Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 1 November 2013

မုံရွာခရိုင်တွင်sim card များမဲနှိုက်ပေးခြင်းနောက်ဆက်တွဲ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာတော့ဖြင့်
အဖြစ်အပျက်လေးတစ်ချို့ကိုတော့- မြို့နယ်မှာ ဖုန်းကဒ်များချထား ပေးရာ
ဌာနဆိုင်ရာအလိုက်ချထားပေးခြင်း
အားဖြင့်ပြုလုပ်ပါသည်။
အထက်ကချထားပေးသော်လည်း အောက်မှာတော့တစ်မျိုးဖြစ်ရပြန်သည်။
မဲနှိုက်ပေးရာတွင်လဲ မဲပေါက်ပြီးသော သူများကထပ်မံရရှိပြီး မရသေးသောသူများ၏
လျှေက်လွှာများကိုပယ်လိုက်၊ တင်လိုက်လုပ်နေရပါသည်။ တစ်ခါလာလည်း မရ ၊
နှစ်ခါနှိုက်လဲမရဖြစ်နေတော့သည်၊ လျှေက်လွာစာရွက်သာကုန်သွားပါသည်
မရခဲ့ပါ။ဆရာ၊ဆရာမ တစ်ယောက်တွင်လဲ ဖုန်းလေးတစ်လုံးတော့လိုသည်မဟုတ်လားဗျာ
အခုမှာတော့ စောင့်ရကြိုးမနပ်ခဲ့ပါ။ ဖုန်းအလုံးရေများများချထားပေးသော်လည်း
အခုချိန်ထိမရတာတော့ ကျွန်တော့ကံကများမကောင်းတာ လားလို့ဗျာ
နောက်ပြီးတော့လဲ ဆရာတစ်ယောက်အနေနဲ့လဲ ဖုန်းလေးတော့ကိုင်ချင်တာပေါ့
မဟုတ်ဘူးလားဗျာ။ ဆရာ၊ ဆရာမအချင်းချင်းညီတူညီမျှတန်းတူလေးဖြင့်
စနစ်တစ်ကျလုပ်ကိုင်ဆောင်ရွက် စေချင်သောစေတနာအားဖြင့်
ရင်ဖွင့်လိုက်ရပါသည်ဗျာ ။ အဲဒါကြောင့်မို့စနစ်တစ်ကျ လုပ်ကိုင်ဆောင်ရွက်စေ
လိုကြောင်းအသိပေးအပ်ပါသည်။  
 
ကံဆိုးသူ.......
 
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment