Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 10 November 2013

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့တွင်အင်းချောင်းရအောင်လုပ်ကိုင်ဆောင်ရွက်ပေးမည်ဆို၍ရွာသားများထံမှပါတီကော်မတီဝင်တစ်ဦးမှငွေတောင်းယူခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့တွင် တစ်နှစ်တစ်ခါကျေးရွာအလိုက်ပြော
င်းရွှေ့ကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အကြောင်းပြု ခင်မင်ရာမှ ကျေးရွာနေကရင်အမျိုးသားနှစ်ဦးထံမှ အိမ်မဲမြို့ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်တစ်ဦးက အင်းချောင်းလုပ်ကိုင်ခွင့်ရအောင်ဆောင်ရွက်ပေးမည်ဆို၍ ငွေတောင်းယူခြင်းဖြစ်ပွားခဲ့သည်
> ဖြစ်စဉ်မှာ အိမ်မဲမြို့တွင်၂၀၁၀ခုနှစ်၌ ရာစုရိုးကျေးရွာနေ ဦးစိန်သန်းအောင်(ခ)စောသန်းအောင်မှကျေးရွာတွင်နှစ်စဉ်ကျင်းပသောကရင်နှစ်သစ်ကူးပွဲတော်ကျင်းပဆောင်ရွက်ရာတွင်အခက်အခဲပြသနာများမရှိစေရန်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးဇွဲမာန်လွင်နှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရင်းဖြင့်ခင်မင်ရင်းနှီးခဲ့သည်။ထိုသို့ရင်းနှီးရာမှ၁လအကြာကျင်းပသောကရင်နှစ်သစ်ကူးပွဲတော်၌ထိုပါတီကော်အတီဝင်အားမိမိနေအိမ်၌တည်းခိုဝင်ထွက်သွားလာစေခဲ့သည်ဟုဦစောသန်းအောင်၏ပြောပြချက်အရသိခဲ့ရသည်။
>
>              အိမ်မဲပြည်ခိုင်ဖြိုးပါတီကော်မတီ
> ဝင်ဦးဇွဲမာန်လွင်မှဦးစောသန်းအောင်အားတကောသစ်ငုတ်တိုအင်းချောင်းအားလုပ်ကိုင်လိုလျှင်မိမိရအောင်စွမ်းဆောင်ပေးနိုင်ကြောင်းထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ရေလုပ်ငန်းဦးစီးဌာန နေပြည်တော်သို့ သွားရောက်ဆောင်ရွက်ရမည်ဖြစ်ပြီး ငွေကြေး(5)သိန်းကုန်ကျမည်ဖြစ်ကြောင်း
> ထိုငွေကြေးအကုန်အကျခံနိုင်ပါက မိမိဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောဆိုကမ်းလှမ်းသဖြင့်ဦးစောသန်းအောင်မှမိမိတွင်လက်ဝယ်ငွေကြေးမရှိသဖြင့်လယ်၂ဧကရောင်းပေးမည်ဖြစ်ကြောင်းပြန်လည်ပြောဆိုပြီးလယ်တစ်ဧကလျှင်၃သိန်းကျပ်ဖြင့်ရောင်းချခဲ့ပြီးဦးဇွဲမာန်လွင်အားငွေ၅သိန်းပေးအပ်ခဲ့သည်။ထို့နောက်ပုသိမ်မြို့သို့တစ်ကြိမ်။ရန်ကုန်မြို့သို့တစ်ကြိမ်ပါတီကော်မတီဝင်ဦးဇွဲမာန်လွင်ခေါ်ဆောင်ရာသို့လိုက်ခဲ့ရကြောင်းဦးစောသန်းအောင်ကဆိုပါသည်။  ''အစကသူ့ကိုဘယ်ဌာန ဘယ်ဝန်ထမ်းမှန်းမသိပါဘူး။ငွေမပေးခင်မှာအိမ်မဲမြို့ ပြည်ခိုင်ဖြိုးပါတီရုံးကိုခေါ်သွားပါတယ်။အဲဒီ့အချိန်ပြည်ခိုင်ဖြိုးပါတီမှာအတွင်းရေးမှူးကကျွန်တော်တို့တိုင်းရင်းသားဦးမန်းနယ်လဆင်ပါ။ကျွန်တော်တို့ဆရာလည်းဖြစ် တိုင်းရင်းသားတူလည်းဖြစ်တဲ့အတွက်ဆရာနယ်းကိုငွေပေးလိုက်ရင်အင်းချောင်းရနိုင်ပါ့မလားလို့မေးဖြစ်ခဲ့တယ်။ ကောင်လေးကအဝင်အထွက်ညက်ပါတယ်လို့ဆရာနယ်လဆင်ပြောတော့ ငွေ၅သိန်းပေးလိုက်တယ်။ ပုသိမ်တစ်ခေါက်ခေါ်သွားပြီးကျွန်တော့်ကိုပြည်ခိုင်ဖြိုးရုံးမှာအသက်ကြီးကြီးရုံးစောင့်တစ်ယောက်နဲ့ထားခဲ့ပါတယ်။ပုသိမ်မြို့ကိုရောက်ဖူးပေမဲ့မြို့ရည်လည်အောင်မသွားတတ်ပါဘူး။၁နာရီကြာတော့ကျနော့်ကိုပြန်လာခေါ်ပါတယ်။လူကြီးတွေနဲ့တွေ့ပြီးပြီလို့ပြောပါတယ်။ ရန်ကုန်ကိုတစ်ခေါက်ခေါ်သွားတာသူခေါ်တဲ့နေရာသာလိုက်သွားတာဘယ်ရပ်ကွက်ဘယ်နေရာရောက်မှန်းကျွန်တော်မသိပါဘူး။ သွားစရိတ် လာစရိတ်နဲ့ဆိုစုစုပေါင်း
> ၇သိန်းခွဲလောက်ကုန်သွားပါတယ်။'''ဟုဦးစောသန်းအောင်ကရင်ဖွင့်ပြောကြားခဲ့ပါတယ်။ ထို့နောက်ပါတီကော်မတီဝင်ဦးဇွဲမာန်လွင်မှငွေကြေးထပ်မံအသုံးပြုရန်လိုအပ်သည်ဟုဆို၍ဦးစောသန်းအောင်ထံငွေ၂သိန်းထပ်မံတောင်းယူသောအခါမိမိတွင်ငွေကြေးမပြေလည်ဟုဆို၍ညောင်ငူကျေးရွာနေဦးစံလှအေးအားပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးဇွဲမာန်လွင်မှတကောသစ်ငုတ်တိုအင်းချောင်းရအောင်လုပ်ကိုင်ပေးနေပြီဖြစ်၍ငွေ၂သိန်းထပ်လိုနေကြောင်းငွေ၂သိန်းပေးပါကအင်းချောင်းတွင်အတူတကွပါဝင်လုပ်ကိုင်နိုင်ကြောင်းပြောဆို၍အကူအညီတောင်းခဲ့သည်။ညောင်ငူကျေးရွာနေဦးစံလှအေးမှအိမ်မဲမြို့ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးမန်းနယ်လဆင်အားငွေ၂သိန်းပေးသင့်မပေးသင့်မေးမြန်းခဲ့ရာတွင်တကယ်လုပ်ကိုင်အကူအညီပေးမည်ဆိုကဦးဇွဲမာန်လွင်မှာထိုးဖောက်နိုင်သူဖြစ်ကြောင်းပြောသဖြင့်ငွေ၂သိန်းထပ်မံပေးခဲ့သည်ဟုကာယကံရှင်များပြောပြချက်အရသိရသည်။'''အခုချိန်အထိအကျိုးအကြောင်းဘာမှမသိရပါဘူး။အင်းချောင်းလုပ်ကိုင်ခွင့်လည်းမရဘူး။ငွေလည်းပြန်မရဘူး။ပြည်ခိုင်ဖြိုးရုံးမှာခင်တဲ့လူတွေရှိတော့မျက်နှာမပျက်ချင်လို့ဒီအတိုင်းနေလာခဲ့တယ်။ပြန်ပေးရင်တော့ပိုက်ဆံပြန်လိုချင်တယ်။ကာလကြာနေတော့မကျေနပ်ပါဘူး။မရ ရင်တော့တိုင်သင့်ရင်တိုင်ကြားမှာပါ'''ဟုဦးစံလှအေးမှပြောကြားခဲ့သည်။
>         ယခုကဲ့သို့ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်၏အင်းချောင်းလုပ်ကိုင်ခွင့်နှင့်ပတ်သတ်သောငွေကြေးအရှုပ်အရှင်းများကိုရှင်းလင်းနိုင်ရန်ရာစုရိုးကျေးရွာနေဦးစောသန်းအောင်နှင့်ညောင်ငူကျေးရွာနေဦးစံလှအေးတို့မှ
> တရားလွှတ်တော်ရှေ့နေဦးငွေကြည်အာ
> civil  power   crimial  power တို့ကိုလွှဲ
> အပ်၍ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဇွဲမာန်လွင်အားငွေကြေးကိစ္စဖြေရှင်းနိုင်ရန်အကြောင်းကြား(နို့တစ်စာ)ကို(10.10.2013)နေ့တွင်ပေးပို့ခဲ့ကြောင်းသိခဲ့ရသည်။ထိုသို့အကြောင်းကြားစာပေးပို့သော်လည်းယခုအချိန်ထိမည်သို့မျှအကြောင်းပြန်ခြင်း လာရောက်တွေ့ဆုံခြင်းမရှိသည့်အတွက်တရားစွဲဆိုနိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်
>
> သတင်းမေးစုံစမ်းနိုင်ရန်
> ဦးစံလှအေး
>   09422476774

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment