Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 6 November 2013

ယုံကြည်ချက်ဖြင့်အကျဉ်းစံသူများ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

.
ယုံကြည်ချက်ဖြင့်အကျဉ်းစံသူများ

အပုတ်လှိုင်းတွေနဲ
အုတ်တံတိုင်းအသွင်းခံရမှ
အကျဉ်းစံလို့ခေါ်သလား။

အပြစ်ဒဏ်  မထုနိုပ်လေဘဲ
အညစ်ခံ      ဆုတံဆိပ်တွေနဲ့
သူ့အရိပ်      သူ့စည်းဝင်းမှာ
သူ့စည်းမျဉ်း    မမြင်ရတဲ့ကြိုးတွေ
တိုးလို့ရစ်ထား။

ဘယ်သူ့ကာ     ဘယ်သူ့ကွယ်မှန်းမသိဘဲ
ဘယ်သူ့နွယ်တန်းငြိသလဲ
ဘယ်သူအဆွယ်တျမ်းမိသလဲ
အသိတွေ     ဆင်းပြန်ငုပ်လေတော့
အနင်းခံမဟုတ်
မကျဉ်းစံမဟုတ်
အကြွင်းကျန်မဟုတ်
မင်းဒဏ်       မဟုတ်
သတင်းမှန်မထုတ်     ဖုံးလေသမျှ
အတင်းဟန်လုပ်        ပြုံးနေရ
ရုန်းနေကြတဲ့         ဘဝဝဲ။

မလွတ်လပ်    အကွပ်အသပ် ကြားမှာ
ငါ့နိုင်ငံသားငါ့နိုင်ငံ   အစချီလို့
သစ္စာသီ          ကျမ်းရွက်ကျိန်သူတို့
ထမ်းရွက်ချိန်   ဆက်လျှောက်မလွယ်တော့
အသက်ခြောက်ဆယ်     ပြည့်ချင်ပြည့်
အသက်ငွေ့                      ဆုံးချင်ဆုံး
ကိုယ္အဂါၤ                   ရွဳံးခ်င္ရွဳံးမွ
ကွင်းလုံးကျွတ်     လွတ်လပ်သလား
အထွဋ်အမြတ်ထား    ဂုဏ်ရည်တက်စေဖို့
ယုံကြည်ချက် တွေနဲ့   မငြင်းဆန်ရဲ
မှုံရီပျက်ကြွေ                အနင်းခံထဲမှာ
(  ငါတို့လဲ     )
အကျဉ်းစံပဲ  ။              ။



                        တောင်ပံရိုင်း( မကွေး )

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment