Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Friday 22 November 2013
ပြောရပြန်ပြီ (တီးတိန်က ပြည်သူတစ်ဦးဆိုတဲ့) ကိုငွေခင်ရေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ခင်ဗျားရဲ့ ငိုချင်း သံကြောင့် ဖတ်မိသူအပေါင်း စိတ်မကောင်း ဖြစ်ကြရကာ ဂရုဏာ သက်နေကြလေသတဲ့
ခင်ဗျား ချင်းပြည်ရောက်ကာစက ပြောခဲ့တဲ့ စကား ခု ပြန်ကြားနေမိတယ်
ကျွန်တော်တို့ ချင်းပြည် အတွက် လုပ်နိုင်သမျှ လုပ်ပေးခဲ့ကြရမှာပေါ့ဗျာ တဲ့
ခုတော့ ခင်ဗျား ရှုတ်နိုင်သမျှ ရှုတ်နေပါပေါ့လား
ခင်ဗျားရဲ့ ငိုသံကို ပြည်နယ်ရုံးက ကြားသူတွေကလည်း သနားကူနေကြလေရဲ့
ဘာတဲ့ ဆိုင်ကယ်ပျက်လျှင် ကိုယ့်ဟာကိုယ်ပြင်၊ဆိုင်ကယ်ဆီ ကိုယ့်ဟာကိုယ်ထည့်ရသတဲ့
သစ်တောသမားဆိုတာ တောထဲမှာနေ၊တောထဲမှာစား၊ခြေလျှင်သွား၊ ခင်ဗျား ဘယ်နေရာမှာ ဆိုင်ကယ်နဲ့ သွားချင်သေးတာလဲ
ခင်ဗျားမှ တောထဲမသွား မြို့ နားမှာပဲခွေနေတာ ခင်ဗျားဆိုင်ကယ်ကို ဋ္ဌာနဘတ်ဂျက်နဲ့ ပြင်ပေးရဦးမှာလား စဉ်းစဉ်းစားစားလည်းလုပ်ပါဦး ကိုငွေခင်ရယ်
လစာထုတ်လျှင် စာအုပ်ကြီးထဲ လက်မှတ် ထိုးရသတဲ့
အဲဒီတုံးက ခင်ဗျား လစာ အပြည့်မပေးလျှင် ခင်ဗျား ပြောပေါ့ လက်မှတ် မထိုးနဲ့ ပေါ့
ခင်ဗျားနဲ့ ကျုပ် လစာ အတူထုတ်နေကြတာပါဗျာ 
လစာ ဘီလ် ကို အမြီးပြန် ခေါင်းပြန်ဖတ် ကျေနပ်မှ လက်မှတ်ထိုးတတ်တဲ့ ခင်ဗျားလိုလူမျိုးက လစာ အပြည့်မရဘူးဆို ဘာလို့ လက်မှတ်ထိုးပေးတာလဲ
ခင်ဗျား ဘယ်သူ့ ကို မကျေနပ်တာလဲ။ ဦးစီးကိုလား၊ရုံးအုပ်ကိုလား၊တောအုပ်ကြီးတွေကိုလား၊ဒါမှမဟုတ် ရာထူးတူ ကျွန်တော်တို့ ကိုလား
ယောက်ျားပဲဗျာ ပွင့်ပွင့်လင်းလင်း ချဲလင်း လုပ်လိုက်စမ်းပါ
ခုတော့ ကျွန်တော်တို့ မှာ ဟိုလူလိုလို သည်လူလိုလို သံသယတွေနဲ့  တစ်ယောက်တစ်ယောက် ယုံရခက်ခက် ဖြစ်နေကြပြီဗျ
သံသယတွေနဲ့  ခရီးဆက်လို့  ဘယ်လို ရှေ့ ရောက်နိုင်တော့မှာလဲ
နဂိုရ် ကမှ ဖွံ့ ဖြိုးမှု နောက်ဆုံးက ချင်း ပြည်ဟာ ခင်ဗျားလုပ်လိုက်တဲ့ သံသယတွေကြောင့် နောက်ဆုံးကပဲ ပြန်တန်းစီရတော့မှာလား
ကိုငွေခင်ရေ ငွေသိပ်ခင်လျှင်လည်း ဋ္ဌာနက ထွက်ပြီး အခြား သူဋ္ဌေးဖြစ်မဲ့နည်းလမ်းတွေနဲ့ ကြိုးစားပါဗျာ
ခင်ဗျား တောအုပ် ဘ၀နဲ့  နိုင်ငံ ဘဏ္ဍာတွေ ရောင်းစားပြီး သူဋ္ဌေးဖြစ်အောင်ကြံမဲ့ အကြံမျိုး လက်လျှော့ လိုက်ပါတော့
ကျွန်တော့် ဘိနယ်က အလုပ်များတယ်၊ခင်ဗျားဘိနယ်က အလုပ်မရှိဘူး ဒီတော့ ကျွန်တော့ကို ခင်ဗျား ၀ိုင်းမကူနိုင်ဘူးလို့  ပေါ်တင်ပြောလိုက်စမ်းပါ
၉ ဘိနယ် ညှိနှိုင်းစဉ်တုံးက တစ်ယောက်တစ်ယောက် ၀ိုင်းကူကြရမှာပေါ့ လို့ လူကြားကောင်းအောင် အသံကုန်ဟစ်ခဲ့တာလည်း ခင်ဗျားပဲ
ခုတော့မှ မိန်းမလို မိန်းမရ အင်တာနက်ပေါ်ကနေ ငိုပြနေတာ ခင်ဗျား မရှက်ဘူးလား
ကျွန်တော်တို့ ဋ္ဌာနအတွက် လုပ်နေကြတာပါဗျာ
သာတဲ့အခါလည်းရှိမယ် နာတဲ့အခါလည်းရှိမယ် စံ နေရတုံးက ဘာသံမှ မကြားရပဲ
ခံ နေရပါပြီဗျလို့ တော့ အရှက်ကင်းမဲ့စွာ ငိုပြရဲတယ်နော်
ဒီလောက်ပြောနေရက်နဲ့ မှ ခင်ဗျား နောက်ပြန်မလှည့်ဘူးဆိုလျှင်
နောက်ရက်မှာ ကျွန်တော့် နာမည်အရင်းတင်၊ ခင်ဗျားနာမည်အရင်းကိုလည်းဖော် ခင်ဗျားရဲ့ အရှုတ်ထုတ်တွေကိုလည်း အကုန်ဖော်ပြီး ပေါ်တင် ဖိုက်ကြတာပေါ့ဗျာ
သတ္တိရှိလျှင် ရင်ဆိုင်ဖို့ ပြင်ထားပေတော့ပေါ့နော
တောအုပ်တစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  
No comments:
Post a Comment