Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 16 November 2013

စစ်ကိုင်းတိုင်းဒေသကြီး ရွာတုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ခဲ(ဦးစိန်ဂဲ)မှာ ၁၅၀၀-တန် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ မဲဖောက်ပေးခြင်းနှင့်ပတ် သက်၍ ပွင့်လင်းမြင်သာမှု မရှိ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ရွာတုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ခဲ(ဦးစိန်ဂဲ)မှာ ၁၅၀၀-တန် မိုဘိုင်းဖုန်း
ဆင်းမ်ကတ်များ မဲဖောက်ပေးခြင်းနှင့်ပတ်
သက်၍ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါ။ကျေးရွာ
အတွက် မိုဘိုင်းဖုန်းခွဲတမ်း အလုံးရေ မည်
၍မည်မျှရရှိသည်ကို ကျေးရွာလူထုအား အ
သိမပေး။ဘယ်နေ့-ဘယ်အချိန်-ဘယ်နေ
ရာမှာ မဲဖောက်ပေးမယ်ဆိုတာကိုလည်း
မကြေညာ။
   မိုဘိုင်းဖုန်းမဲဖောက်ခြင်းကို
ထနောင်းဝင်း
ကျေးရွာ စုရပ်တစ်နေရာတွင်၂၉.၁၀.၁၃
ရက်နေ့က ပြုလုပ်ခဲ့ကြောင်းဆိုတာကို မဲ
ဖောက်မှုပြီးသည့်နောက် ၃၀.၁၀.၁၃ ရက်
နေ့မှသာ ရွာတုံကျေးရွာလူထုက ကြားသိ
ခဲ့ကြရပါသည်။အုပ်ချုပ်ရေးမှူး၏ ပွင့်လင်း
မြင်သာမှုမရှိခဲ့တဲ့လုပ်ရပ်အပေါ် ကျေးရွာလူ
ထုမှာ စိတ်မချမ်းမမြေ့ဖြစ်ခဲ့ကြရတဲ့အပြင်
လူထုအကြား  မကျေနပ်သံစကားများ
လည်း  ထွက်ပေါ်လာခဲ့သည်။
       "မိုဘိုင်းဖုန်းထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်၍  မရှင်းလင်းသည်များ/သိလို
သည်များရှိပါက လာရောက် ဆွေးနွေး မေး
မြန်းနိုင်ကြောင်း" ကို ကျေးရွာအုပ်ချုပ်ရေး
မှူး မှ ၁.၁၁.၁၃ ရက်နေ့တွင် အသံချဲ့စက်
ဖြင့် ကြေညာခဲ့ပါသည်။
        ထို့ကြောင့် ရွာတုံကျေးရွာနေ လူငယ်
တစ်ဦးဖြစ်သူ  ကိုငယ်(ခ)ဝင်းထိုက် သည်
ဖုန်းမဲပေါက်သူများ ဘယ်သူ ဘယ်ဝါ ဆို
တာကို သိလိုတဲ့အတွက် ကျေးရွာအုပ်ချုပ်
ရေးမှူးနေအိမ်သို့  ၃.၁၁.၁၃ ရက်နေ့ နေ့
မွန်းလွဲ တစ်နာရီခွဲခန့် အချိန်တွင် မေးမြန်း
ရန် သွားရောက်ခဲ့သည်။နေအိမ်သို့ ရောက်
ရှိချိန်တွင် အုပ်ချုပ်ရေးမှူး အိပ်နေသည်ကို
သိရသဖြင့် လှည့်ပြန်မည်အပြုတွင် အိပ်
ယာမှ နိုးလာ၍ ဖုန်းမဲပေါက်သူများကို လာရောက်မေးမြန်းတာဖြစ်ကြောင်း ကိုငယ် က ပြောပြတဲ့အခါ မဲပေါက်သူစာ
ရင်းပါတဲ့စာအုပ်ကို အုပ်ချုပ်ရေးမှူးက စားပွဲပေါ်သို့ ချပေးပြီး ကိုငယ် အားကြည့်ရှု
စေခဲ့ပါသည်။မဲပေါက်သူစာရင်းကို စားပွဲ
ပေါ်မှာတင် ရေးမှတ်ကူးယူမည်အပြုတွင်
အုပ်ချုပ်ရေးမှူးက အကူးမခံဘဲ စာရင်းစာ
အုပ်ကို ကိုငယ် ထံမှ လုဆွဲယူကာ စားပွဲ
ပေါ်သို့ သုံးကြိမ်တိုင်တိုင် ပစ်ပေါက်ခဲ့ပါ
သည်။ပါးစပ်မှလည်း "မင်းက ဘာကောင်
မို့လို့ ဒီစာရင်းကို မေးရ/သိချင်ရတာလဲ။
ဘာကောင်မို့ ငါက ပေးရမှာလဲ။ မင်း  ဘာ
စောက်အဆင့် ရှိလို့လဲ။မပေးနိုင်ဘူးကွာ။
ဘာလုပ်ချင်လဲ။မကျေနပ်ရင် လူချင်း
လည်း ချလို့ရတယ်"ဟုပြောဆိုကာ အုပ်
ချုပ်ရေးမှူးက လက်သီးလက်မောင်းတန်း
၍ စိန်ခေါ်ပြောဆိုခဲ့ပါသည်။ဦးစိန်ခဲ နှင့် ကတော်ဖြစ်သူ ဒေါ်မယ်ညိုစိန် တို့ မိသားစု
တစ်ခုလုံးက ဝိုင်း၍ ရန်ထောင်ပြောဆိုခဲ့ကြ
တာကြောင့် ကိုငယ် ဟာ ကြောက်လန့်တုန်
လှုပ်ခဲ့ရပြီး အုပ်ချုပ်ရေးမှူးနေအိမ်မှ ထွက်
ပြေးလာခဲ့ရပါသည်။၎င်းတို့မိသားစု တစ်ခု
လုံးက ကိုငယ် ၏ နေအိမ် အထိလိုက်လံပြီး
"လူက မွေးတာလား။ ခွေးက မွေးတာလား။
ဘာကောင် မို့လဲ။ဘာအဆင့် ရှိလို့လဲ။
တော့်..သားကို ဆုံးမထား။"ဟု ကတော်ဖြစ်
သူက ကိုငယ်၏ မိခင်အား ရိုင်းပျစွာဖြင့် ရန်
တွေ့ ပြောဆိုသွားခဲ့ပါသည်။
       ထိုနေ့ ညနေတွင် လာရောက် တောင်း
ပန်ရန်, မတောင်းပန်ရင် တာဝန်ဝတ္တရား
နှောက်ယှက်မှုနဲ့ တရားစွဲမည်ဟု အုပ်ချုပ်
ရေးမှူးက ကိုငယ် အား ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။"မိမိ အမှားတစ်ခုမှ မပြု
ခဲ့တဲ့အတွက် မတောင်းပန်နိုင်ကြောင်း,တိုင်လည်း အမှုရင်ဆိုင်သွားမည်ဖြစ်
ကြောင်း"ကိုငယ် က ပြန်ပြောခဲ့ပါသည်။
        ကျေးရွာအုပ်ချုပ်ရေးမှူးက တာဝန်
ဝတ္တရားနှောက်ယှက်မှု- ပြစ်မှုပုဒ်မ (၃၅၃) ဖြင့်   မုံရွာမြို့ အမှတ်(၂) ရဲစခန်းတွင် တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့ပါ
သည်။ အမှတ် (၂) ရဲစခန်းမှ  ၅.၁၁.၁၃ ရက်နေ့တွင် ကိုငယ် အား ခေါ်ယူစစ်ဆေး
ခဲ့ပြီး အာမခံဖြင့် နေထိုင်စေခဲ့ပါသည်။အမှု
မှာ ယခုအချိန်ထိ မပြီးပြတ်သေးကြောင်း
သိရှိရပါသည်။
      ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကျေးရွာ
အုပ်ချုပ်ရေးမှူး၏ ပွင့်လင်းမြင်သာ မရှိမှု,
ရွာသားတစ်ဦးအပေါ် အနိုင်ကျင့်ဖိနှိပ်မှု,
အာဏာကို အလွဲသုံးမှု များအပေါ်တာဝန်
ရှိ ပုဂ္ဂိုလ်အဆင့်ဆင့်နှင့်နိုင်ငံတော်အကြီး
အကဲများ သိရှိစေနိုင်ရန်  နှင့်  လိုအပ်သည်
များ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အသိ
ပေးတင်ပြလိုက်ရပါသည်။
                                    ( ပေးပို့သူ )
                              ဒေသခံရွာသားများ။
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment