Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 15 November 2013

ပုသိမ် တက္ကသိုလ်အနီး KTVဘန်းပြ ပြစ်တန်ဆာခန်းများ ဖယ်ရှားပေးစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပုသိမ် တက္ကသိုလ်အနီး တောရကျောင်းလမ်းရှိ KTV ဆိုင်များသည် KTVဘန်းပြ၍ ပြစ်တန်ဆာ
လုပ်ငန်းများကို ကျယ်ပြန့်စွာလုပ်ကိုင်လျှက်ရှိသည်။ထိုဆိုင်များ၏အမည်များမှာ 255KTV ဆိုင်
ဂုတ် KTVဆိုင် ၊ တောင်တမံ KTVဆိုင် တို့ဖြစ်သည်။ယင်းဆိုင် သုံးဆိုင်အနက် ဂုတ် KTVဆိုင် သည် ပြစ်တန်ဆာလုပ်ငန်းကို အကျယ်တ၀ံလုပ်ကိုင်လျှက်ရှိပြီး ယခုလိုအဝေးသင်တက်ရောက်
နေရသောကာလများတွင် နယ်မှ အဝေးသင်လာရောက်တက်ကြသည့် ကျောင်းသားများကို KTV ဘန်းပြ၍ ပြစ်တန်ဆာလုပ်ငန်းဖြင့် ဖျားယောင်းလုပ်ကိုင်နေသောကြောင့်  အနာဂတ်ကျောင်းသား တို့အရေးမှာ စိတ်မအေးစရာဖြစ်ရပါသည်။ ယင်းဆိုင်ရှေ့ကို နယ်မှ ကျောင်းလာတက်သော မိန်းကလေးငယ်များဖြတ်လျှောက်သွားသည့်အခါတိုင်း
ပြစ်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် စည်းရုံး သိမ်းသွင်းမှုကို ခံကြရသဖြင့် မိန်းကလေး
ကျောင်းသူများက ထို ဂုတ် KTVဆိုင်ရှိရာ တောရကျောင်းလမ်းသို့ ဖြတ်လျှောက်၍
မသွားရဲလောက်ပင်ဖြစ်ရပါသည်။ ထိုဆိုင်အား အထက်ပါအကြောင်းအရာတို့ဖြစ်ပျက်သမျှကို
ဆိုင်ရာသို့ သွားရောက်တိုင်မည်ဟု ကျောင်းသူများကပြောသောအခါ ဂုတ်KTVဆိုင်ပိုင်ရှင်
ဦးဌေးလှိုင်မှ ဆိုင်ရာကို လိုင်းကြေးပေး၍ လုပ်ကိုင်ကြောင်း ၊တပ်မတော်ထွက်
တစ်ယောက်ဖြစ်ကြောင်း  သို့ဖြစ်၍ မည်သူ့မှ ဂရုမစိုက်ကြောင်း ပြောဆို၍ဤသို့ လူမျိုးနှင့်
ဖက်၍မဖြစ်ရဲသော ကျောင်းသူများ အရှက်ကွဲခဲ့ရပေါင်းများလှပါပြီ။ကျောင်းသား
အများစုကိုလဲKTV၊မာဆက်၊အရက်ဘီယာ နှင့် ပြည့်တန်ဆာလုပ်ငန်းဖြင့် မြူဆွယ်ထားသောကြောင့် အဝေးသင် စာသင်ချိန်များမတက်ရောက်နိုင်ခြင်း ၊အဝေးသင် ပထမအသုတ် အချို့ဆိုလျှင်  စာမေးပွမဖြေတော့လောက်အောင်ပင်ဖြစ်ခဲ့ရပါသည်။ သို့ပါ၍ အထက်ပါ ပုသိမ်မြို့
တောရကျောင်းလမ်းရှိဂုတ်KTVဆိုင် အပါအ၀င် KTVဆိုင် အားလုံးကို လိုအပ်သလို
အရေးယူပေးပါရန် မီဒီယာမှတဆင့်ပြောကြားအပ်ပါသည်။
  
  ပုသိမ်တက္ကသိုလ် အဝေးသင် ကျောင်းသူများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment