Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 13 November 2013

မ​ကွေးတိုင်း​ဒေသကြီး ပွင့်​ဖြူမြို့နယ်​ ကံသာကြီးအုပ်​စု မုန်​​တောကြီး​ကျေးရွာမှအုပ်​စု အုပ်​ချုပ်​​ရေးမှုး >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မုန်​​တောကြီး​ကျေးရွာမှ ဦး​မောင်​စန်းသည်​ ဆယ်​အိမ်​မှုးပင်​မဖြစ်​ဘဲ ကံသာကြီး​ကျေးရွာ အုပ်​စု အုပ်​ချုပ်​​ရေးမှုး ဦ​စောညိုမှ လက်​တွဲ၍ ​ကျေးရွာခွဲအား ခိုင်း​စေလုပ်​​ဆောင်​​နေသည်​ကို မသင့်​​လျှော်​ပါသဖြင့်​ မုန်​​တောကြီး​ကျေးရွာ လူထုကိုယ်​စား တင်​ပြရခြင်းဖြစ်​ပါသည်
ဦး​မောင်​စန်းမှာ လွန်​ခဲ့​သော ၁၀ နှစ်​ခန့်​က ​လောင်းကစားဥပ​ဒေအရ ပြစ်​ဒဏ်​ ၆ လကျခံခဲ့ရ​သော ​လောင်းကစားသမားဖြစ်​သည့်​ အပြင်​ ရွာလူထုအများက ​လေးစားယုံကြည်​ခြင်း လုံးဝမခံရသူတစ်​​ယောက်​ ဖြစ်​​နေပါသည်​ သို့ပါ၍ ရပ်​ရွာ၏ လူမှု​ရေး စိုက်​ပျိုး​ရေး အုပ်​ချုပ်​​ရေး တာဝန်​များကို အုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦး​စောညိုမှ လက်​တွဲ၍ ခိုင်​​စေ​နေပါသဖြင့်​ မုန်​​တောကြီး​ကျေးရွာ လူထုမှာ များစွာစိတ်​ဆင်းရဲ ဒုက္ခနှင့်​ ခံစားရပြီး စိတ်​မသက်​မသာ ရှိ​နေ ကြပါသည်​ ထိုအ​ကြောင်းအရာကို ၂၀၁၃ ခုနှစ်​ ​မေလ ၁၀ ရက်​​နေ့က ပွင့်​ဖြူမြို့နယ်​ အုပ်​ချုပ်​​ရေးမှူးအား လည်း​ကောင်း  ၂၀၁၃ ခုနှစ်​ ​မေလ ၁၄ ရက်​​နေ့စွဲဖြင့်​ မ​ကွေးတိုင်း ​ဒေသကြီး တိုင်းအုပ်​ချုပ်​​ရေးမှူးအားလည်း​ကောင်း အသီးသီး တင်​ပြ​လျှောက်​ထားပြီးခဲ့​သော်​လဲ ယ​နေ့အထိ အ​ကြောင်းမထူးဖြစ်​​နေပါသည်​  ပွင့်​ဖြူမြို့နယ်​ နှင့်​ အုပ်​စုအုပ်​ချုပ်​​ရေးမှူးများသည်​ ပြုပြင်​​ပြောင်းလဲ​ရေးသမားများမဟုတ် ​​စေပဲ အကျင့်​​ဟောင်းများကို မစွန့်​လွှတ်​နိုင်​သည့်​ အကျင့်​​ဟောင်းအတိုင်းသာ အုပ်​ချုပ်​​နေတဲ့ အ​ကြောင်းကို  ပြည်​​ထောင်​စု တိုင်းရင်းသား ညီအကို​မောင်​နှမများနှင့်​ နိုင်​ငံ​တော်​ သမ္မတ ကြီးသိ​စေရန်​ တင်​ပြလိုက်​ရပါသည်

ပေးပို့သူ   ကိုမင်း  မုန်​​တောကြီး
၀၉ ၃၃၁၇၉၂၅၆

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment