Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 8 December 2013

လားရှိုးမြို့တွင် 1500 ဖုန်းများမဲပေါက်သော်လည်း ထုတ်ယူရာတွင်ကြန့်ကြာမှုရှိ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လားရှိုးမြို့တွင် 1500 တန် တန်ဖိုးနည်းဖုန်းများ မဲပေါက်သော်လည်း ထွေ/အုပ် ရုံးတွင် သွားရောက်ထုတ်ယူရာတွင်
ကြန့်ကြာမှုများရှိနေပါသည်။ 5 ရက်နေ့မှစတင်၍ထုတ်ယူနိုင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင်ကြေငြာထား
သော်လည်း 5 ရက်နေ့မှစ၍ တန်းစီစောင့်ဆိုင်းသော်လည်းယနေ့ထိထုတ်ပေးခြင်းမရှိသေးပါ။လာရောက်တန်းစီသူများသည်။တစ်ရပ်ကွက်လျှင်
20 ဦး 25 ဦးခန့်သာရှိပါသည်။၎င်းတို့သည် အပိုကြေးမပေးလို၍ တမင်တန်းစီစောင့်ဆိုင်းသူများဖြစ်သည်။
ရပ်ကွက်တစ်ခုစီတိုင်းတွင်ခွဲတမ်းရရှိသောဖုန်းများမှာ ရပ်ကွက်တစ်ခုလျှင် ဖုန်းကဒ် 200 ကျော်ခန့်ရရှိပါသည်။
သို့သော်တန်းစီရာတွင် လူနည်းနေခြင်းမှာ အပိုကြေးပေး၍ ထုတ်ယူသောကြောင့်လူနည်းနေခြင်းဖြစ်သည်။
လာရောက်တန်းစီသူများသည် နေ့စဉ်နေ့တိုင်းတန်းစီသော်လည်း ယနေ့ထိဖုန်းကဒ်မရကြသေးပါ။သက်ဆိုင်ရာ
ရပ်ကွက်စာရေးများ ရောက်ရှိချိန်နောက်ကျခြင်း၊ထမင်းစားချိန်အကြောင်းပြ၍ပေါ်မလာတော့ခြင်း၊လျှောက်လွှာစာ
ရွက်များကုန်သွားသည်ဟုအကြောင်းပြခြင်း၊အပိုကြေးပေး၍ထုတ်ယူသူများအားဦးစားပေးထုတ်ပေးခြင်း တို့ကြောင့်နှောင့်နှေးကြန့်ကြာနေပါသည်။သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး
များလည်းကြီးကြပ်မှုမရှိခြင်းတို့ကြောင့် ၀န်ထမ်းများအကျင့်ပျက်နေကြပါသည်။ထို့ကြောင့် သက်ဆိုင်ရာမှ ၀န်ထမ်း
ကောင်းပီသစွာဖြင့် မိမိလက်အောက်ဝန်ထမ်းများ အားကြီးကြပ်ပေးပါရန်နှင့် မိမိနိုင်ငံဂုဏ်သိက္ခာမြင့်မားစေရန်
လာဘ်မစားပဲ အချိန်တိကျမှုဖြင့် ပြည်သူလူထုအတွက် ၀န်ထမ်းကောင်းတစ်ဦးဖြစ်ရန် ကြိုးစားသင့်ကြောင်းတင်ပြ
အပ်ပါသည်။(သတင်းမှန်ကန်မှုရှိ/မရှိ သိရှိရန် လူကိုယ်တိုင် လားရှိုးမြို့နယ် ထွေ/အုပ် ရုံးသို့ လာရောက်လေ့လာနိုင်
ပါသည်။)
ယခုထိဖုန်းကဒ်ထုတ်ရန် 3 ရက်တိုင်တိုင် စောင့်ဆိုင်းနေသူများ

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment