Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 15 November 2013

နေပြည်တော်ပျဉ်းမနားမြို့မဈေးတွင် နေပြည်တော်စည်ပင်သာယာမှ စည်ပင်ရဲများ စည်ပင်ဝန်ထမ်းများက ပျဉ်းမနားမြို့မဈေးရှိဆိုင်ခန်းရှင်များအား VIP လမ်းကြောင်းအကြောင်းပြကာ အာဏာသုံးခြိမ်းခြောက်ခြင်း၊ စည်ပင်ရဲများမိုက်ရိုင်းသောစကားလုံးများ သုံးကာ ဆိုင်ရှေ့ ပစ္စည်းများ အား အတင်းဝင်ရောက်သိမ်းဆည်းခြင်းတို့ဖြစ်ပေါ်နေ. >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဗိုလ်တောက်ထိန်လမ်း ၀ဲယာရှိ ပျဉ်မနားဈေးတွင် နေပြည်တော်စည်ပင်ရဲများ အင်အားသုံးကာ အာဏာသုံးကာ ပစ္စည်းခင်းကျင်းမှူအပေါ် လူအချင်းချင်း ရိုင်းစိုင်းယုတ်မာစွာ ရုတ်ယင်းကြမ်းတမ်းသော
စကားလုံးများအသုံးပြုကာ ဈေးဆိုင်ပိုင်ရှင်များအားခြိမ်
းခြောက်လျက်ရှိပါသည်။ ဆိုင်ပိုင်ရှင်များမှာ လမ်းပေါ်ပလက်ဖောင်းပေါ်ရှိပစ္စည်းများ မခင်းရဆိုလျှင်လက်ခံနိုင်ပါသည်၊ယခုတော့
၆ပေခန့်သာရှိသော ဆိုင်ခန်းထဲတွင်ပစ္စည်းများ ဆိုင်ဝန်ထမ်းများပြည့်နှက်နေသည်သာမက ဆိုင်ရှေ့ တွင် ခင်ကျင်းနေမှူအပေါ်တွင် လာရောက်ခြိမ်းခြောက်ကာ ဆိုင်ရှေ့ပစ္စည်းများ
မသိမ်းပါက စည်ပင်ကားနှင့်ဆွဲသိမ်းပစ်မယ်ကွ ဘာမှတ်သလဲ ဟု တစ်မျိုး။  ပစ္စည်းတွေဆိုင်ထဲရွှေ့လျှင်ရွှေ့မရွှေ့ရင် စည်ပင်ဝန်ထမ်းများကစောင့်ကြည့်ကာ အထက်မှ walkingtalking
များနှင့်အမိန့်ပေးစေခိုင်းကာ ဇွတ်သိမ်းခိုင်းတာတွေ ပြုလုပ်နေပါသည်။
    VIP လမ်းကြောင်း ၊ လူကြီးလမ်းကြောင်း ၊ ကလေးလမ်းကြောင်း ၊ Sea game ပြိုင်ပွဲအဖွဲ့ဝင်တွေ လမ်းကြောင်း ၊ လမ်းကြောင်းအကြောင်းပြုကာ ပြည်သူလူထုအား နှိပ်စက်
နေသည်မှာ နေပြည်တော်ဖြစ်ပြီးကတည်းက ပင်ဖြစ်ပါသည်။ ပြည်သူ့ဝန်ထမ်းဟုအကြောင်းပြုကာ ပြည်သူတွေအား ငေါက်ငန်းနေခြင်းဟာ စည်ပင်ဝန်ထမ်းတွေ အများဆုံးပြုလုပ်နေပါသည်။
ဈေးစည်ပင်ဝန်ထမ်းများသည် ပြည်သူ့လစာစား ပြီး ပြည်သူတွေကို နှိပ်စက် စော်ကားခွင့် ပေးထားပါသလား?
ဈေးစည်ပင်ဝန်ထမ်းတွေက ပျံကျဈေးသည်တွေဆီက ဆပ်ကြေးကောက်သလို ဈေးဆိုင်ပိုင်ရှင်တွေဆီက ဆပ်ကြေးမကောက်ရလို့လား?
ဈေးစည်ပင်ဝန်ထမ်းများ ပျံကျဈေးသည်များဆီက ဆပ်ကြေးကောက်ရင်ကောက် မကောက်ရင် မိမိအိမ်ကို ပျံကျဈေးသည်ရဲ့ ပစ္စည်းတွေယူသွားပိုင်ခွင့်ရှိလား?
ဈေးစည်ပင်ဝန်ထမ်းတွေက ပျံကျဈေးသည်တွေကို ဆက်ဆံနေသလို တရားဝင်နိုင်ငံ့ အခွန်ဆောင် ဈေးဆိုင်ပိုင်ရှင်များကို မိုက်ရိုင်းစွာပြောကြားနေသည်မှာ ဒီမိုကရေစီပြည့်ဝသောပြည့်သူ့ဝန်ထမ်းတွေလား?
ဈေးစည်ပင်ဝန်ထမ်းတွေက ဈေးကြီးတိုးတက်ရေး သာယာရေးကို ၃နှစ်ကြာမဆောင်ရွက်ဘဲ အိပ်ကပ်ထဲထည့်သွားတာ တရားမျှတသောဒီမိုကရေစီစနစ်လား?
နိုင်ငံတော်ကလည်း စည်းစနစ်မရှိသော နေပြည်တော်စည်ပင်ဟာ တိုးတက်မှူမရှိကြောင်းသိရဲ့နဲ့ ဘာကြောင့် စည်ပင်ဝန်ထမ်းတွေကို ရာထူးတွေတိုးပြီး ခိုင်းစေနေသနည်း?
ဈေးစည်ပင်ဝန်ထမ်းတွေက ဈေးမိဈေးဖ ခေါ် အပေါ်ဖားအောက်ဖိလုပ်တတ်သူများ နဲ့ပေါင်းပြီး ဈေးဆိုင်ပိုင်ရှင်တွေအား နှိပ်စက်နေသည်မှာ ဈေးမိဈေးဖများက လည်း ၀င်ငွေများကိုသုံးဆောင်နေပါသလား?
    ပျဉ်းမနားမြို့မဈေး သည်ယခင် ၅နှစ်က မနက် ၆နာရီ မီးဖွင့် ကာ ညနေ၆နာရီမီးပိတ် ဈေးပိတ်သော်လည်း ၊ ယနေ့အခါ တွင် မနက် ၈နာရီမှ ညနေ၅နာရီသို့ပြောင်းလဲလိုက်သည်မှာ
ယခင်ဈေးမှူးအပါအ၀င် ၊ ယခု ဈေးမှူး အသစ်လက်ထက်တို့တွင် ပြောင်းလဲသောအပြောင်းအလဲအသစ်တစ်ခုပင်ဖြစ်သည်။
ယခင်ဈေးမှူးဟောင်းနှင့် ယခုဈေးမှူးတို့တွင်......
မပြောင်းလဲသည်များ ကား -- ၁။ ဈေးကြီးအား တစ်နှစ်တစ်ကြိမ် ဆေးသုတ်မှူ မရှိတော့ခြင်း  ။ ဆေးမသုတ်တာ ၃နှစ်ရှိပါပြီ။ ဆေးသုတ်ပိုက်ဆံတွေဘယ်ရောက်ကုန်ပါသလဲ?
                  ၂။ စည်ပင်ဝန်ထမ်းများက စည်ပင်ရဲများခေါ်ကာ မိုက်ရိုင်းစွာ ဆဲဆိုခြင်း။ အရူးတောင်မချန်ဘူးရိုက်တာ အရူးတောင်သေမလိုရိုက်တာ စည်ပင်ဝန်ထမ်းတွေ....
                  ၃။ စည်ပင်ဝန်ထမ်းတွေက ဆဲဆိုပိုင်ခွင့်ကို တရားဝင်ရထားသည် နှင့် ဈေးဆိုင် များအား လက်ဖက်ရည်ဖိုးလိုက်တောင်းခံခြင်း။ (အပြန်အရက်ဝယ်သောက်ရန်)
                  ၄။ ဈေးမီးတစ်ခါပြင် ၁၀၀၀၀ တောင်းခံခြင်း ။ မီးတစ်ခါပြင်ရမှာ လူမိုက်တစ်ယောက်နဲ့တွေ့ရသလိုဘဲ အငေါက်အငန်းတော်တော်ခံရခြင်း။
                  ၅။ ဈေးမှူးမှေ၇ှ့ဆောင်လမ်းပြ အပေါ်ဖား အောက် ငေါက် လုပ်ခြင်း တို့ကြောင့်နောက်လိုက်များက လည်းအပေါ်ဖား အောက်ဖိ လုပ်နေခြင်း။
                  ၆။ ဈေးကြီးအား ပြင်ဆင်မှူလုံးဝမပြုလုပ်တော့ခြင်း မှာ ၅နှစ်ရှိပါပြီးလမ်းကြောင်းရှိမှ ပလက်ဖောင်းအား ဆေးလိုက်သုတ်နေခြင်း။
တို့မှာ human Right လူ့အခွင့်အေ၇းများ ၊ democracy ခေါ်ဆောင်သော အမူအကျင့်များ မှာ ပျောက်ရှလျက် ရှိပါသည်။ ထိုသည်တို့ကို နေပြည်တော်စည်ပင်သာယာရေးကောင်စည်
ဝန်ကြီးချူပ် ဦးသိန်းညွန့်အပါအ၀င် သက်ဆိုင်သော ငှာနများ မှ ဖြေရှင်းပေးကြပါရန် တိုင်ကြားအပ်ပါသည်။
                                     
ပျဉ်းမနားဈေးမှ စည်ပင်ဝန်ထမ်းများရဲ့ မိုက်ရိုင်းခြင်းကို ခံနေရသူများ
 
ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment