Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 9 November 2013

သာစည်မြို့ မှစက်မှုလုပ်ငန်း စက်မှုယက္ကန်း လျှပ်စစ်သုံးစက်မှုလုပ်ငန်းများ၏လျှပ်စစ်ခိုးယူသုံးစွဲပုံသိရှိနိင်ရန်နှင့်စစ်ဆေးကြပ်မတ်ပေးပါရန်အကြံပြုခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး
တိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီး တိုင်းလျှပ်
စစ်အင်ဂျင်နီယာ မြို့ နယ်လျှပ်စစ်အင်ဂျင်
နီယာ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး
ဌာနမြို့ နယ်အုပ်ချုပ်ရေးမှူးတို့ အား
သာစည်မြို့ ရှိစက်မှုလုပ်ငန်းများ စက်မှု
ယက္ကန်းလုပ်ငန်းများ ဆီစက် ဆန်စက်များ
၏လျှပ်စစ်မီးကိုမသမာမှုနည်းများ
ဖြင့်ခိုးယူ
သုံးစွဲနေပုံကိုအသိပေးလိုပါသည်။
ဥုံသတင်းကဏ္ဌ၏ကျေးဇူးကြောင့်
၅-၁၁-၂၀၁၃နေ့ ညနေပိုင်းတွင်မြို့ နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိ
သူများ မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ
တာဝန်ရှိသူများလုပ်ငန်းရှင်များ၏လျှပ်စစ်
သုံးစွဲမှုများကိုလိုက်လံစစ်ဆေးခြင်း ပြည်သူ
များမီးသုံးစွဲမှုအခြေအနေ လုပ်ငန်းရှင်များ
၏စည်းကမ်းမဲ့လုပ်ကိုင်နေမှုများကိုကွင်း
ဆင်းစစ်ဆေးပြီး နိုင်ငံတော်၏လိုအပ်ချက်
ပြည်သူများ၏ဆန္ဒကိုဖြည့်စွက်သောအား
ဖြင့်၆-၁၁-၂၀၁၃ရက်နေ့ ညတွင်လုပ်ငန်း
ရှင်များပြည်သူနားနေချိန် ကျောင်းသူ/သါး
များစာကျက်ချိန် သက်ကြီးရွယ်အိုများနား
နေချိန်အဖြစ်သတ်မှတ်ထားသောညနေ ၎
နာရီမှည ၁၀ နာရီအထိလုပ်ငန်းများရပ်နား
ထားရန်တစ်မြို့ လုံးသိစေရန်လိုက်လံကြေ
ညာနေသည့်အတွက်နတ်လူသာဓုခေါ်ပါ
သည်။သည်လိုကြေညာခဲ့ပေါင်းလဲများခဲ့ပါ
ပြီ။လုပ်ငန်းရှင်များအနေနှင့်လည်းမီးကို
ဘယ်လိုခိုးသုံးမည် ဘယ်လိုမသမာမှုလုပ်
မည်ကိုလျှပ်စစ်ဝန်ထမ်းများနှင့်အစကတဲက
အချိတ်အဆက်လုပ်ပြီးဖြစ်မည်ထင်ပါသည်။
ပြည်သူများဘဝင်မကျုဖြစ်နေသည်မှာလုပ်
ငန်းရှင် များသောအားဖြင့်စက်မှုယက္ကန်း
လုပ်ငန်းများမီးခိုးသုံးသည့်မသမာမှုလုပ်
တိုင်းမြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှစစ်
ဆေးအရေးယူနိုင်ခြင်းမရှိဘဲ နေပြည်တော်
တိုင်းဒေသကြီးမှလာရောက်စစ်ဆေး၍ဒဏ်
ကြေးငွေသိန်းရာ ဆယ်ချီ၍အရေယူခြင်းပင်
ဖြစ်ပါသည်။မြို့ နယ်လျှပ်စစ်မှူးနှင့်ဝန်ထမ်း
များအနေဖြင့်နိုင်ငံ့တာဝန်ကျေပြွန်အောင်
ထမ်းဆောင်မှုမရှိသည်မှာအမှန်ပင်ဖြစ်ပါ
သည်။ယခုအခါလုပ်ငန်းသုံးမီတာကြေးများ
ပုံစံပြောင်းကောက်သည့်အပေါ်မသမာသေါ
နည်းဖြင့်အောက်ပါအတိုင်းဆောင်ရွက်နေ
သည်ကိုတာဝန်ရှိသူများအနေဖြင့်ဆက်
လက်ကွင်းဆင်းပိုက်စိတ်တိုက်စစ်ဆေးအ
ရေးယူမှသာနွေရာသီမီးပြည့်ဝစွာသုံးစွဲနိုင်
ခြင်း လျှပ်စစ်လေလွင့်ပျောက်ဆုံးမှုမရှိဘဲ
လျှပ်စစ်လုပ်ငန်းအရှုံးပေါ်နေခြင်းအပေါ်ပြန်
ကာမိနိုင်ခြင်းများဖြစ်လာပါမည်။အဓိကပြု
လုပ်နေသောသာစည်မြို့ ပေါ်စက်မှုယက္ကန်း
လုပ်ငန်းများမှာအမှတ် ၁ သီရိမင်္ဂလာရပ်
သာယာအေးရပ် ချမ်းသာကြီးရပ်စွန်းလွန်း
ဘုန်းတော်ကြီးကျောင်းအနီး မင်းရန်နိုင်
တိုးချဲ့ ရပ် အမှတ် ၇ ရပ် အမှတ် ၃ ရပ်တို့ 
ဖြစ်ပါသည်။မသမာမှုပြူလုပ်ပုံမှာ-----
(၁)မီးမသုံးစွဲရဟုသတ်မှတ်ထားသော
ချိန်တွင်အင်ဂျင်အနှိုးပြပြီးမီးခိုးသုံးခြင်းံ


(၂)မီတာပုံးများချိတ်ဆီးလ်ခတ်ထားသော်
လည်းမီတာပုံးကိုနောက်မှခွါ၍မီတာ
ဝင်နေရာမှတိုက်ရိုက်မီးဆွဲသုံးခြင်းဖြင့်
မီတာကြေးပေးဆောင်ရန်မလိုခြင်း
(၃)မီတာပုံးကိုမီတာမတက်စေရန်အတွက်
ဖြုတ်၍မှောက်ထားခြင်း
(၄)ဆားဗစ်ကြိုးကိုမီတာတွင်မဝင်တော့ဘဲ
တိုက်ရိုက်သွယ်တန်းသုံးစွဲခြင်း
(၅)သာမန်ပြည်သူများအိမ်တွင်သာမီတာပုံး
ချိတ်ဆီလ်းခတ်ပြီးလုပ်ငန်းရှင်များနေ
အိမ်တွင်ချိတ်ဆီးလ်မခတ်သည့်အတွက်
မီတာမတက်အောင်ကလစ်ကိုရွှေ့ ထား
ခြင်း
(၆)မိမိလုပ်ငန်းမီးအားပိုမိုသုံးစွဲနိုင်ရန်အ
အတွက်မီးတိုင်မှမီးလိုင်းကြိုးကိုဝါးဖြင့်
ပြောင်းရွှေ့ ချိတ်သုံးခြင်း
(၇)အချို့  မီတာမရှိဘဲလမ်းမီး အများသုံး
မီးလိုင်းမှချိတ်သုံးခြင်း စသည်များဖြစ်
သည့်အတွက်တာဝန်ရှိသူများမှမည်သူ့  မှ
အကြောင်းမကြားဘဲရှောင်တခင်ဝင်ရောက်
စစ်ဆေးပါကတွေ့ နိုင် အရေးယူနိုင်မည်ဖြစ်
ပါသည်။မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ
ခရိုင် သာစည်မြို့ ရှိစက်မှုလုပ်ငန်းများ
စက်မှုယက္ကန်းလုပ်ငန်းများ၏လျှပ်စစ်မီးအါး
ခိုးယူသုံးစွဲနေမှုများကိုအမြန်ဆုံးအရေးယူ
ဆောင်ရွက်ပေးပါရန်နှင့်လျှပ်စစ်ဓါတ်အား
အမှန်အကန်ဖြစ်စေရန် သာစည်မြို့ ပေါ်ရှိ
လုပ်ငန်းရှင်များကိုဒီဂျစ်တယ်မီတာများ
ပြောင်းလဲတပ်ဆင်ပေးပါရန်အကြံပြုတင်ပြ
အပ်ပါသည်။

အမှန်အကန်ဖြစ်လိုသောပြည်သူတဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   

No comments:

Post a Comment