ပြည်သူပြည်သားများ၏ အကျိုးစီးပွားကိုဖြစ်ထွန်း
စေမည့်အကြောင်းအရာများ နှင့် မိမိတို့၏ နစ်နာ
ဆုံးရှုံးမူ့များကို ပွင့်ပွင့်လင်းလင်း တင်ပြတောင်းဆို
စေလိုကြောင်း ပြေားကြားသွားသည့် မိန့်ခွန်းကို
ဂုဏ်ယူအားကိုးစွာဖြင့် တင်ပြလိုပါတယ် ရှင့်။
ကျွန်မတို့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း
ဒေသ. တနိုင်းမြို့နယ် စက်လှေအသင်းကြီးကို
2009-2010. ခု့နှစ်တွင် ယခင် မြောက်ပိုင်း
တိုင်း တိုင်းမူး ဗိုလ်ချုပ်စိုးဝင်း က လှေသမားများ၏စားဝတ်နေရေး ပြေလည်စေရန်/သားသမီးများ၏ ပညာရေးတွင် အခက်အခဲမရှိသင်ယူနိုင်စေရန်
အဖြစ်သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ပါတယ်။
သို့သော် ယခု့ လက်ရှိ အများပိုင်အသင်းကြီးမှာ
လှေသမားအများစု့တောင်းဆိုမူ
ဘာတစ်ခု့မှ လုပ်ဆောင်ပေးခြင်း မရှိခဲ့ပါ။
ယခု့အချိန်လို ရေကြောင်းပါးပြီး ငုတ်တွေထူထပ်ပေါများ သော အချိန်ကာလမှာ လိုင်းဝင်ကြေး(၂)သိန်းကျပ်
မှာ အသင်းသူအသင်းသားများနှင့် အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ကောက်ခံသင့်ပါတယ်.
စက်လှေအသင်းအမှူ့ဆောင် (6) ဦးမှာ စည်းကမ်းအရ တစ်နှစ်သာလျင် တာဝန် ထမ်းဆောင်ရမှာဖြစ်ပြီး နောက်တစ်နှစ်အတွက် အမှူ့ဆောင် အသစ် များကို အများသဘောတူ ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။သို့သော် ယခု့(ု့6)ဦးမှာ ၄င်းတို့ ရာထူးကို့ သေသည်အထိ ဆုပ်ကိုင် သွားမည့် ပုံစံ
ရှိနေပါသည်။
တနိုင်းမြို့နယ်စက်လှေအသင်
ကျော်ရှိခဲ့ပြီး အသင်းသူအသင်းသား ၂၀၀ကျော်ရှိခဲ့ပါတယ်..
အမျိုးမျိုးကြောင့် စက်လှေ ၄၈ စီးခန့် လိုင်းပယ်
ခံထားရပါတယ်။
တနိုင်းမြို့နယ်စက်လှေအသင်း ၏ တစ်နှစ်ဝင်ငွေမှာ သိန်း ၂၅၀၀ ခန့်ရှိပါသည်။၎င်းတနှစ်စာ
ဝင်ငွေ/သုံးငွေ များကို ယနေ့အချိန်ထိ ၃ နှစ်ကျော် ၄ နှစ် ထဲရောက်လာပြီဖြစ်သော်လည်း
အသင်းသူ အသင်းသားများ ကို သင်းလုံးကျွတ်
အစည်းအဝေးခေါ် ၍ ပွင့်ပွင့်လင်းလင်း... ရှင်းပြ တာမျိုး မရှိခဲ့ပါ။
တနိုင်းမြို့နယ် စက်လှေအသင်းမှာ ......... တစ်နှစ်ဝင်ငွေ သိန်း ၂၅၀၀ခန့် ဝင်သော်လည်း
အသင်းကိုယ်ပိုင်ရုံး လည်းမရှိပါ။ အိမ်သာလေး
တစ်လုံးပင် ကိုယ်ပိုင်မရှိပါ။ အမျိုးသားများအတွက်
အပေါ့ /အလေး စွန့်ရန် နေရာမရှားသော်လည်း
ဂိတ်စာရေးမများ အတွက်မူ ပတ်ဝန်းကျင်ရှိ အိမ်များတွင်သာ အကူအညီတောင်း၍ သွားကြရပါတယ်။စဉ်းစား ကြည့်လျှင် တော်တော်
ရုပ်ပျက် ဆင်းပျက်နိုင်ပါသည်။
အသင်းသူ အသင်းသားများ အပေါ် အုပ်ချုပ်သူ
များ၏ စေတနာထားမူ့အား ထိုအချက်ကို ကြည့်လျင်ပင်သိသာ လှပါသည်။
တနိုင်းမြို့နယ်စက်လှေအသင်
၁/လှေကို အလှည့်ကျ စနစ်ဖြင့်မခေါ်ယူနိင်ခြင်း
၂/ကုန်တင်ခွင့်လက်မှတ် ဖောင်းပွခြင်း
၃/ဆီတင်ဆောင်သော ဆိပ်ကမ်းတွင် ဂိတ်စာရေး
ချစ်စမ်းမောင် ကို ငွေ တစ်သိန်း ကျပ်ပေးလျင်
ကုန်တင်ခွင့်လက်မှတ် မလိုပဲ ဆီပေပါတင်ဆောင်၍ ခိုး ထွက်လို့ ရခြင်း...
၎င်းအချက်များသည် ခိုင်လုံသော အထောက်
အထားများရှိပါသည်။ 5.12.2013 နေ့ ညနေ
23း0 နာရီခန့်တွင် စက်လှေ(၃)စီးမှ ဆီအလုံးရေ(၁၅၀) လုံးကိုစက်လှေ နံပတ် (၆၀)တစ်စီးထဲ
နှင့် တင်ဆောင်သည်ကို သိရှိ ၍ ချက်ချင်း
တိုင်ကြားသော်လည်း အရေးမယူပဲလက်တစ်လုံးကြာြး
အဆိုပါ ဆီတင်ဆောင်သည့် စက်လှေမှာ
စက်လှေဂိတ်စာရေး ချစ်စမ်းမောင် ၏ စက်လှေဖြစ်ပါသည်။ တရားဝင်သတ်မှတ်ချက်အရ စက်လှေတစ်စီး တင်ဆောင်ရမည့် ဆီအလုံးရေမှာ(၅၅)
လုံးသာဖြစ်ပါသည်။
လှေသမားတစ်ယောက်သည် စက်လှေအလည့်
ကျ၍ ထွက်ဖို့ စီစဉ်ရာတွင်
၁/ စက်လှေရုံး တွင်လိုင်းကြေး+ရာခိုင်နှန်
၂/စက်မောင်းဆီဖိုးကုန်ကျေ
၃/ယဉ်မောင်းနှစ်ဦးအတွက် လုပ်အားခ ၁၀၀၀၀၀/
၎/စားသောက်စရိတ်+ လမ်းစရိတ် ၅၀၀၀၀/
၅/အောက်ဖက်တွင် ကုန်ကျစရိတ် ၃၇၀၀၀၀/
၆/ပစ္စည်းတင်ပေးသည့် သူများကို ဖောကြေးပေးရငွေ(ကိုယ်တင်
စသည်တို့ အားလုံးတွက်ကြည့်မည်ဆိုလျင်
ကုန်ကျစရိတ် အနည်းဆုံး ၉၀၀၀၀၀ကျော် ကုန်ပါသည်။၎င်း စရိတ် များသည် တရားဝင် ထွက်ခွာလျင် ကုန်ကျစရိတ် ဖြစ်ပါသည်။
သို့သော် ဂိတ်စာရေ်းမှ လှေသမားများသက်သာ
ချောင်ချိစေရန်အတွက် ဂယ်ပေါက်တစ်ခု့ ဖွင့်ပေးထားပါသည်။သူ့ကို ငွေ တစ်သိန်းကျပ်ပေးလျင် ဆီတစ်စီးစာ တင်ဆောင်ခွင့်ပေးပါသည်။ ထိုသို့ တရားမဝင် တင်ဆောင်ပါက
တရားဝင် တင်ဆောင်သည်ထက် ၄ သိန်းခန့်သက်သာပါသည်။့
ထိုကဲ့သို့ ဆီတင်သည့်နေရာမှ ဂိတ်စာရေး ရဲရဲဝံ့ဝံ့ လုပ်ရဲနေသည်မှာ သူ့အနောက်တွင် EC တစ်ဦး မှ ကျောထောက်နောက်ခံ
ပေးထား၍ဖြစ်ပါသည်။သူရရှိငွေ
သို့တဝက်ခွဲပေးရသည်ဟု့ သိရပါသည်။တစ်သိန်းမပေးနိုင်
၎င်းဂိတ်စာရေးသည် လစာ ၆၀၀၀၀ ကျပ်သာရရှိသော်လည်း ယခု့အချိန်တွင်
သူ၏ပိုင်ဆိုင်မူ့မှာ အမြန်ယဉ် စက်လှေ် ၁စီး/ ကုန်တင်စက်လှေ် ၃စီး ရှိပါသည်။ကျန်စာရေးများ မှလည်းသူ့ကို
အားကျ၍ အမှီလိုက်နိုင်ရန် ကြိုးစားနေကြပါသည်။ ကျွန်မတို့ တနိုင်းမြို့စက်လှေအသင်းသူ
အသင်းသားများ ၁၀၀ကျော်လက်မှတ်ထိုး၍
By law စည်းကမ်းအရ...
၁/ အမူ့ဆောင် အသစ်များရွေးချယ်ပေးရန်
၂/အသင်းလုံးကျွတ် အစည်းအဝေး ခေါ်ယူရန်
၃/ရငွေ သုံးငွေ နှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း
အတွက်သုံးငွေများကို လှေသမားများသိရှိဖို့
ရှင်းလင်းပေးရန်
စသည်တို့ကို တောင်းဆိုခဲ့ပေမယ့် ဘာမှ လုပ်ဆောင်ပေးခြင်း မရှိခဲ့ပါ။
စက်လှေအသင်း လက်ရှိ EC များသည် သူတို့ကို ၅ နှစ် ဆက်တိုက် ခန့်အပ်ထားတာပဲ
ဆိုပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဘယ်ကိုပဲတိုင်တိုင်ဆို တဲ့အချိုးမျိုး ချိုးနေကြပါတယ်...။
ဒါပေမယ့် သူတို့ အလွဲသုံးစားလုပ်နေသည်များ
ကို အထက်လူကြီးမှ မသိသေး၍ သာဖြစ်ပါမည်။ထို့ကြောင့် တာဝန်ရှိ လူကြီးမင်းများ သိရှိနိုင်ပါရန် ရေးသားတင်ပြ ရခြင်း ဖြစ်ပါသည်။
နောက်တစ်ခေါက်တွင် ပယင်းမှော် ဟွန်ဒါလှေ များနှင့်ပတ်သက်၍ အလွဲ သုံးစားလုပ်ထားသည်
များကို တင်ပြ ပါမည်ရှင့်။
အသင်းသူအသင်းသားများမှာ တနှစ်မှ အလှည့်ကျ နှစ်ခေါက်သာ ရရှိ၍ အရုံးပေါ်နေသောကြောင့် အတော်များများမှာ မိမိရဲ့ လက်ရှိလှေ
များကို ပြု့ပြင်နိုင်ခြင်း မရှိတော့ဘဲ လှေများပျက်စီး
နေကြသည်ကို တနိုင်းချောင်းအတွင်း လာကြည့်လျင် တွေ့နိုင်ပါတယ်။
လူကြီးမင်းများမှ ကျွန်မတို့ အခက်အခဲများကို ကူညီစောင့်ရှောက် ပေးနိုင်ရန် ညတိုင်းဆု့တောင်းနေရုံမှလွဲ
ဒေါ်ဝေလွင်
၁/ပတအ(နိုင်)၀၃၂၈၁၄
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment