သက်ဆိုင်ရာသို့
မန္တလေး-လားရှိုး-မူဆယ် ၊ လားရှိုး-တန့်ယန်း-မိုင်းရှူး ၊ လားရှိုး-ကွမ်လုံ-လောက်ကိုင် သို့ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်ငယ်အများစုမှာ လုပ်ငန်းလိုင်စင်မရှိပဲ ပြေးဆွဲနေကြပါသည်။ထိုသို့သော ကားများသည် လမ်းခရီးတွင် ကားပျက်လျှင် ကားခများပြန်မအမ်းပဲ အခြားကားများဖြင့်ပြန်လည်ခရီး ဆက်ခိုင်းပါသည်။ထိုအခါတွင် ခရီးသည်များသည် ယာဉ်စီးခနှစ်ခါကုန်ကျရပါသည်။လု ပ်ငန်းလိုင်စင်မရှိသော
နံပါတ်အနက်နှင့် ကားများကိုလည်း ဂိတ်မှူးနှင့်ဂိတ်ပိုင်အချို့က
အသင်းဝင်ကြေးများကောက်ခံ၍ တရားဝင်ကဲ့သို့ပင်ပြေးဆွဲခိုင်း ပါသည်။ထိုသို့သောအခါတွင် လုပ်ငန်းလိုင်စင်ပြုလုပ်၍ နိုင်ငံတော်၏အခွန်အခများအားထမ်း ဆောင်ပြီးပြေးဆွဲနေသောကားများမှာ
လွန်စွာပင်နစ်နာလှပါသည်။ယခင်က နှစ်ရက်/သုံးရက် တစ်ခေါက်ရသော်လည်း ယခုအခါ နံပါတ်အနက်ကားများဂိတ်သို့ တရားဝင်လာရောက် အလည့်ချိတ်သောအခါ အလှည့်တစ်ခေါက်ရရန် တစ်ပတ်ဆယ်ရက်စောင့်ရပါသည်။လားရှိုးမြို့ အ၀င်/အထွက် များတွင်လည်း ယာဉ်ထိန်း၊မ.ထ.သ၊ပို့/ဆက်
မန္တလေး-လားရှိုး-မူဆယ် ၊ လားရှိုး-တန့်ယန်း-မိုင်းရှူး ၊ လားရှိုး-ကွမ်လုံ-လောက်ကိုင် သို့ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်ငယ်အများစုမှာ လုပ်ငန်းလိုင်စင်မရှိပဲ ပြေးဆွဲနေကြပါသည်။ထိုသို့သော ကားများသည် လမ်းခရီးတွင် ကားပျက်လျှင် ကားခများပြန်မအမ်းပဲ အခြားကားများဖြင့်ပြန်လည်ခရီး
လွန်စွာပင်နစ်နာလှပါသည်။ယခင်က နှစ်ရက်/သုံးရက် တစ်ခေါက်ရသော်လည်း ယခုအခါ နံပါတ်အနက်ကားများဂိတ်သို့ တရားဝင်လာရောက် အလည့်ချိတ်သောအခါ အလှည့်တစ်ခေါက်ရရန် တစ်ပတ်ဆယ်ရက်စောင့်ရပါသည်။လားရှ
စသည့်ဌာနများမှ နေ့စဉ်စစ်ဆေးသော်လည်း အနည်းအကျဉ်း ပပျောက်သွားခြင်းမရှိသည့်အပြင် နံပါတ်အနက်ဖြင့်လိုင်းဆွဲသောကား များ ပို၍ပင် များပြားလာပါသည်။ထို့ကြောင့် နံပါတ်နက် ခရီးသည်တင်ယာဉ်များအားမေးမြန်း ကြည့်ရာ အစိုးရမှသတ်မှတ်ထားသော ဒဏ်ကြေးရှိသော်လည်း တစ်ထောင်၊နှစ်ထောင်သာ ပေးရကြောင်းသိရှိရပါသည်။
ထိုကဲ့သို့ နံပါတ်နက်ဖြင့်ပြေးဆွဲနေသော ယာဉ်ငယ်များသည်
လားရှိုးမြို့တွင်ပင် အစီးရေရာချီရှိပါသည်။ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့်
လုပ်ငန်းလိုင်စင်ရှိပြီး နိုင်ငံတော်အခွန်ထမ်းဆောင်သော (နံပါတ်နီ)
ကားများမှာများစွာနစ်နာလှပါသည်။
ပေးပို့သူ စိုင်းလိတ်
ရပ်ကွက်(၁)၊လားရှိုးမြို့
ရပ်ကွက်(၁)၊လားရှိုးမြို့
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:
Post a Comment