် ငွေများ မှာ ကုန်ကျစားရိတ်ထက်ပိုမိုများ ပြားနေကာ ၊ ထို စည်ပင်လမ်းတံတား မှ ၀န်ထမ်းများ မှာ အစိုးရလခနှင့် နှိုင်းယဉ်ပါ က ဇိမ်ခံကားများ ၀ယ်ယူ
စီးနင်းနိုင်ပါသည်၊ အိမ်ကောင်းအိမ်ယာများနှင့် ဖြစ်နေပါသည်။ လမ်းဘို တစ်ယောက်ပင်လျှင် ငှင်း စည်းစိမ်များကို ပိုင်ဆိုင်ထားပါသည်။ လူကြိးများဆိုလျှင်တော့ပြောမကုန်အောင်
များပြားလွန်းပါသည်။ လမ်းများတွင်သာမက လမ်းဘေးမြောင်းဖော် ရန်မှာ လည်း လမ်းတစ်လမ်း တည်ဆောက်ရေးတွင် အရေးကြီးသည်ကို စည်ပင်မှ ၀န်ထမ်းများ သိရှိပါသော်ငြား
လမ်းဘေးမြောင်းများ အားဖော်ဆောင်မှုများကို လည်း ဗိုလ်ချုပ်လမ်း တစ်လမ်း နှင့် မောင်ခင်လမ်း စသော လူမြင်ကွင်းလမ်းတွေသာ လုပ်ဆောင်ကာ ကျန် လမ်းများ တွင် လုပ်ဆောင်
ခြင်းမရှိသော ကြောင့် မိုးရာသီတွင် လမ်းဘေးရေလျှံခြင်း နှင့် ခြင် နှင့် ကူးစက်ရောဂါပြန့်ပွားနေရပါသည်။ လမ်းဘေးမြောင်းဖော်တာပါမကျန် စာရွက်ပေါ်တွင် ပျောက်ဆုံးနေပါသည်။
    သက်ဆိုင်ရာ ၀န်ကြီးငှာနများ မှ ဖြေရှင်းပေးမှသာလျှင်  ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ရှိလမ်းများ ကဲ့သို့ အဆင့်မှီသောလမ်းများ ဖြစ်ပေါ်လာနိုင်သောကြောင့်
သက်ဆိုင်ရာ အစိုးရ မှ ၀င်ရောက်ဖြေရှင်းပေးစေလိုပါသည်။

ပျဉ်းမနား မြို့သူမြို့သားများ

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။


No comments:

Post a Comment