Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 20 November 2013

ပဲခူးတိုင်းဒေသကြီးတွင်ရွှေသန့်စင်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာနေရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အထက် အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊
(၁၇) ရပ်ကွက်၊ ဈေးလမ်း အိမ်အမှတ် (၁၇/၁၇၃) နေ ဦးသန်းထိုက်အောင် ဒေါ်အီငု
တို့ ပိုင်ဆိုင်သော (ဆန်းရတနာ ရွှေသန့်စင်လုပ်ငန်း) တွင် အသုံး
ပြုလျှက်ရှိသော ဆာလ်ဖျူရစ်အက်စစ်အငွေ့နှင့်
ရွှေသန့်စင်ရာတွင်အသုံးပြုပြီးေ
သာ စွန့်ပစ်ဒြပ်ပစ္စည်းများကြောင့် ၎င်းပတ်
ဝန်းကျင်ရှိ ဈေးလမ်းနေပြည်သူလူထုများနှင့် ရတနာလမ်းနေ ပြည်သူလူထုများ
များစွာထိခိုက်နေရပါသည်။

၎င်းရွှေသန့်စင်လုပ်ငန်းမှထွက်ရှိသော အနံ့ဆိုးများနှင့်
စွန့်ပစ်ဒြပ်ပစ္စည်းအရည်များကြောင့် ပတ်ဝန်းကျင်ရှိ အ၀ီစိ တွင်းနှင့်
ရေတွင်းရေကန်များ ပျက်စီးခြင်း၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ
ပြင်းထန်စွာချောင်းဆိုးခြင်း၊ အသက်ရှူ မွန်းကြပ်ခြင်း၊ အဆုတ်နာရောဂါ
ခံစားခဲ့ရခြင်းနှင့် ခံစားနေရခြင်းများ ဖြစ်ပေါ်လျှက်ရှိပါသည်။

အထက်ဖော်ပြပါ (ဆန်းရတနာ ရွှေသန့်စင်လုပ်ငန်း) ကို လွန်ခဲ့သော ၂
နှစ်ကျော်ကာလခန့်ကတည်းက ၎င်းလုပ် ငန်းပိုင်ရှင်၏ ယောက္ခမပိုင် တောင်ငူမြို့၊
ဈေးလမ်း၊ အိမ်အမှတ် (၁၇/၁၇၇) တွင် စတင်လုပ်ကိုင်ခဲ့ပါသည်။ ယင်းလုပ်ငန်း
စတင် လုပ်ကိုင်စဉ်ကတည်းက ပတ်ဝန်းကျင်နေပြည်သူများမှ လူနေရပ်ကွက်အတွင်း
လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုပါရန် လူမှုရေးအရ
မေတ္တာရပ်ခံပန်ကြားခဲ့သော်လည်း အလေးအနက်မထားဘဲ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့်
မေတ္တာရပ်ခံတိုင်ကြားခဲ့သော်လည်း မည်သို့မျှ
အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါ။

ယခုအခါ ၎င်းရွှေသန့်စင်လုပ်ငန်းအား တောင်ငူမြို့၊ ဈေးလမ်း၊ အိမ်အမှတ်
(၁၇/၁၇၃) သို့ ပြောင်းရွှေ့လုပ်ကိုင် လျှက်ရှိပြီး ပတ်ဝန်းကျင်ရှိ
ပြည်သူအများ ပိုမိုထိခိုက်ခံစားရလျှက်ရှိနေပါသည်။ ထိုသို့
ထိခိုက်ခံစားနေရမှုများအား သက် ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအရာရှိ၊
မြို့နယ်ကျန်းမာရေးဦးစီးအရာရှိ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ နှင့် (၁၇) ရပ်ကွက်
အုပ်ချုပ်ရေးမှူးတို့ထံ (၁၈ . ၉ . ၂၀၁၃) ရက်နေ့တွင်
တင်ပြတိုင်ကြားခဲ့ပါသည်။ ယင်းသို့ တိုင်ကြား ချက်အရ (၁၉ . ၉ . ၂၀၁၃)
ရက်နေ့တွင် သက်ဆိုင်ရာအရာရှိများ လာရောက်စစ်ဆေးခဲ့ပါသည်။

သို့ရာတွင် (၂၀ . ၉ . ၂၀၁၃) ရက်နေ့တွင် ၎င်းရွှေသန့်စင်လုပ်ငန်းမှ ထွက်ရှိသော
စွန့်ပစ်အရည်များနှင့် အနံ့ဆိုး များကို အများပြည်သူပိုင်
ရေနှုတ်မြောင်းအတွင်းသို့ ထုတ်လွှတ်ပစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၇ . ၉ .
၂၀၁၃) ရက် နေ့တွင် နိုင်ငံတော်ပိုင် မြ၀တီသတင်းစာ၏
လူထုပေးစာကဏ္ဍတွင်တစ်ကြိမ်၊ (၇ . ၁၀ . ၂၀၁၃) ရက်နေ့တွင် နိုင်ငံတော်ပိုင်
ကြေးမုံ သတင်းစာ၏ လူထုပေးစာကဏ္ဍတွင်တစ်ကြိမ် သက်ဆိုင်ရာလူကြီးမင်းများ
အလေးအနက်ထားအရေးယူဆောင်ရွက်လာ စေရန် တင်ပြတောင်းဆိုခဲ့ပါသည်။ သို့သော်
ယနေ့အချိန်တိုင် ပတ်ဝန်းကျင်ပြည်သူလူထု၏ နစ်နာချက်များအား လစ်လျူ
ရှုခံရလျှက်ရှိပြီး လူမှုရေးပြဿနာ ရှုပ်ထွေးမှုများဖြစ်ပေါ်မည့် အခြေအနေတွင်
ရောက်ရှိနေပါသည်။ ယင်းသို့သော ရွှေသန့် စင်လုပ်ငန်းများကို တောင်ငူမြို့၏
လူနေရပ်ကွက်အနှံ့အပြားတွင်လည်း ခွင့်ပြုချက်မဲ့
လုပ်ကိုင်လျှက်ရှိပါသည်။
 
(၁၇)ရပ်ကွက်မိသားစု
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment