Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 6 December 2013

ရှောင်လင်(ဗျောင်လိမ်)သိုင်းဆရာများ အပိုင်း( ၂ ) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စဖြစ်တဲ့အချိန်ကစပြီး မူဆယ်အကောက်ခွန်မှူးက   ၇  ရက်အတွင်း ထုခြေလွှာတောင်းခံစာပေးပို
့လို့ အသနားခံစာနဲ့ ထုခြေလွှာ တင်သွင်းတဲ့စာကို  ၂၇.၈.၂၀၁၃  နေ့ကတင်သွင်းပြီးဖြစ်တယ်။
                 ဒီနောက်ရက်ပေါင်း  ၈၀  ကျော်မှမြို့နယ်အကောက်ခွန်မှူး အောင်သူရ ဆိုသူက နောက်ထပ်ထုခြေလွှာထပ်တောင်းတာ ဘာသဘောလဲမသိဘူး အယင်တင်ထားတာကို   ၇၇၃  နဲ့တွဲတင်ပေးမယ်လို့ပြောပြီး မတင်ပေးခဲ့ဘူးလား ?
                  ၆ .၁၁ .၂၀၁၃  နေ့ကမန္တလေးမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်  ကာစတန်ဌာနကလူတချို့က  ကြိုက်သလိုလုပ်ပါအရာမရောက်ပါဘူးလို့ ပြောတယ်လို့  သွားမေးတဲ့ ကားပိုင်ရှင်တချို့ကို ပြောတယ်လို့ပြန်ကြားရတယ်။
                   ဒီမိုကရေစီ လမ်းကြောင်းကိုသွားနေတဲ့ မြန်မာနိုင်ငံတော်မှာ နိုင်ငံတော်သမ္မတကတောင် ပြည်သူ့အသံနားထောင်နေပါတယ်ဆိုတဲ့ အခြေအနေမှာ ကိုယ်တိုင်ခံစားနေရတဲ့ ကျွန်


တော်တို့ ကားသမားတွေရဲ့ ခံစားနေရတဲ့စကားတွေ ဂရုမစိုက်ဘဲ အာဏာနဲ့လုပ်နေကြတဲ့ အကောက်ခွန်အရာရှိတွေကို စနစ်ဆိုးရဲ့လက်ကျန် အရာရှိများလို့ သတ်မှတ်ရတော့မှာဘဲ။
                   မြို့နယ်အကောက်ခွန်ဦးစီးဌာနကမြို့နယ်မှူးအောင်သူရဆီသွားမေးတော့ အထက်တင်ထားတယ် အမိန့်မကျသေးဘူးလို့ပြောတယ်၊ ဒါကြောင့်
၁၃/၁၄  ၁၁  ၂၀၁၃ နေ့  ၂  ရက် ရန်ကုန်မြို့ ကမ်းနားလမ်း မှာရှိတယ်ဆိုတဲ့ အကောက်ခွန် ညွှန်ကြားရေးမှူးချုပ်ရုံး   ဖုံးနံပါတ်  (၀၁ ၃၈၀၇၃၁ ) ကိုဆက်သွယ်မေမြန်းတော့ ၀န်ထမ်းအမျိုးသ္မီးတယောက်က ကားကိစ္စကို ရုံးချုပ်ကမြို့နယ်ကို ပြန်လွှဲပြီးဖြစ်လို့ ရုံးချုပ်နဲ့မသသ်ဆိုင်တော့ဘူးလို့ပြန်ဖြေပြန်တယ်။
                   ဒါနဲ့ မြို့နယ်ရုံးပြန်မေးပြန်တော့ အပေါ်ကအမိန့်မလာသေးဘူးလို့ပြောပြန်တယ်၊  အထက်အောက်လွှဲချပြီး အချိန်ဆွဲဗျောင်လိမ်နေကြလို့ ဗျောင်လိမ်သိုင်းကစားနေတာလို့ပြောရတာပါ။
        နောက်နေ့ဆက်ဖတ်ပါခင်ဗျား

              ဦးစိုင်းသိန်းလွင်
       ၁၃/ကမန (နိုင် ) ၀၅၈၂၁၇
        ၀၉၄၀၂၆၁၂၅၈၇
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment