Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 20 November 2013

ဘိုကလေးပညာရေးကောလိပ်အမျိုးသမီးဆောင်သံလွင်ဆောင်၊အဆောင်မှူး အခန်းကိုဖောက်ထွင်းလျှက်ရွှေငွေပစ္စည်းကျပ်သိန်းငါးဆယ်ကျော်ကိုခိုး ယူခြင်းခံခဲ့ရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဘိုကလေးပညာရေးကောလိပ်တွင်၁၂.၂.၁၃ရက်နေ့ညက
အမျိုးသမီးဆောင်သံလွင်ဆောင်၊အဆောင်မှူးအခန်းကိုဖောက်ထွင်းလျှက်ရွှေငွေ
ပစ္စည်းကျပ်သိန်းငါးဆယ်ကျော်ကိုခိုးယူခြင်းခံခဲ့ရပါသည်။ပစ္စည်းပိုင်ရှင်ဆရာမမှ
ဘိုကလေးရဲစခန်းသိုအမှုဖွင့်တိုင်ကြားသဖြင့်ဘိုကလေးရဲစခန်းမှရဲများအချင်းဖြစ်နေရာသို့လာရော
က်စစ်ဆေးသောအခါ ပြစ်မှုကျူးလွန်သူ၏လက်ဗွေရာဟုယူဆရသော
လက်ဗွေရာများ၎င်းအခန်းမှတရုပ်ကပ်မှန်ချပ်ပေါ်တွင်ထင်
ထင်ရှားရှားကျန်နေခဲ့ပါသည်။၎င်းကိုသဲလွန်စသက်သေခံပစ္စည်းအဖြစ်ရဲစခန်းမှသိမ်းယူသွားခဲ့ပြီး
ပညာရေးကောလိပ­်ကျောင်းဝန်းနေ၀န်ထမ်းအချို့ကိုရဲစခန်းသို့
ခေါ်လျက်ရဲစခန်း၏လူဆိုးမှတ်တမ်းပုံစံတွင်လက်ဗွေ
မှတ်တမ်းနမူနာယူခဲ့ပြီးဘိုကလေးရဲစခန်းမှနေပြည်တော်စီ
အိုင်ဒီရုံးလက်ဗွေဌာနသို့မှန်ချပ်ပေါ်မှလက်ဗွေရာနှင့်
နမူနာယူထားသောဝန်ထမ်းများ၏လက်ဗွေရာများကိုတိုက်
ဆိုင်စစ်ဆေးရာတွင်အဆိုပါစီအိုင်ဒီလက်ဗွေဌာနတာ
ဝန်ခံက မှန်ချပ်ပေါ်မှလက်ဗွေရာနှင့်ဝန်ထမ်းများ၏လက်ဗေ
ွရာများနှင့်တူမတူအဆုံးအဖြတ်မပေးနိုင်ကြောင်း
ဘိုကလေးရဲစခန်းသို့အကြောင်းပြန်ကြားပါသည်ဟုသိရပါ
သည်။နေပြည်တော်စီအိုင်ဒီရုံးအနေနှင့်အခြားအခြား
သောမထင်မရှားမထင်မှတ်သည့်သက်သေခံပစ္စည်းအသေ­းအဖွဲများကိုပင်ခေတ်မီနည်းစနစ်များဖြင့်
ဖေါ်ထုတ်နိုင်ခဲ့ပါလျှက်ယခုထင်ရှားသောလက်ဗွေရာအချင်းချင်းတိုက်ဆိုင်
စစ်ဆေးရာတွင်အဖြေမပေးနိုင်သည်မှာတစုံတစ်ရာလွဲချော်နေသည်ဟုထင်မိပါသည်။အမှုမှန်ပေါ်ပေါက်ရေး
အတွက်ပြန်လည်စစ်ဆေးဆောင်ရွက်သင့်ပါသည်။ယခုအမှု
မှာတရားခံယနေ့အထိဖေါ်ထုတ်နိုင်ခြင်းမရှိပဲံဖေါက်ထွင်းခံရသောပစ္စည်းရှင်မှာလည်း
နစ်နာရသလိုဘိုကလေးပညာရေးကောလိပ်ကျောင်းဝန်းနေရိုးသားသောဝန်ထမ်းအများစု၏ဂုဏ်သိက္ခာ
ကိုလည်းကျဆင်းစေပြီးဘိုကလေးရဲစခန်းအနေဖြင့်လည်းဒီအမှုကိုတောင်ပေါ်အောင်စုံစမ်းစစ်ဆေးမှုမပြုနိုင်ဘူးလားဟုလုပ်သားပြည်သူများ၏စိတ်တွင်အထင်သေးစရာဖြစ်နေပါသည်။သို့ပါသောကြောင့်၎င်းအမှုပြန်
လည်ပေါ်ပေါက်စေရေးအတွက်ဆောင်ရွက်ပေးနိုင်ပါရန်တင်ပြအပ်ပါသည်။
 
မိသားစုဝင်တစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment