Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 20 November 2013

တိုင်းလျှပ်စစ်အင်ဂျင်နီယာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့်သာစည်မြို့ နယ်အုပ်ချုပ်ရေးမှူးတို့ မှသက်ဆိုင်ရာနှင့်ပတ်ဝန်းကျင်အားဆဲရေးတိုင်းထွာနေသောစည်းကမ်းသတ်မှတ်ချက်မလိုက်နာဘဲစည်းပျက် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်းဒေသကြီး မိထ္ထီလာ
ခရိုင် သာစည်မြို့ အမှတ် ၁ သီရိမင်္ဂလာရပ်
ကွက်မှစက်မှုယက္ကန်းလုပ်ငန်းရှင်
များဖြစ်
သောဦးစိန်လှိုင် ဦးအောင်ဆန်းဝင်း
ကိုကျော်စိုးလွင် တို့ သည် ၆-၁၁-၂၀၁၃
ရက်နေ့ ညကမြို့ နယ်လျှပ်စစ်အင်ဂျင်နီယာ
ရုံးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ မှထုတ်
ပြန်ကြေညာခဲ့သောပြည်သူများ သက်ကြီး
ရွယ်အိုများနားနေချိန်နှင့်ကျောင်းသား/သူ
များစာကျက်ချိန်အဖြစ်ညနေ ၄ နာရီ မှည
၁၀ နာရီအထိ လုပ်ငန်းများရပ်နားထားရန်
သတ်မှတ်ခဲ့သော်လည်းဖေါ်ပြပါ(၃)ဦးသည်
ရပ်နားခြင်းမရှိခဲ့၍ပြည်သူတစ်ဦးမှမြို့ လျှပ်
စစ်တာဝန်ရှိသူထံဖုန်းဖြင့်သတင်းပို့ တိုင်
ကြားခဲ့သည့်အတွက်မြို့ လျှပ်စစ်မှဝန်ရှိသူ
ဦးသိန်းဇော်မှလာရောက်တားမြစ်ခဲ့ပါသည်။
ဦးသိန်းဇော်ပြန်သွားပြီးနောက်ယက္ကန်း
ပိုင်ရှင်ကိုကျော်စိုးလွင်မှပတ်ဝန်းကျင်အား
ရုတ်ရင်းကြမ်းတမ်းစွာဆဲရေးတိုင်းထွာခြင်း
ကိုယ့်ငွေနဲ့ ကိုယ်လုပ်တယ်ဘာစည်းကမ်းမှ
လိုက်နာစရာမလိုဘူး ဘယ်သူ့ မှသောက်
ဂရုစိုက်စရာမလိုဘူး ယက္ကန်းတစ်စင်ကိုငွေ
၃၀၀၀ကျပ် မြို့ နယ်အုပ်ချုပ်ရေးမှူး ရပ်
ကွက်အုပ်ချုပ်ရေးမှူး မြို့ လျှပ်စစ်မှူးတွေကို
ပေးထားပြီးသား ဒီကောင်တွေငါ့ခါးပိုက်ထဲ
ထည့်ထားပြီးသား ဘယ်ကောင်တိုင်မလဲ
လိုက်ပို့ ပေးအုံးမယ်ဆိုပြီးဆဲနေခြင်း-ရပ်
ကွက်လူကြီးရူး ရူးနေသောအရက်သမား
ဖဲသမားယက္ကန်းပိုင်ရှင်ဦးအောင်ဆန်းဝင်း
နှင့်ဦးစိန်လှိုင်ဆိုသူတို့ ကပတ်ဝန်းကျင်ကို
စိန်ခေါ်ဆဲနေသည့်အတွက်ရပ်ကွက်ပြည်သူ
တစ်ဦးဖြစ်သည့်ဦးမြတ်ထွန်း(မီးရထားကုန်
ရုံ)ကဝင်ရောက်ပြောဆိုခဲ့ရာယက္ကန်းပိုင်ရှင်
ကိုကျော်စိုးလွင်မှဦးမြတ်ထွန်းကိုပါဆက်
လက်ရန်ပြုခဲ့သည့်အတွက်ပြည်သူမှရွေး
ချယ်ထားသောရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးမောင်ဝင်းထံလူကိုယ်တိုင်သွားရောက်
တိုင်ကြားခဲ့သော်လည်းမည်သို့ မှအရေယူ
ဖြေရှင်းမဆောင်ရွက်ပေးဘဲမသိကျိုးကျွန်
နေခဲ့ပါသည်။
ကျနော်တို့  ရပ်ကွက်များမှာလူ
နေရပ်ကွက်သာဖြစ်ပါသည်။စက်မှူဇုံမဟုတ်
ပါ။ယက္ကန်းသံများကြောင့်ကောင်းစွာမအိပ်
ရခြင်း အနီးအနားရှိယက္ကန်းရုံများမီးလေါင်
ခြင်းများကြောင့်မီးအန္တရာယ်စိုးရိမ်နေရခြင်း
များနေ့ စဉ်ခံစားနေရပါသည်။(၂၄)နာရီ
တွင်သူတို့အတွက်(၁၈)နာရီ ပြည်သူများ
နားနေချိန် ကျောင်းသား/သူများစာကျက်
ချိန် သက်ကြီးရွယ်အိုနှင့်နာမကျန်းဖြစ်နေ
သူများနားနေချိန်(၆)နာရီသာရှိသည်ကို
စာနာသင့်ပါသည်။ုပြည်သူများမီးသုံးစွဲချိန်
ဖြစ်သည့်ညနေ(၄)နာရီမှည(၁၀)နာရီအ
ချိန်အတွင်းမီးစက်အင်ဂျင်အမောင်းပြပြီး
လျှပ်စစ်ဝန်ထမ်းများက်ိုငွေပေး၍မီးဖြင့်ုလုပ်
ကိုင်နေတာတွေလည်းရှိနေပါသည်။
သို့ ပါ၍စည်ကမ်းမဲ့လုပ်ကိုင်လို
ပါလျှင်မြို့ အပြင်တစ်နေရာတွင်စက်မှုဇုံ
ဖန်တီးပြီးပြောင်းရွှေ့ ပေးပါရန်နှင့်ဆဲရေး
တိုင်းထွာနေသောဦးစိန်လှိုင် နှင့်
ဦးအောင်ဆန်းဝင်း ကိုကျော်စိုးလွင် တို့ အါး
ပြင်းထန်စွာအရေးယူပေးပါ။သတ်မှတ်စည်း
ကမ်းအတိုင်းမလိုက်နာပါကလည်းတည်ဆဲ
ဥပဒေများအရရေးယူပေးပါရန်နှင့်ယက္ကန်း
တစ်စင်ငွေ၃၀၀၀ိပေးခြင်းကိုအမြန်ဆုံးဖေါ်
ုထုတ်အရေးယူပေးပါရန်တိုင်ကြားအပ်ပါ
သည်။
 
ရပ်ကွက်ပြည်သူတစ်ဦး
အမှတ်၁သီရိမင်္ဂလာရပ်ကွက် သာစည်မြို့ 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

1 comment:

  1. ပုဂ္ဂိုလ်ရေးဆန်သောသတင်းပေးပို့မူလို့ ထင်ပါတယ် သေသေချာချာစစ်ဆေးကြည်ရင် တွေ့ ပါမည်။ သူတို့  (တစ်ဦးတည်းကတိုင်ကြားတယ်လို့ ထင်ပါတယ်)...ပုဂ္ဂိုလ်ရေးတိုက်ခိုက် မူကြောင့် တခြားသူများ အထူးအားဖြင့် အခြေခံလူတန်းစားတွေနစ်နာပါတယ်...မယုံရင် လာကြည့် ပါ အသက်ဖြင့်တောင်လောင်းကြေးထပ်ရဲလှပါတယ်။။
    သာစည်သား

    ReplyDelete