Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 29 November 2013

ပုလဲမြို့နယ် ကံကြီးကျေးရွာအတွင်းစည်းကမ်းမဲ့မှုများကို အကြိမ်ကြိမ်တိုင်ကြားထားသော်လည်း အရေးယူမှုမရှိခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကံကြီးကျေးရွာ ရွာအလယ်ဗဟိုလူနေရပ်ကွက်တွင် စီးပွားဖြစ်မွေးမြူရေးသမားက   ၀က်များကို ခြံခတ်မွေးမြူမှုကြောင့် ကျေးရွာနေပြည်သူများ အနံ့ဆိုးများခံစားရခြင်း၊ တိရစ္ဆာန်များမှ ကူးစက်သော ရောဂါများရရှိနိုင်ခြင်း ယာယီကျေးလတ်ကျန်းမာရေးဌာနနှင့် လွန်စွာနီးကပ်လျက် ရှိနေခြင်းတို့ကြောင့် သက်ဆိုင်ရာများသို့ အကြောင်းကြားတင်ပြခဲ့ပါသည်။ မြို့နယ်ကျန်းမာရေးဌာန တိ/ကု ဦးစီးမှူးကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး ပုလဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ 23.8.2013 နေ့စွဲဖြင့် ၀က်ခြံပိုင်ရှင်အား နေရာပြောင်းရွှေ့ပေးရန် ညွှန်ကြားခဲ့သော်လည်း မည်သည့်နေ့တွင် နောက်ဆုံးပြောင်းရွှေ့ရန် သက်မှတ်ချက် မပါခဲ့ပါ။ ၀က်ခြံပိုင်ရှင်မှ ရွှေ့ပြောင်းမှုမရှိခြင်းကြောင့် 19.9.2013နေ့စွဲဖြင့် နောက်တစ်ကြိမ် ဆက်လက်တင်ပြရာတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အထိတင်ပြသော်လည်း ယခုချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါ။ အရေးယူဆောင်ရွက်မည့်ဌာနမှ အရေးယူဆောင်ရွက်ခြင်းမရှိသဖြင့်  ကျေးရွာနေပြည်သူများဒုက္ခများကို ဖြေရှင်းပေးမည့်သူကို မျှော်ကိုးနေပါသည်။ ကျွန်တော်တို့ကို ကျေးရွာအထောက်အကူပြုကော်မတီအဖြစ် ဖွဲ့စည်းပေးခဲ့သဖြင် ကျေးရွာအတွင်းရှိယခုလိုကိစ္စများကို သက်ဆိုင်ရာများသို့ တင်ပြရာတွင် အရေးယူခြင်းမရှိပါ။ ကျွန်တော်တို့ ကျေးရွာအထောက်အကူပြုကော်မတီများ အဘယ်ကိစ္စများဆောင်ရွက်ရန် ဖွဲ့စည်းပေးခဲ့ပါသလဲ  ဒီအကြောင်းအရာများကို အထက်လူကြီးမင်းများသိရှိနိုင်စေရန် တင်ပြလိုက်ခြင်းဖြစ်ပါသည်။
                                                                   ကျော်မောင်
                                                          ၅/ပ လ န (နိုင်) ၀၄၉၃၃၉
                                                      ကျေးရွာအထောက်အကူပြုအဖွဲ့
                                                      ကံကြီးကျေးရွာ၊ ပုလဲမြို့နယ်၊
                                                          ဖုန်း = 09.256192514

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment