Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Thursday 21 November 2013
ပြောရဦးမယ် ကိုငွေခင်ရေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ပြောရဦးမယ် ကိုငွေခင်ရေ
ကျုပ်က အညာသား ရိုးရိုး ရှင်းရှင်း ဘွင်းဘွင်းပဲပြောတတ်တယ်
ချစ်လျှင်ချစ်တယ်၊ မချစ်လျှင် မချစ်ဘူး၊ ကြိုက်လျှင်ကြိုက်တယ်၊ မကြိုက်ဘူးပေါ့
ခုတော့ သူခိုးက လူလူဟစ်၊အပြစ်ရှိသူက ရိုးသားသယောင် ဟန်ဆောင်မာယာတွေနဲ့ 
ခက်ပဲခက်ချည့်သေး
ကို့ နာမည်ကိုတောင် မဖော်ရဲလောက်အောင် ဖြစ်နေတဲ့သူက သနားကြ့ပါလို့ အော်ရဲသေးတယ် အံ့ရောအံ့ရော
ဘာတဲ့ နိုင်ငံတော်က ချီးမြှင့်တဲ့ လစာတွေ အဖြတ်ခံနေရသတဲ့
ကျလည်းကျတဲ့လူပါပဲ
နိုင်ငံပိုင်သစ်တွေ ခိုးနေတဲ့လူတွေဆီက ပိုက်ဆံတောင်းစားတာ ဇူဇကာထက်သာလို့ ဗမာပြည်ကနေ ချင်းပြည်ရောက်
ချင်းပြည်ရောက်တော့လည်း ကျောက်ခဲကို ရေထွက်အောင်ညှစ်
ဘယ်လိုမှညှစ်မရတော့မှ သူတော်ကောင်းယောင်ဆောင်ပြီး ကျွန်တော်တို့ မှာ ဘာဝင်ငွေမှ မရှိတာ လူကြီးတွေသိပါတယ်တဲ့
ဟားဟား ကျုပ်ကတော့ ကောင်းကောင်း သိတာပေါ့
ခင်ဗျားက ကိုငွေခင် ခင်ဗျား မိန်းမက ဒေါ်ငွေသိမ်း ခင်ဗျားမျိုးနွယ်က ငွေမျိုးနွယ်လေ
ခင်ဗျား ဗမာပြည်မှာမှာ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လို ရှုတ်ခဲ့တယ်ဆိုတာ ခင်ဗျားထက်တောင်သိသေး
ခင်ဗျား နံမည်ဖော်ပြီး online ပေါ်တက်ရဲသလား
ယောက်ျား ဖြစ်ပြီး လက်သီးပုန်း ထိုးတာ မရှက်ဘူးလားဗျာ
ခင်ဗျား ချင်းပြည်ရောက်ရောက်ချင်း ဘိနယ် ကောင်းကောင်းနေရတုံးက ခင်ဗျား ဘာပြောသလဲ
အဲတုံးကတော့ လူသိမှာစိုးလို့ အိမ်ထဲကတောင် မထွက်။ ရတာလေး လက်သိပ်ထိုး မိန်းမအပ်
အိုး လိမ္မာတတ်လိုက်ပုံများဗျာ
အဲဒီဘိနယ်ထဲမှာ အဖမ်းအဆီးတွေလည်း များလာရော ပြောလိုက်တဲ့ ဋ္ဌာန မကောင်းကြောင်း လူကြီးတွေမကောင်းကြောင်း
တကယ်တော့ ခင်ဗျားဟာ မိန်းမဘ၀ နဲ့ မွေးလာခဲ့ရမှာ
ခင်ဗျားဟာ စကားအမျိုးမျိုး မပြောတတ်ပါဘူး နှစ်မျိုးပဲပြောတတ်သူပါ
လိုတစ်မျိုး မလိုတစ်မျိုး လေ တကယ် တကယ်
ခင်ဗျား လိုချင်တာလေး မရခင်ကဆို ဆရာ ဆရာနဲ့ လျှာ ခလုတ်တိုက်မတတ် ဖားတတ်လိုက်ပုံများ
လင်ရော မယားရော နှစ်ပါးပြိုင်ကို ဖားနိုင်ကြပါပေတယ်ဗျာ
ဟော ခု ဘိနယ် ပြောင်းလာတာမှ ၃ လပဲရှိသေး ၃လ တိတိ လစာတွေ အဖြတ်ခံနေရပါတယ်ဗျလို့  အော်လိုက်တာ သနားစရာ ကောင်းသေးတော့
ခင်ဗျား အရင် ဘိနယ်တုံးက ရသမျှ သိမ်းကျုံး ထည့်လာတဲ့ မသထာရေစာတွေ ဘယ်ရောက်ကုန်ပြီလဲ
ကျွန်တော် မေးပါရစေ ခု လက်ရှိ ခင်ဗျား ဘိနယ်ကို ၃လ အတွင်း ဘယ်နှစ်ခေါက်ရောက်ပြီးပြီလည်း
တရားမ၀င်သစ်တွေ ဘယ်လောက်ဖမ်းထားပြီလဲ၊ကြိုးဝိုင်းထဲ ဘယ်နှစ်ခါရောက်ပြီးပြီလဲ
ရစရာမှ မရှိတာ တစ်ခေါက်မှ မရောက်ဖူးလို့ အမှန် အတိုင်းဖြေ လိုက်စမ်းပါ
ဒါနဲ့ များ နိုင်ငံတော်က ချီးမြှင့်ပါတယ် ဆိုတဲ့ လစာ ၂ ဆ ခင်ဗျားမို့ အားမနာပါးမနာ ယူရဲတယ်
ဋ္ဌာနအတွက် ဘာမှ မလုပ်ပေးပါပဲ လစာ ထုတ်ရဲတဲ့ သူကြီးရေ ခင်ဗျားကို ခွေးရေပုရပိုက်နဲ့ သိကြားမင်း မှတ်ထိုက်ပါပေတယ်
ထားပါတော့ ထားပါတော့ ဘာတဲ့ အခွန်တော်ငွေအတွက် လစာက ပေးသွင်းရသတဲ့
ကျွတ် ကျွတ် ကျွတ် သနားလိုက်တာဗျာ
ဋ္ဌာနအတွက် ရသင့်ရထိုက်တဲ့ အခွန်တွေ ရအောင်ကောက်ရမှာ ခင်ဗျားတာဝန်မဟုတ်ဘူးလား
အေးလေ ခင်ဗျား အိပ်ထဲထည့်ရမှာ မဟုတ်တော့ ခင်ဗျား ဘယ်စိတ်ဝင်စားမှာလဲ
ခင်ဗျား မိန်းမဆီ အပ်ထားတဲ့ ဘတ်ငွေ အဲ ဟုတ်ပေါင် အခွန်တော်ငွေတွေရော ခင်ဗျား မိန်းမက ခင်ဗျားကို ပြန်ထုတ် မပေးတော့ဘူးထင်တယ်
သြော် ဋ္ဌာနအတွက် သစ္စာရှိစွာ လစာ ထဲက ထုတ်နှုတ်ပြီး အခွန်တော်ငွေ ပေးသွင်းရှာတာကိုး ခင်ဗျား ကို နွားသားရေလောက်နဲ့ မှတ်ဖို့  သိကြားမင်းကို ကူပြောပေးရဦးမှာပေါ့
ဒါနဲ့ နေပါဦး လူကြီးလမ်းကြောင်း ဧည့်ခံစရိတ် ဆိုလား ကြားလိုက်မိသလိုလို
လူကြီးတွေ ဂရုဏာ ပိုအောင် ခင်ဗျား ငို မပြပါနဲ့ ဗျာ
ကျွန်တော်တို့ မြီု့ ကို ဘယ်လူကြီးမှ မလာသလို တစ်ခါမှလည်း လာတာမကြုံသေးပါဘူး
ခင်ဗျား ကိုယ့်ဆရာသမားတွေကိုတောင် မသဒ္ဒါတဲ့ လူပဲနော်
ခင်ဗျားနဲ့ ကျွန်တော် ရာထူးတူတွေပါ ကျွန်တော်လည်း ဘိနယ်တာဝန်ခံပါ ခင်ဗျားကျမှ ဆရာတွေက ထူး ချစ် ပြီး ခင်ဗျား ဆီကို လာလေသလားမသိ
ခင်ဗျား ဆီလာတဲ့ လူကြိးဆိုတာ ခင်ဗျားယ္ခောမ ကြီးတွေကို ပြောတာများလား  
တော်ပါပြီဗျာ ပြောရင်းပြောရင်း ကျုပ်သာ အကုသိုလ်တွေ တိုးလာခဲ့ပါပြီ
ခင်ဗျား အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေ စိတ်ဓာတ် ယိုင်အောင် မနှဲ့ ပါနဲ့ 
မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ 
ကျွန်တော်တို့  ချင်း ပြည်ကို ပေးဆပ်ဖို့ လာကြတာ
ခင်ဗျားလည်း အချိန်တန်လျှင် ဗမာပြည်ကိုပြန်မှာ ကျွန်တော်လည်းပြန်မှာ
ဒီမှာနေတုံးလေး ချင်းပြည်အတွက် တတ်နိုင်သလောက် ပေးဆပ်ခဲ့ရမှာ
ချင်းပြည်အတွက် ဗမာပြည်က ပါခဲ့တာတွေနဲ့ တတ်နိုင်သလောက် တည်ဆောက်ခဲ့ကြရမှာ အဲဒါ ကျွန်တော့်ခံယူချက်
ခင်ဗျား ကြိုက်ကြိုက် မကြိုက်ကြိုက် ခင်ဗျားရဲ့ ဗမာပြည်က ပြစ်မှုကြွေးကို ဒီနည်းနဲ့ ပေးဆပ်ခဲ့ရမှာ
ချင်း ရောက်နေတာတောင် အမြတ်ရှာချင်နေသေးတာလားဗျာ
ခင်ဗျားသံသရာကို ကြောက်တတ်လျှင်(ဗုဒ္ဒ ဘာသာ မှန်လျှင်) ခင်ဗျား ခိုးခဲ့တာတွေ ချင်းပြည် အတွက် အကျိုးရှိရှိ သုံးခဲ့လိုက်ပါ
ဘယ်သူမှ မသိပေမဲ့  ခင်ဗျားကိုယ်စောင့်နတ်ကတော့ ခင်ဗျားကို သိနေမှာနော်
ခင်ဗျားဘာသာ ပြန်ရုတ်သိမ်းလိုက်ပါ
ခင်ဗျား မရှက်ပေမဲ့ သူများဆီ လာနေနေကြတဲ့ ကျွန်တော်တို့  ဗမာ တွေ အားလုံး ရှက်တယ် ကိုငွေခင်။
ပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
No comments:
Post a Comment