Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 25 November 2013

ဧရဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ နယ် စာရေးကွင်းအုပ်စု ကျုံမိကျေးရွာ ကျောင်းသားမိဘများ ခံစားချက် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ နယ် စာရေးကွင်းအုပ်စု ကျုံမိကျေးရွာ အ.မ.က မှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဝင်းဦး၏ ဝန်ထမ်းစည်းကမ်းချိုးဖောက် မှုများအား အောက်ပါအတိုင်း တင်ပြအပ် ပါသည်။
(၁)  ကျောင်းသား ကျောင်းသူများ၏ စံပြနမူနာဖြစ်သင့်သော အဆိုပါကျောင်း အုပ်ဆရာကြီးသည် ပညာသင်နှစ် တစ်နှစ် အတွင်းစာသင်ကြားမှု မရှိသလောက် တာဝန်ပျက်ကွက်နေသည်ကို တွေ့ကြုံခံ စားနေရပါသည်။ကျောင်းတွင်ဆရာဦးေ
ရ နည်းပါးနေပါသဖြင့် မိမိကိုယ်ကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် ကျောင်းသား မိဘများ စိတ်ဒုက္ခများစွာ ခံစားနေရပါ သည်။
(၂)  အကျင့်စာရိတ္တပိုင်းတွင် လကုန်ရက် လစာထုတ်ရက်တို့တွင် အရက်သေစာကို ရက်ဆက်သောက်၍ စာသင်ခြင်းမရှိ လုံးဝမရှိပါ။
(၃)  ၁၄.၆.၂၀၁၁ ရက်နေ့တွင် ကျောင်းခြံ အတွင်းရှိ ထန်းပင်နှစ်ပင်အား အရက် ဆိုင်ပိုင်ရှင်ထံ တန်ဖိုးငွေ ၇၀၀၀ ကျပ်ဖြင့် မိမိသဘောအတိုင်း ရောင်းစားခဲ့ပါသည်။
(၄)  ၁၇.၄.၂၀၁၃ တွင် ကျေးရွာတွင်းရှိ အိမ်တစ်အိမ်မှ ဆနခိုး၍ ရပ်မိရပ်ဖများက ထိန်းသိမ်းခဲ့ရပါသည်။
(၅)  ၂၇.၅.၂၀၁၃ ညတွင်အချိန်မဲ့ အရက် မှုး ဆဲဆိုသောင်းကျန်းသဖြင့် အနီးရှိဘုန်း တော်ကြီးမှ ကျေးရွာလူကြီးများသို့ အကြောင်းကြားရပါသည်။
(၆)  ၂၃.၆.၂၀၁၃ တွင် ကျောင်းသူတစ်ဦး မှ ကျောင်းထွက်လက်မှတ်သွားယူချိန်တွင် ၄င်းဆရာကြီးသည် အရက်မှုး၍ ကျောင်း ဘီဒိုစားပွဲများအား ကန်ကျောက်ခြင်းပြုခဲ့ ပါသည်။၎င်းအား တားမြစ်သော ရပ်မိရပ်ဖ တစ်ဦးအား ရန်မူခဲ့ပါသည်။
(၇)  ၇.၁၁.၂၀၁၃ တွင် ကျေးရွာအတွင်း အရက်မူး၍လဲနေသဖြင့် ကျောင်းသားများ မှ သွားရောက်တွဲခေါ်ခဲ့ရပါသည်။
(၈)  ၈.၁၁၂၀၁၃ တွင် ကျေးရွာအတွင်း အိမ်ရှင်မရှိသောအိမ်တစ်အိမ်တွင် အရက် သေစာယူဆောင်၍ သောက်စားသဖြင့် အိမ်ရှင်မှ ကျေးရွာအုပ်ချုပ်ရေးမှုးထံ တိုင်ကြားခဲ့ရပ်သည်။
    သာမန်အရပ်သားတစ်ဦးပင် ပြုမူရန် ဝန်လေးသည့် အထက်ပါအကျင့်သိက္ခာမဲ့ လုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်နေ သည်ကို တွေ့ရှိရပါသည်။အထက်ပါဖြစ်ရပ်မျာအား ကျောင်းသားမိဘများ ရပ်ရွာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များမှ မြို့နယ်ပညာရေးမှုးရုံးသို့ ၈.၈.၂၀၀၉ တွင်တစ်ကြိမ် ၁၄.၆.၂၀၁၁ တွင်တစ်ကြိမ် ၁၁.၉.၂၀၁၃ တွင်တစ်ကြိမ် တင်ပြတိုင်ကြားပြီးဖြစ်ပါသည်။
သို့သော်လည်း မြို့နယ်ပညာရေးမှုးရုံးမှ ထိရောက်သောအရေးယူ ဆောင်ရွက်မှု မရှိသဖြင့် ၄င်း၏အကျင့်စာရိတ္တပိုင်းဆိုင် ရာကိုလုံးဝပြုပြင်၍ မရပါ။သို့ပါ၍ စာသင်မူ မခံရသော ကျောင်းသား ကျောင်းသူများ၏ နစ်နာမှုနှင့် စံပြနမုနာ ဖြစ်သင့်သော ကျောင်းအုပ်တစ်ယောက်
၏ စက်ဆုပ်ရွံရှာဖွယ် အကျင့်စာရိတ္တများ ကို ဆက်လက်ခံစားမှုမရှိပါသဖြင့် အထက်ပါဆရာ ဦးဝင်းဦးအားထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ပေး ပါရန်လေးစားစွာ တင်ပြတိုင်ကြားအပ်ပါ သည်။
မိတ္တူ
၁။   ပြည်ထောင်စုဝန်ကြီး ပညာရေးဝန် ကြီးဌာန နေပြည်တော်။
၂။   ဝန်ကြီးချုပ် တိုင်းဒေသကြီး ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့။
၃။   ခရိုင်ပညာရေးမှုး ဟင်္သာခရိုင် ဟင်္သာ တမြို့။
၎။   မြို့နယ်ပညာရေးမှုး လေးမျက်နှာမြို့။
၅။   လက်ခံ
မှတ်ချက်။      ။ရပ်ရွာအတွင်း ခါးဝတ်ပုဆိုး ကင်းကာ မူးလဲအိပ်နေခြင်း ညစဉ်ဆိုသလို ၁၀နာရီ ၁၂ နာရီ ၄ နာရီ တို့တွင် ကြမ်းတမ်းယုတ်မာစွာ လင်မယား ရန်ဖြစ်နေခြင်းကြောင့် အနီးရှိဘုန်းတော်ကြီးများပင် စိတ်အနှောင့် အယှက်ဖြစ်နေရခြင်း ကျောင်းပစ္စည်းများအလွဲသုံးစားပြုခြင်း ခိုင်လုံအောင်တိုင်ကြားသော်လည်း လေးမျက်နှာမြို့ ပညာရေးမှုးရုံးမ တာဝန်ရှိသူများမှ အဂတိလိုက်၍ အကာ အကွယ်ပေးနေပါသည်။အကယ်၍၄င်းတို့ ၏ သားသမီးများနေသော ကျောင်းဖြစ်ပါက ယခုကဲ့သို့သော ကျောင်းအုပ်ဆရာကြီးကို ကာကွယ်ပေးနိုင်ပါမလားဟု မေးချင်ပါသည်။
ကျောင်းသားမိဘ ၂၈ ဦးက လက်မှတ်ထိုး ၍ တိုင်ကြားထားပြီး အရေးယူမည့်ရက်ကို စောင့်နေပါသည်။
မှန်ကန်ကြောင်းကို ကျေးရွာနေ ဦးလှတင် မှတ်ပုံတင်၁၄/လမန နိုင်၀၄၆၀၂၅  ဦးသန်းထွန်း ၁၄/လမန နိုင်၀၅၃၀၇၇
တို့တွင် စုံစမ်းနိုင်ပါသည်။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment