Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 9 December 2013

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပန်းတင်ကျေရွာတွင်ဖြစ်ပွားနေသောပြဿနာ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပန်းတင်ကျေးအနီးတွင် မြို့ပေါ်နေလူတစုမှ ကျေးရွာဘုန်းကြီး ရွာသူရွာသားများ သက်ဆိုင်ရာမြို့နယ်သံဃာအဖွဲ့ အစည်း အာဏာပိုင်အဖွဲ့အစည်းများအားလုံး၏ထောက်ခံ ခွင့်ပြုချက်မရပဲ  အတင်းအားဓမ္မ
မိုးကုတ်ရိပ်သာကျောင်းလာရောက်ဆောက်လုပ်နေကြပါသည်။ ထိုသို့ဆောက်လုပ်ခြင်းမှာ တကယ့်သဒ္ဓါတရား စစ်စစ်မဟုတ်ပဲရိပ်သာဖွင့်၍ စီးပွာရှာ နာမည်ကောင်းယူ လူအထင်ကြီးအောင်လုပ်ခြင်းမျသာဖြစ်သည်။၎င်းအဖွဲ့အစည်းတွင်ပါဝင်သောပုဂ္ဂိုလ်အားလုံးသည် တကိုယ်ကောင်းဆန်အတ္တကြီးသူများ သမိုင်းကြောင်းမကောင်းသူများသာဖြစ်သည်။ တတ်သိနားလည်သော မြို့နယ်သံဃနာယက ဆရာတော်ကြီးများကလုပ်ထုံးလုပ်နည်းများအတိုင်း ခွင့်မပြုသည်ကို ထိုအဖွဲ့သူအဖွဲ့သားများကမရှက်မကြောက် အပြစ်များစွာပြောကြသည်။ သံဃာတွေကိုဂိုဏ်းကွဲးအောင်ပြုလုပ်ကြ၍ သံဃဘေဒကကံ ထိုက်မှန်မသိထိုက်နေကြသည်။ထိုပြဿနာမှာ မြို့နယ်အဆင့် ပြည်နယ်အဆင့် မပြီးပြတ်၍ ဗဟိုအဆင့်အထိရောက်နေပါသည်။ ၄င်းအဖွဲ့တွင် ဗိုလ်ပြုတ်ဆိုသူတယောက်က အဓိကချယ်လှယ်၍ အထက်ဌာနများတွင်
ငွေများထိုး၍ အမှုကိုနှိုင်အောင်လုပ်နေကြပါသည်။ ရွာသူရွာသားများအားလုံးက  ဘယ်လိုလုပ်လုပ် ဘယ်တော့မှခွင့်ပြုမည်မဟုတ်ပါ။ ပထမတစ်ကြိမ် ၄င်းအဖွဲ့သားများအယောက်(၂၀)ခန့်နှင့် ရွာသားများအယောက်(၂၀၀)ကျော်လောက်တို့ ထိပ်တိုက်ရင်ဆိုင်မှု ပြဿနာဖြစ်ပွား သွားခဲ့ပြီး မြို့နဟ်အုပ်ချုပ်ရေးမှုး က အချိန်မီ လာရောက်တားမြစ်လို့  သွေးထွက်သံယိုအဆင့်အထိ မရောက်သွားဘူး။ ရွာသူရွာသားအားလုံးကတော့ တကယ်ဒေါသထွက်ပြီး အဟုတ်ရိုက်ထုတ် မီးရှိုဖျက်ဆီးဖို သွားကြတာ ကံကောင်းသွားတယ် ဘာမှမဖြစ်သွားဘူး။  နောက်ဆုံး သက်ဆိုင်ရာတွေကိုငွေများပေး၍ မတရားနည်းဖြင့်  အနှိုင်ယူခဲ့လျင်လည်း
ရွာသူရွာသားများ အားလုံးက လုံးဝ ရပ်ကြည့် နောက်တွန့် ကြောက်ရွှံ့ နေမည်မဟုတ်ပါ။ ဓါးသွေးပြီးစောင့်နေမည်ဟု ပြောနေကြသည်။ သက်ဆိုင်ရာ သံဃာအဖွဲ့အစည်း မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၏ စည်းတံဆိပ်များပါသော တားမြစ်ချက် အထောက်အထားများ အပြည့်အစုံရှိပါသည်။ ကြိုက်သလို စုံစမ်းမေးမြန်းနိုင်သည်။ သက်ဆိုင်ရာဌာနမျာ အမှန်အတိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုပါသည်။

                         ဦးအရိယဝံသ
                       ပန်းတင်ကျောင်း
                 ရွှေကူမြိုနယ် ကချင်ပြည်နယ်  ။ဖုန်း ၀၉ ၄၀၀၀၅၂၉၆၉
                          ၀၉ ၄၇၀၈၈၅၈၁့

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment