Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 2 November 2013

ဥပဒေမဲ့မကွေးယာဉ်ထိန်းအား ပြည်သူမှ အရှက်အတွက်ခေါင်းအားဝါးရင်းတုတ်ဖြင့်ရိုက်ခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကွေးမြို့ ၁၊၁၁၊၂ဝ၁၃ နေ့ ။ ညနေ ၅းဝဝ ရီခန့် မကွေးမြို့နတ်မောက်လမ်း နီနီ အီလက်ထရောနစ် ဆိုင်ရှေ့တွင် စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းသူအား ချောင်ပိတ် ဖမ်းစနစ်ဖြင့်ဖမ်းစည်းရာ ဆိုင်ကယ်မောင်းသူမှ ထွက်ပြေးသဖြင့် ယဉ်ထိန်းမှ ထုံးစံအတိုင်း ရာဇဝတ်သားတစ်ဦးကို ဖမ်းဆည်းသကဲ့သို့ ရိုက်နှက်ဖမ်းဆီးလေသည်။ ဆိုင်ကယ်လွတ်မြောက်သွားသော
်လည်း ပါးရိုက်ခံရသော ဆိုင်ကယ်နောက်မှပါလာသူ လူငယ် (၁၄) နှစ်ခန့်ရှိသူက သူ့အားရိုက်နှက်သောယာဉ်ထိန်းအား ဝါးရင်းတုတ်ဖြင့် ဦးခေါင်းအားရိုက်သည့် အဖြစ်အပျက်ဖြစ်ပွားခဲ့သည်။
                                     ညနေ၅းဝဝနာ  ရီ လူသွားလူလာများချိန်    ထုံးစံအတိုင်း   ယဉ်ထိန်းရဲများ မကွေးမြို့နတ်မောက်လမ်းသို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းဖို့ မဟုတ်ဘဲ ဘေးဘောက်ရှာရန် ( တိုင်း၊ မြို့နယှ် အုပ်ချုပ်ရေးပိုင်းမှ ဘာ ပဲ လိုလို ယာဉ်ထိန်းသို့ ငွေညစ်သဖြင့် ယာဉ်ထိန်းရဲများ အကြိုက်တွေ့ကာ  ကိုယ်ကျိုးငွေရှာေ ဖွရန်  )  အတွက်  ရောက်ရှိ၍လာပါသည်။
                          ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းပညာပေးသော သဘောမျိုးမဟုတ်ဘဲ  ပြည်သူများမဖြစ်မနေ ဖြတ်သန်းသွားရမည့်လမ်းမျိုးကိုရွေးကာ မမြင်ကွယ်ရာတွင် ပုန်းကွယ် ချောင်ပိတ် ဖမ်းဆည်းသောစနစ်ဖြင့် ဖမ်းလေသည်။
                                    ဖမ်းဆည်းသည့်ပုံစံမှာ ယဉ်စည်းကမ်း ချိုးဖောက်သူဟုယူဆရသူများကို ပုန်းကွယ်နေရာမှေ ရှ့နောက် ပိတ်ညှပ်၍ ထုပ်စည်းထိုးသကဲ့သို့ ဖမ်းဆည်းသောပုံစံမျိုးဖြစ်သည်။ ဖမ်းစည်းပီးသော် ယဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြော၍ ဒါဏ်ရိုက်ရမည့်ပုံစံ အစား မိမိ ယာဉ်ထိန်း မိသားစု ဘေးဘောက်အတွက် ညှိသောစနစ်ဖြင့် ပထမ ညှိသည်။မရလျှင်တရားရုံးသို့ ဒါဏ်ငွေဆောင်စေသောစနစ် ( ယာဉ်စည်းကမ်းထိန်းသိမ်းသော ပညာပေးစကား တစ်ခွန်းမှမပါ)ချလန်ဖြတ်သည်။ထိုကိစ္စများကို  အရာရှိ တစ်ပွင့် နှစ်ပွင့် များက ဦးဆောင်ညှိနှိုင်းကြသည်။ ငွေပေးငွေလက်ခံအတွက် လူတယောက်ကို ငွေကျပ် ၃ဝဝဝ ၊ ၄ဝဝဝ ပေး၍ တနေ့လျှင် နှစ်ဆက်ရှင် ဖမ်းဆီးလေတော့သည်။ 
                            မကွေးပြည်သူများ သည် ဥပဒေကိုခုတုံးလုပ် ကိုယ်ကျိုးရှာ နေသော  မကွေးယာဉ်ထိန်းအဖွဲ့ ကြီးအားရွံမုန်းနေလေတော့သည်။ထိုရွံမုန်းမှုသည် ဥပဒေကိုလေးစားလိုက်နာလိုသော်လည်း ၎င်းဥပဒေကိုစီမံခန့်ခွဲနေသူများကို ရွံမုန်းသောကြောင့် ဆန့်ကျင်ကြလေတော့သည်။ ဆိုင်ကယ်ကို စည်းကမ်းမဲ့စီး။ ဖမ်းဆည်းလျှင်ထွက်ပြေး ။မိလျှင် ညှိနှိုင်းးဈေးဖြင့်ပိုက်ဆံပေး။ ဒါသည်ပင် မကွေးယာဉ်ထိန်းများအကြိုက်။
                                          ဥပဒေသည် ပြည်သူကို ကာကွယ်ရန် အတွက် ဖြစ်သည်။ ပြည်သူကို နှိပ်စက် ဂုတ်သွေးစုပ်ရန်မဟုတ် ။
                         ယခု အဖြစ်အပျက်တွင် အသက် ၁၄ နှစ်ခန့်သာရှိသော အနိုင်ကျင့်ခံပြည်သူတဦး ဧ၊၊် မခံမရပ်နိုင်သော ဒေါသစိတ်တို့ကို ယာဉ်ထိန်းရဲ ဧ၊၊် ခေါင်းကို ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခြင်းဖြင့်ဖောက်ခွဲသက်သေပြလေပြီ ။ထိုသို့သော ပြည်သူများ လူငယ်တက်ကြွသူများ မြန်မာနိုင်ငံတွင် ဘယ်လောက်တောင်များနေပြီလဲ။သမ္မတကြီးရဲ့ ဦးဆောင်မှု ယန္တယား ဘယ်လောက်ပီပြင်နေပီလဲ မကွေးပြည်သူများမေးခွန်းထုတ်နေပါကြောင်း။
       (စာကြွင်း) မကွေးယာဉ်ထိန်း အောက်ခြေအဆင့် တပ်သား ၊ တစ်ရစ်နှစ်ရစ်များ ဧ။် အဆောင်အရောင် ပိုင်ဆိုင်မှုနှင့် နေ့စဉ် စားသောက်ဆိုင်ကြီးများတွင် အုပ်စုလိုက် သုံးဖြုန်းမှုများကို မကွေးမြို့တွင် မည်သူ့ကိုစုံစမ်း စုံစမ်း ၊ သိနိုင်သလို တိုင်းမြို့နယ် အုပ်ချုပ်ရေးပိုင်းများမှလည်း ဘယ်ချိန်နှိုက်နှိုက်ရသည့် ငွေ ရပေါက်ကြီးကို မသိချင်ယောင်ဆောင် မျက်ကွယ်ပြုရင်း  မကွေးပြည်သူများအား နှိပ်စက် ဂုတ်သွေးစုပ် ဥပဒေအားခုတုံးလုပ် နေခြင်းကို အမြန်ဆုံးကိုင်တွယ် ဖြေရှင်းသင့်ပါကြောင်း အကျိုးမျှော် နှိုးဆော်ပါသည်ခင်ဗျား။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment