Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 18 November 2013

ချင်းပြည်နယ်တီးတိန်မြို့နယ်ရှိဝန်ထန်းများလစာငွေများမတရားဖြတ်တောက်ခံနေရခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နိုင်ငံတော်အစိုးရသည် ချင်းပြည်နယ်တစ်ခုလုံးကို ဝေးလံခေါင်းပါးခြင်း၊
ဆင်းရဲနွမ်းပါးခြင်းတို့ကြောင့် ဝန်ထမ်းအားလုံးအား လစာငွေ ၂ ဆ
ခံစားခွင့်ပြုထားပါသည်။ သို့ရာတွင် တီးတိန်မြို့နယ်မှ
သစ်တောဝန်ထမ်းများဟာ လူကြီးလမ်းကြောင်းဧည့်ခံစာရိတ်၊ ရုံးကုန်ကျငွေ၊
ကွန်ပျူတာစာရိုက်ကုန်ကျငွေ စသော
အထွေထွအကြောင်းပြချက်များဖြင့်
လစာငွေမြောက်များစွာဖြတ်တောက်ခံနေရပါသည်။
(၁) ၂၀၁၃ ခုသြဂုတ်လတွင် သစ်တောဘိနယ်တစ်ခုလျှင် မြို့နယ်အသုံးစာရိတ် ၅၀၀၀၀
ကျပ် နှင့် အခွန်သွင်းရန် ၁၅၀၀၀ ကျပ် ပေါင်း ၆၅၀၀၀ ကျပ် အား ဝန်ထမ်း ၂
ဦးတာဝန်ချထားလျှင် ၂ ဦးမျှခံပြီး လစာမှဖြတ်တောက်ပါတယ်။
(၂) ၂၀၁၃ ခုစက်တင်ဘာလတွင် သစ်တောဘိနယ်တစ်ခုလျှင်
မြို့နယ်အသုံးစာရိတ်အတွက် ၄၀၀၀၀ ကျပ် နှင့် အခွန်တော်ငွေ ၁၅၀၀၀ ကျပ်
ပေါင်း ၅၅၀၀၀ ကျပ် ဖြတ်ခံရပါသည်။
(၃) ၂၀၁၃ ခု အောက်တိုဘာလ တွင် တစ်တောဘိနယ်တစ်ခုလျှင်
မြို့နယ်အသုံးစာရိတ်အတွက် ၇၅၀၀၀ ကျပ် နှင့် အခွန်တော်ငွေ ၁၅၀၀၀ ကျပ်
ပေါင်း ၉၀၀၀၀ ကျပ် ဖြတ်တောက်ခံရပါသည်။
        တီးတိန်မြို့နယ်တွင် သစ်တောဘိနယ် ၉ ခုရှိပါတယ်။
အထက်ပါလစာမှဖြတ်တောက်ငွေကို ၉ နှင့်မြောက်လျှင် သိနိုင်ပါတယ်။
ဘိနယ်တစ်ခုလျှင် တောအုပ်၊ တောခေါင်း ဝန်ထမ်း (၂) ဦး သို့ (၃) ဦး ၊
ဒိန်ဇပ်ဘိနယ် ဆိုလျှင် (၁) ဦးထဲတာဝန်ချထားပါတယ်။ တစ်ဦးထဲရှိ
တစ်ဦးထဲအကုန်ကျခံရပါတယ်။ ချင်းပြည်နယ်တွင် သစ်တောဘိနယ်မှ
ဘာဝင်ငွေမှမရှိဘူးဆိုတာ ဌာနအကြီးအကဲတွေ အားလုံး သိပါတယ်။
သစ်တောဘိနယ်ဆိုတာ သစ်တောထိန်းသိမ်းကာကွယ်ရန် အတွက်ကြိုးဝိုင်း၊ ကြိုးပြင်
ကာကွယ်တောနဲ့ကျေးရွာကိုအခြေခံပြီး ဖွဲ့စည်းထားဒါပါ။ နောက်ပြီး
လစာဖြတ်တောက်ခံရတဲ့ အထဲမှာ ဦးစီအရာရှိ၊ တောအုပ်ကြီး နှင့်ရုံးအဖွဲ့
စာရေးမတွေ မပါဘာဘူး။ တောအုပ်တောခေါင်းတွေဘဲခံရတယ်။ ဘာတွေကုန်ကျတယ်ဆိုတာ
ရှင်းမပြဘူး။ စာရေးမက လစာထုတ်ပေးရင် လယ်ဂျာစာအုပ် ၂ အုပ်ထားတယ်။
တစ်အုပ်ကလစာငွေအပြည့်ရတဲ့စာအုပ်၊ တစ်အုပ်ကလစာဖြတ်တောက်ငွေစာအုပ်၊
လူကြီးလာစစ်ရင် လစာငွေ အပြည့်ရတဲ့စာအုပ်နဲ့ အစစ်ခံမှာဖြစ်ပါတယ်။
လစာထုတ်ရင် ဝန်ထမ်းတိုင်းလက်မှတ်စာအုပ်ထဲ ရေးထိုးရပါတယ်။ အထက်လူကြီးများ
သိရှိပြီး အရေးယူ ဆောင်ရွက်ပေးပါ။ တောအုပ်တောခေါင်းများဟာ ဒီ
အောက်တိုဘာလစာဆိုလျှင် တစ်ဦးကို ၃၀၀၀၀ ကျပ် မှ ၄၅၀၀၀ ကျပ် အထိ
ကုန်ကျပြီးဖြတ်တောက်ခံရပါတယ်။ ဘိနယ်ဝန်ထမ်းများဟာ
တာဝန်ကျတဲ့နေရာသွားလာရင်၊ လူကြီးခေါ်လို့သွားလာရင် ဆိုင်ကယ်ဓတ်ဆီ
ပြင်ဆင်စာရိတ်တွေ မိမိအစီအစဉ်နဲ့ ကုန်ကျခံရပါတယ်။
 
ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment