Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Tuesday 12 November 2013
တိမ်မြုပ်နေသော ကြယ်တစ်ပွင့်(သို့)သခင်လှကြိုင်အကြောင်းတစေ့ တစောင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ပဲခူးမြို့၊ရွှေစေတီဘုရားလမ်းသွယ်၊အိုးလေးစု၊မဇင်းရပ်ကွက်၊အိမ်အမှတ်
(မရှိ)နေသူ လှကြိုင်(ခ)သခင်လှကြိုင်၊(၉၂)နှစ်၊(ဘ)ဦးအောင်ပွင့်(ကွယ်)၊
(မိ)ဒေါ်တိုး(ကွယ်)မှ ပဲခူးမြို့၊ဇိုင်းတောင်ရပ်ကွက်၊ခရစ်ယာန်ဘုရားကျောင်းရှိ
ပဲခူးမြစ်ကူးတံတား၊လူကူးစင်္ကြံ လမ်းမှနေ၍ ဖြတ်သန်းသွားလာသူပြည်သူ
လူထုအားငွေကြေးတောင်းရမ်းစားသောက်နေမှုနှင့်ပတ်သက်၍
(၉.၁၁.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က ၄င်းနေထိုင်ရာအိမ်သို့
ပဲခူးမြို့ပေါ်ရှိ စိတ်ဝင်စားသူအချို့မှသွားရောက်မေးမြန်းခဲ့ကြသည်။
ဦးလှကြိုင်(ခ)သခင်လှကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်
ကရင်အေးကျေးရွာဇာတိဖြစ်ပြီး မွေးချင်း(၅)ဦးအနက်၊အကြီးဆုံးသား
ဖြစ်ကြောင်း၊မွေးချင်းများမှာဒေါ်တင်မြ(ညီမ)၊ဦးတွတ်နီ(ညီ)၊ဦးအုံးလှ(ညီ)
နှင့်ဦးဖြူဝင်း(ညီ)တို့ဖြစ်ပြီး မွေးချင်းများနှင့်အဆက်အသွယ်ပြတ်တောက်ခဲ့
သည်မှာ(၁၀)နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ဦးလှကြိုင်(ခ)သခင်လှကြိုင်
သည်၁၉၃၈ ခုနှစ်ခန့်က ဧရာဝတီတိုင်း၊ဗိုလ်ရန်နိုင် သခင်တပ်သို့စတင်
ဝင်ရောက်အမှုထမ်းခဲ့ပြီး ပဲခူးတိုင်းအနောက်၊သာယာဝတီခရိုင်နှင့်ဧရာဝတီ
ခရိုင်တို့တွင် အမှုထမ်းခဲ့ကြောင်း၊အမှုထမ်းခဲ့စဉ် ပဲခူးတိုင်းအနောက်
ရွှေတောင်တိုက်ပွဲ၌ နယ်ချဲ့အင်္ဂလိပ်တပ်များအားလည်းကောင်း၊
သာယာဝတီခရိုင်အနောက်ခြမ်းနှင့်မော်လမြိုင်ဒေသတို့တွင် ဖက်စစ်
ဂျပန်တပ်များအားဗိုလ်ရန်နိုင်၊သခင်ထွန်းအုပ်တို့နှင့်အတူတိုက်ပွဲဝင်
ခဲ့ကြောင်း၊တိုက်ပွဲဝင်ခဲ့သည့်ကာလအတွင်း ဘယ်ခြေမျက်စိ၌ သေနတ်
ကျည်ဆံရှပ်မှန်သည့်ဒဏ်ရာရရှိခဲ့ဘူးကြောင်း၊တပ်ကြပ်ကြီးအဆင့်ထိ
တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊တို့ဗမာအစည်းအရုံးသို့ဝင်ရောက်ခဲ့ဘူး
ကြောင်းနှင့်၁၉၄၆-၄၇ခုနှစ်တွင် လက်နက်အပ်၍တပ်မှထွက်ခဲ့ကြောင်း
ပြောဆိုခဲ့သည်။
     ဦးလှကြိုင်(ခ)သခင်လှကြိုင်မှ ၄င်းသည်တပ်မှထွက်ပြီးနောက် မော်လမြိုင်မြို့နေ ဒေါ်ဝက်နှင့်အိမ်ထောင်ပြုခဲ့ရာ သမီးဒေါ်ခင်လှနှင့်
သမီးဒေါ်သန်းစိန်တို့(၂)ဦးထွန်းကားခဲ့ကြောင်း၊ဒေါ်ခင်လှသည်တစ်ရပ်ကွက်
တည်းနေထိုင်ပြီး ဒေါ်သန်းစိန်မှာ ၄င်းနှင့်အတူနေထိုက်လျှက်ရှိကြောင်း၊
အိမ်ထောင်ပြုပြီးနောက် ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊ဈရပ်ကွက်၌
မိသားစုနှင့်အတူဆေးဆိုးပန်းရိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့
စဉ် ဇနီးဖြစ်သူမှာ ၁၉၉၃ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့သဖြင့် စီးပွားရေးအဆင်
မပြေ၍ ပဲခူးမြို့၊ရွှေစေတီဘုရားလမ်းသွယ်၊အိုးလေးစု၊မဇင်းရပ်ကွက်သို့
မိသားစုများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ပဲခူးမြို့သို့ရောက်စဉ်
သမီးဒေါ်သန်းစိန်မှ ဆေးလိပ်လိပ်သည့်အလုပ်ဖြင့်မိသားစုစားဝတ်နေရေး
ဆောင်ရွက်ခဲ့ရာမှ သမီးဖြစ်သူမှာ ကျန်းမာရေးမကောင်းသဖြင့်သမီး၏
သားဖြစ်သူမင်းသက်ထွန်း၏နေ့စားပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်း
ကြောင်းပြုခဲ့ကြောင်းပြောဆိုခဲ့သည်။၎င်းနောက်ဦးလှကြိုင်(ခ)သခင်လှကြိုင်
မြေးဖြစ်သူ မင်းသက်ထွန်းမှာ ၂၀၁၃ ခုနှစ်၊ဇူလှိုင်လခန့်က ဆိုင်ကယ်တိုက်
မှုဖြင့်ထောင်ဒဏ်(၃)လကျခံခဲ့စဉ် ယခင်နေထိုင်ခဲ့သည့်နေအိမ်အား(၁၂)
သိန်းကျပ်ဖြင့်ရောင်းချ၍ ဆိုင်ကယ်တိုက်မှုအတွက်လျော်ကြေးငွေပေးခြင်း၊
မိသားစုစားဝတ်နေရေးအတွက် အသုံးပြုခြင်းများဆောင်ရွက်ခဲ့ရာကနေ ငွေ
ကြေးအဆင်မပြေတော့သဖြင့် ပဲခူးမြို့ဇိုင်း/တောင်ရပ်ကွက်၊မြစ်ကူးတံတား
ခရစ်ယာန်ဘုရားရှိခိုးကျောင်းအရှေ့မှ နေ၍လမ်းသွားလမ်းလာများအားငွေ
ကြေးတောင်းရမ်းခဲ့ကြောင်းပြောဆိုခဲ့သည်။
မင်းသက်ထွန်း(၂၃)နှစ်တို့နှင့်အတူတစ်လမ်းတည်းနေ ဦးတင်အောင်စိုး၊
ဒေါ်ရီ တို့ပိုင်ဆိုင်သည့် ခြံကွက်လပ်၌ ပိုင်ရှင်တို့၏သနားညှာတာမှုဖြင့်
တဲအိမ်ဆောက်လုပ်၍ နေထိုင်လျှက်ရှိပြီး ၄င်းနေအိမ်မှ ငွေကြေးတောင်း
ရမ်းခဲ့ရာက ယခုအချိန်ထိဖြစ်ကြောင်း၊တောင်ရမ်းစားသောက်မှုအပေါ်
မိသားစုဝင်များသိရှိ၍ တားမြစ်ခဲ့သော်လည်း စားဝတ်နေရေးအရတောင်းရမ်း
နေရခြင်းဖြစ်ကြောင်းဖြင့်ပြောဆိုခဲ့သည်။ ၄င်းအနေဖြင့်တော်လှန်ရေးရဲဘော်
ဟောင်းတစ်ဦးဖြစ်ပြီးအထောက်အထားများနှင့်အတူ ၂၀၀၇ ခုနှစ်ခန့်
က ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်း(ယခင်)ဥက္ကဌဗိုလ်မှူးထွန်းမြင့်ထံ တင်ပြ
လျှောက်ထားခဲ့ရာပယ်ချခံခဲ့ရသည်။ယခုအခါမှာတော့
ပြည်တွင်းပြည်ပမှ စေတနာရှင်များ၏ ထောက်ပံ့မှုများတဖွဲဖွဲရောက်လာ
ပြီး၊ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှလည်း လစဉ်ကြေးများထောက်ပံ့နေ
ပြီဖြစ်သဖြင့် သခင်လှကြိုင်နှင့် သခင်လှကြိုင်မိသားစုမှ တပြုံပြုံးနှင့်ဝမ်း
သားလျှက်၇ှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  
No comments:
Post a Comment