Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 6 November 2013

ဆိပ်ကြီးခနောင်တိုမြို့နယ်၊မြို့နယ်လျှပ်စစ်မှူးနှင့် ကံလှကျေးရွာအုပ်ချုပ်ရေးမှူးတို့မှမိမိကိုယ့်ကျိုးအတွက်ကွာခြားယူနစ်ဓာတ်အားခတောင်းခံနေခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဆိပ်ကြီးခနောင်တိုမြို့နယ်၊မြို့နယ်လျှပ်စစ်မှူးနှင့် ကံလှကျေးရွာအုပ်ချုပ်ရေးမှူး၊ပုသိမ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ စက်ဆန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ မီးလင်းရေးကော်မတီဥက္ကဌ ဒေါ်ခင်ငြိမ်းသူ(ကံလှရွာ)၊ ဒေါ်မြအေးကြည်(ပုသိမ်ရွာ)၊ ဦးသိန်းဝင်း(စက်ဆန်းရွာ) တို့မှ မိမိကိုယ့်ကျိုးအတွက် ပူးပေါင်း၍ ကျေးရွာပြည်သူပြည်သားများအပေါ် ကွာခြာယူနစ်မီးတာခများတောင်းခံလျက်ရှိပါသည်။

          တွံတေးမြို့နယ်၊လက်ပံဂွအုပ်စု၊ကံလှကျေးရွာ၊ပုသိမ်ကျေးရွာ၊စက်ဆန်ကျေးရွာများတွင် ဆိပ်ကြီးခနောင်တို မြို့နယ်လျှပ်စစ်မှူးနှင့် ကံလှ၊ပုသိမ်၊စက်ဆန်းကျေးရွာရှိ မီးလင်းရေးကော်မတီတို့ ပေါင်း၍ ကျေးရွာပြည်သူများ အပေါ်(၂)နှစ်ကျော် ဒုက္ခများပေးခဲ့သည်များ ယခုအချိန်အထိရှိပါပြီး ကွာခြာယူနစ်ခဟူ၍ ပိုက်ဆံများလတိုင်း တောင်းခံနေလျက်ရှိပါသည် လတိုင်းတစ်လလျင် ငါးရာကျော်တစ်ထောင်အထိ ပုံမှန်လစဉ်လတိုင်းလိမ်ညာ ကောက်ခံ၍ မြို့နယ်လျှပ်စစ်မှူးနှင့်မီးလင်းရေးကော်မတီတို့ပေါင်းစားနေကြပါသည်။ မီးရသည့်နေမှစ၍ ကျေးရွာသူ ကျေးရွာသားများမပျော်ရွင်ရဘဲ တစ်ဦးနှင့်တစ်ဦးစိတ်ဝမ်းတွေကွဲနေကြရပါသည်။ ၂၀၁၃ခုနှစ်၊မေလပိုင်းမှစ၍ ကွာခြာယူနစ်ခကိုတစ်နှစ်စာဟူ၍ ကြိုတင်ကောက်ခံလျက်ရှိပါသည်။ ယခုအခါ ကြိုတင်ငွေများကိုပြန်ပေး၍ လစဉ်ပုံမှန်ပေးသွင်းသွားရန် တရားမ၀င်ပေါင်ချာများဖြင့် တောင်းခံလျက်ရှိပါသည်။ ငွေလိမ်လည်၍ ပေါင်းစားရန် တောင်းခံလျက်ရှိသောသူများမှာ…
၁။       ကံလှကျေးရွာရှိ                   ကျေးရွာလူကြီးနှင့်ဒေါ်ခင်ငြိမ်းသူ
၂။       ပုသိမ်ကျေးရွာရှိ         ကျေးရွာလူကြီးနှင့်ဒေါ်မြအေးကြည်
၃။       စက်ဆန်ကျေးရွာရှိ      ကျေးရွာလူကြီးနှင့်ဦးသိန်းဝင်  တို့လူများပေါင်း၍ ပြည်သူများထံမှ ကွာခြာယူနစ်ခ တောင်းခံရရှိသော ပိုက်ဆံများကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြို့နယ်လျှပ်စစ်မှူးတို့ပေါင်း၍ မိမိတို့ကိုယ်ကျိုး အတွက်တောင်းခံလျက် ပြည်သူများကိုဒုက္ခအမျိုးမျိုးနဲ့ခြိမ်ခြောက်လျက်ရှိပါသည်။

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment