Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 5 November 2013

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဒဂုံ (၂၂) ရပ်ကွက် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊(၂၂)ရပ်ကွက်၊အုပ်ချုပ်ရေးမှူး ဦးကျော်ဦး ဆိုသူသည်
၎င်းအုပ်ချုပ်ရေးတာဝန်စယူသည်မှ ယနေ့ထိ ရပ်ကွက်အကျိုး၊ပြည်သူ့အကျိုူးကို မည်
သည်မျှ တာဝန်မကျေ၊မလုပ်ဆောင်ဘဲ မိမိကိုယ်ကျိုးအတွက်သာ ကြည့်၊မိမိကောင်းကျိုး
အတွက် အုပ်ချုပ်ရေးမှူးရာထူးအား အလွှဲသုံးစားလုပ်နေပါသည်။၎င်းသည် ယခင်က
ရ.ယ.က ဥက္ကဌ ဖြစ်ပြီး ယခု ဒီမိုကရေစီခေတ်တွင်မူ အများဆန္ဒ မပါပဲ မိမိ၏ ယခင်ဥက္ကဌအရှိန်အ၀ါဖြင့် ယခု ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးအား ရယူခဲ့သူဖြစ်ကြောင်းလည်း သိရသည်။နိုင်ငံတော်မှ ချမှတ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးတွင် ရှိအပ်သော အရည်အချင်းများနှင့် လုံးဝ မညီညွတ်သူတစ်ဦးလည်း ဖြစ်ပါသည်။
၎င်းသည် ရပ်ကွက်၏ ကောင်းကျိုးအတွက် ထမ်းဆောင်ရန်၊ ပြည်သူလူထု၏ ပြသနာများအားဖြေရှင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးရရှိထားသော်လည်း
၎င်း၏ အုပ်ချုပ်ရေးမှူးရုံးတွင် ရုံးချိန်အတွင်း တစ်ပတ်တွင် ၂ ရက်ခန့်သာ ရှိတတ်ကြောင်း၊ ရုံးသို့ ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာယူခြင်း များကို
ရပ်ကွက်နေပြည်သူများ ရုံးသို့ လာရောက် တိုင်ကြား၊ထုတ်ယူရန်ရောက်ရှိလာသော်လည်း ၄င်းမရှိဘဲ ၄င်း၏ ရုံးကတပည့်များ
က၄င်းအစား တာဝန်ယူပေးရသည်။ရပ်ကွက်တွင် ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့လျှင် နိုင်ငံတော်ချမှတ်ထားသော အုပ်ချုပ်ရေးမှူးရုံး
တွင် မဖြေရှင်းရဘဲ ၄င်းမရှိပဲ ၄င်းရှိသော အိမ်တွင် သွားရောက်ဖြေရှင်းရပါသည်။
ထိုသည်မှာ နိုင်ငံတော် မှ ချမှတ်ထားသောအုပ်ချုပ်ရေးမှူး၏ အရည်အချင်းများမဟုတ်ပါ။
၎င်းအုပ်ချုပ်သည့်နေ့မှစပြီးယနေ့ထိ ရပ်ကွက်တွင် ဖွံ့ဖြိုးတိုးတတ်လာခြင်း မည်သည့်တစ်စုံတစ်ရာမျှ မရှိကြောင်းလည်း သိရှိရပါသည်။
၎င်းသည် ရပ်ကွက်အုပ်ချုပ်ရေမှူးဖြစ်သော်လည်း
ရပ်ကွက်အတွင်း အိမ်ရောင်း၊အိမ်ဝယ် လုပ်မည့်သူများအား အုပ်ချုပ်ရေးမှူး
ရာထူးပြပြီး ငွေရမည့်အရေး ၄င်း လုပ်ဆောင်နေသည်ကို ကြားသိရပါသည်။
ရပ်ကွက် တွင် ရှိသော မြေလွတ်များအား အိမ်၊တဲ ဆောက်လုပ် ဌားရမ်းပြီး
ရရှိသောငွေကြေးများအား ရပ်ကွက်အတွက်မသုံးပြု၊ရန်ပုံငွေမထည့်ဘဲ
မိမိကိုယ်ကျိုး၊မိမိ မိသားစုအတွက်မျှသာ သုံးစွဲနေကြောင်း၊
နိုင်ငံတော်သမ္မတကြီး မှ ပြည်သူတွေအတွက် ချထားပေးသော
တန်ဖိုးနည်းဖုန်း ဆင်းကဒ်များအား လစဉ်၊လစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး
အစီအစဉ်ဖြင့် ပြည်သူတွေလက်ဝယ်ချထားပေးရန် မိန့်ကြားထားသော်လည်း
၎င်းအုပ်ချုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊(၂၂)ရပ်ကွက်တွင်မူ
အထက်မှ ၄င်းအားပြည်သူတွေအားမဲဖောက်ရောင်းချပေးရန် ချထားပေးသော ဖုန်းဆင်းကဒ်များအား ၄င်းသည် အထက်မှ ၄င်းအားဆင်းကဒ်ဘယ်လောက်
ပေးသည်ကို မကြေညာပဲ ၄င်း၏ အုပ်ချုပ်ရေးမှူးရာထူးမရရှိခင်နှင့် ရရှိပြီးသောအချိန်များတွင် ၄င်းအား ၀ိုင်းဝန်းကူညီထောက်ပံ့ မြေက်စားပေးခဲ့သော
၎င်း၏အပေါင်းအပါများ၊၄င်း၏မိသားစုဆွေမျိုးများအား မဲစနစ်မရှိ၊
ရပ်ကွက်နေပြည်သူတွေမသိ၊မိမိဆန္ဒသဘောအရ ပေးအပ် အမြတ်ထုတ်နေခြင်းမှာ
ပြည်သူလူထုအားစေတနာမေတ္တာအရင်းခံပြီး လူတန်းစားမရွေး စိတ်ချမ်းချမ်းသာသာ ဖုန်းကိုင်နိုင်ရေး မျှော်မှန်းထားသည့် သမ္မတကြီး၏ ရည်မှန်းချက်ကို ဖောက်ဖျက်နေကြောင်း၊ ၄င်းတို့ လစဉ် လိုသလောက် ဖုန်း
အလုံးအရေအတွက်များအား မိမိဆန္ဒအရ ယူဆောင်ပြီး မှ ၄င်းမလိုချင်မှ ကျန်ရှိသည့်
ဖုန်းအလုံးအရေအတွကင်အနည်းငယ်ကိုသာ ရပ်ကွက်နေပြည်သူများအား
မဲစနစ်ဖြင့် ရောင်းချပေးနေပါသည်။
ထို မမှန်မကန် လုပ်ဆောင်နေသည့်အရာများကို နိုင်ငံတော်သမ္မတကြီးရုံးသို့ တိုင်ကြားစာပို့ခဲ့သော်လည်း
ယနေ့အချိန်အခါထိ အမှန်တရားအတိုင်းဆောင်ရွက်ပေးခြင်း၊
အပြစ်ပေးခြင်းမရှိသောကြောင့် ရပ်ကွက်နေပြည်သူများ ဒီမိုကရေစီခေတ်နှင့်မညီ
မျှမျှတတမရှိ နေထိုင်နေရသည်ကို ကိုယ်စားချင်းတရား ထားတတ်ကြဖို့ လိုပါသည်။
ထို့ကြောင့် ဒီအဖြစ်အပျက်များအား သိရှိရသော သူများမှာ အထက်အရာရှိ ၊၀န်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ ပါရှိခဲ့လျှင် ထိုအရည်းအချင်းမပြည့်ဝသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ထိရောက်စွာအရေးယူ
ဆောင်ရွက်ပေးစေချင်ပါသည်၊

By whiskyhero007@gmail.com

  >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment