Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 12 November 2013

ဧရာဝ တီတိုင်းဒေသကြီးပုသိမ်ခရိုင်မှသက်ရှိထင်ရှား အသက်ရာကျော်အဘွား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ဤအခြေအနေနှင့်အချိန်အခါသည်
ဆုပ်ကပ်ကာလဖြစ်သဖြင့်အသက် ၈၀ ထိနေနိင်ရန်မဆိုနင့်အသက် ၆၀ နစ်
တန်းပင်အနိင်နိင်ဖြစ်နေကြောင်း နာ
ရေးကြော်ငြာများကိုကြည့်လျင်သိ
နိင်ပါသည်။
       ကာလဒေသပယောဂ အမျိုးမျိုး
ကြောင့်အသက် ၁၀၀ နစ်ထိနေထိုင်
အသက်ရှင်သူများကမ္ဘာလောကကြီးအတွင်း၌အင်မတန်ရှားပါးသွားပြီဖြစ်
ကြောင်းနှင့်အသက်ရှင်လျက်ရှိသူများ
နင့်ပတ်သက်၍လည်း၎င်းတို့၏ အပြု
မူအနေအထိုင် အကျင့်အကြံများသည်
ခေတ်သစ်လူသားများအတွက် အတု
ယူ စံနမူနာယူထိုက်သူများဖြစ်လာကြပါ
သည်။
      ထိုသို့လေးစားအတုယူ အားကျ
ရသည့်အသက်ရာကျော့်ဘိုးသက်ရှည် ဘွားသက်ရှည်များမြန်
မာနိင်ငံဒေသအသီးသီး၌မည်မျှရှိသည်ဟုမသိနိင်သော်လည်း ..........
       အသက် ၁၀၄ နစ်ရှိနေပြီဖြစ်သည့်
ဘွားသက်ရှည် ဒေါ်သိန်း အား ဧရာဝ
တီတိုင်းဒေသကြီးပုသိမ်ခရိုင် ကန်ကြီး
ထောင့်မြို့နယ် အမှတ် ၁ ရပ်ကွက်
မင်းကုန်းပိုင်းလမ်း၌တွေ့ရှိရပါသည်။
ဖခင်ဖြစ်သူဦးအောင်ကျော်နှင့်မိခင်ဖြစ်သူဒေါ်ဘုမတို့မှသာပေါင်းမြို့နယ် ဖား
စည်ကွင်းကျေးရွာ၌ ၁၂၇၂ ခုနစ်သီ
တင်းကျွတ်လဆန်း(၇)ရက်နေ့တွင်အ
ဘွားဒေါ်သိန်းအားမွေးဖွားခဲ့ပါသည်။အရွယ်ရောက်ချိန်၌လက်သမားဆရာ
ဦးဘိုးလှိုင်နှင့်အိမ်ထောင်ကျ၍
   အကြီးဆုံးသားဦးချစ်စိန် ၈၅ နစ်
   ဒုတိယသားဦးလှထွန်း     ၈၃ နစ်
   တတိယသမီးဒေါ်တင်ရီ   ၈၁နစ်
   စတုတ္ထသားဦးလှကြိုင်     ၇၅နစ်
   ပဉ္စမသား  ဦးသိန်းမြင့်      ၆၄နစ် တို့
အားမွေးဖွားခဲ့ပါသည်။       
   သက်ရှည်ကျန်းမာခြင်းနှင့်ပတ်သက်
၍အာဟာရပြည့်ဝသည့်အစားအသောက်များအားအတူနေသမီးဖြစ်သူဒေါ်
တင်ရီမှစီစဉ်ချက်ပြုတ်ကျွေးမွေး၍သင့်တင့်ရုံသာမှီဝဲစားသောက်ပါသည်။
အားလပ်ချိန်များ၌တရားနာခြင်း တရားထိုင်ခြင်းများပြုလုပ်၍ကိုယ့်ဝေယာဝစ္စများအားကိုယ်တိုင်သာပြုလုပ်ပါသည်။
      အဓိကအနေဖြင့်ငယ်စဉ်မှ စတင်
၍စိတ်ကိုဖြူအောင်ထားခြင်း သူတစ်ပါး
အပေါ်မကောင်းတွေးခြင်း ကြံခြင်းမ
ဖြစ်စေရန် သတိကိုထိန်းသိမ်းစောင့်
ရှောက်ခြင်းအားအထူးဝိရိယထားလေ့
ကျင့်ခဲ့ကြောင်းသိရသည်။ထို့ကြောင့်
ယခုအချိန်ထိမေ့လျော့ခြင်းမရှိပကတိ
တည်ကြည်ကျန်းမာစွာဖြင့်အထက်ပါ
လိပ်စာ၌အေးချမ်းစွာနေထိုင်လျက်ရှိပါကြောင်းအသက်ရာကျော်ဘိုးဘွားများ
အားပူဇော်ကန်တော့လေ့လာလိုသူများသိရှိစေနိင်ပါရန်လေးစားစွာ တင်ပြရ
ခြင်းဖြစ်ပါသည်။

ဘုန်းဆက်လင်း
မြို့လယ်လမ်း
အမှတ် ၂ ရပ်ကွက်
ကန်ကြီးထောင့်မြို့
၄၉၇၄၀၅၇၆


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment