Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 22 November 2013

ရခိုင်ပြည်နယ်တွင်GSMဖုန်းလိုင်းမကောင်းသောကြောင့် ဖုန်းခေါ်ဆိုရာတွင်နှင့်အင်တာနက်အသုံးပြုရာတွင် များစွာအခက်အခဲဖြစ်နေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
MPT
လေးစားစွာဖြင့်-
ကျွန်တော်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်
အတွင်းနေထိုင်သူတစ်ဦးဖြစ်ပြီး
GSM(200,000/ကျပ်တန်)အသုံးပြုေ
နသူတစ်ဦးဖြစ်ပါသည်။လွန်ခဲ့သော
နှစ်ပတ်ကျော်မှစပြီး ဖုန်းလိုင်းမကောင်းသောကြောင့်
ဖုန်းခေါ်ဆိုရာတွင်နှင့်အင်တာနက်အသုံးပြုရာတွင်
များစွာအခက်အခဲဖြစ်နေပါသည်။တစ်ခါတစ်ရံ လိုင်းကောင်းသော်လည်း
ဖုန်းခေါ်ဆို၍မရဖြစ်နေတတ်ပါသည်။CDMAဖုန်းများမှာတော့
ဖုန်းလိုင်းကောင်းကြောင်း
စုံစမ်းသိရှိရပါသည်။ကျောက်တော်မြို့နယ်အတွင်းရှိ GSM ဖုန်းများ
လိုင်းမကောင်းဖြစ်နေချိန်တွင် အခြားမြို့နယ်များရှိ GSM ဖုန်းများမှာ
ဖုန်းလိုင်းမကျပ်ကြောင်းကိုလည်း စုံစမ်းသိရှိရပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့ ကျောက်တော်မြို့နယ်အတွင်းရှိ GSM
ဖုန်းလိုင်းကို အဆင်ပြေအောင်
အမြန်ဆုံးလိုအပ်သလိုဆောင်ရွက်ပေးစေလိုပါကြောင်း(ဥုံ)မှတဆင့်
ကျောက်တော်မြို့နယ်အတွင်းGSMဖုန်းအသုံးပြုကြသူများအားလုံးကိုယ်စားတင်ပြအပ်ပါသည်။
                                (ကျောက်တော်သား)
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment