Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 22 November 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ နယ် သရက်တောရဲစခန်းမှူး၏မတရားပြုကျင့်မှူများ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျနော်တို့ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို
့နယ်သရက်တောကျေးရွာအုပ်စုသရက်ေ
တာရဲစခန်းပိုင်နယ်မြေအတွင်းဖြစ်ပျက်နေတဲ့ဖြစ်စဉ်များနှင့်ပတ်သက်ပြီးအမြင်မတော်၍တင်ပြအပ်ပါသည်ခင်ဗျာ။သရက်တောရဲစခန်းအပိုင်နယ်မြေအတွင်းတွင်အရက်ပုန်းများရောင်းချရာ
ဒေသပိုင်စခန်းမှူးအားလစဉ်ကြေးများပေး၍မှောင်ခိုရောင်းပြီးလုပ်စားနေရသည့်ပြည်သူများ၏ဘ၀ပါ။ထိုသို
့သရက်တောရဲစခန်းမှူးအားငွေပေးထားသည့်ကြားမှ၎င်းကသူမကျေနပ်လျှင်ဖမ်းသေးသည်။သူနှင့်ပနာစားလျှင်
ဘာလုပ်လုပ်လက်ပိုက်ကြည့်နေသည်။သရက်တောရဲစခန်းပိုင်နယ်မြေအတွင်းတွင်တရားမ၀င်ရေနံချက်သည့်ဖို
ကြီးလေးလုံးရှိပါသည်။၎င်းဖိုများမှရေနံစိမ်း ဓာတ်ဆီ ဒီဇာယ် စသည်တို
့ထွက်ရျှိပါသည်။၎င်းဖိုများကိုတော့ဖမ်းဆီးခြင်းမရှိဘဲမသိချင်ယောင်ဆောင်ကာလက်ပိုက်ကြည့်နေပါသည်။ကျနော်တို
့တနေ့လုပ်မှတနေ့စားများကိုတော့ဖမ်းဆီးပါသည်။ကျနော်တို့ကအရက်ပုန်းလေးပဲရောင်းတာပါဖိုမတည်ပါ
ဘူးခင်ဗျာ။ဖိုတည်ထားတဲ့ရေနံချက်ဖိုတွေကြတော့ဒီအတိုင်းလက်ပိုက်ကြည့်နေတဲ့သရက်တောရဲစခန်းမှူးကြီး
သည် ၆.၂.၁၃ ရက်နေ့ကသရက်တောစခန်းပိုင်မန်ကျီးဇင်ကျေးရွာနေ ဘ
ဦးမျိုးမြင့်၏သားတိုင်းကျော်ပိုင်ဆိုင်သည့်နွားပျောက်သည့်အမှူကိုလည်းတရားခံမိရဲ့သားနှင့်အမှုမလုပ်ပဲပြန်လွှတ်ပေးခဲ့ပါသည်။တကယ်ဆိုလျှင်နွားခိုးမှူနှင့်ဖွင့်ရမည်မဟုတ်ပါလော။ဖြစ်စဉ်မှာ
မန်ကျီးဇင်ရွာနေ ဘ ဦးမျိုးမြင့်၏သားတိုင်းကျော်ပိုင်ဆိုင်သည့်
နွားနက်ပြာ သည်မန်ကျီးမမှော်တွင် ၆.၂.၁၃ တွင်ပျောက်ဆုံးသွားခဲ့ ပါ
သည်။ထို့ကြောင့်သရက်တောရဲစခန်းအားတိုင်တန်းခဲ့ပြီးလိုက်လံစုံစမ်းရာ
တရားခံကိုမိခဲ့ ပါသည်။တရားခံမှာနွားပျောက်ဆုံးသူနှင့်တရွာတည်းနေ
ကျော်ဆန်းဝင်း(ဘ)ဦးသန်းအောင်ဖြစ်ပါသည်။၎င်းသည်ဆိပ်ဖြူမြို့ နယ်အတွင်းရှိ
ငှက်ပြာကြီးကျေးရွာတွင်နေထိုင်သော ကိုသန်းနိုင်ထံသို
့နွားသွားေ၇ာင်းခဲ့ပါသည်။ထိုအမှုပေါ်သောအခါသရက်တောစခန်းမှူးမှနွားခိုးမှုနှင့်အမှုမဖွင့်ပဲတရားခံကိုပြန်လွှတ်ပေးခဲ့ပါသည်။ကျနော်တို
့အမြင်မှာတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များသည် သူခိုးကိုများ
မွေးစားနေသလားဟု
ပင်ထင်မှတ်မိပါကြောင်းသမ္မတကြီးသိရှိစေရန်ဖော်ပြပေးပါခင်ဗျာ။
 
ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment