Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 12 December 2013

ကျောင်းအုပ်လစ်လပ်နေရာများအား အချိန်မီခန့်ထားနိုင်ခြင်းမရှိသဖြင့် နစ်နာထိခိုက်မှုများစွာဖြစ်ပေါ်နေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိသည့်အနက် ယခုပညာသင်နှစ်တွင် ဝန်ထမ်းများ၏အပြောင်းအရွှေ့နှင့် ရာထူးတိုး
လျှောက်လွှာများ ခေါ်ယူထားသော်လည်း အချိန်မီ ဖြည့်ဆည်းခန့်ထားနိုင်ခြင်းမရှိ
သည့်အတွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် မူလတန်းကျောင်းများတွင် ကျောင်းအုပ်နေရာများ လစ်လပ်လျက် ရှိနေခဲ့ပါသည်။
ထိုသို့ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ကျောင်းအုပ်နေရာများအား အချိန်မီပြန်လည်ဖြည့်ဆည်းခန့်ထာ
းခြင်း မရှိသည့်အတွက် ယခုဆိုလျှင် ကျောင်းများတွင် ကျောင်းအုပ်မရှိဘဲ
အဆင်ပြေသလို လည်ပတ်လှုပ်ရှားနေရသည်မှာ စာသင်နှစ်တစ်နှစ် ကုန်လုနီးပါးပင် ဖြစ်နေပါပြီ....။ ကျောင်းတစ်ကျောင်းတွင် စီမံအုပ်ချုပ်သူ ကျောင်းအုပ်နေရာသည် အလွန်အရေးကြီးကြောင်းကို
လူတိုင်းသိရှိကြပါသည်။ပညာရေးဌာ
နမှ အထက်တာဝန်ရှိ ပုဂ္ဂိုလ်ကြီးများလည်း သိရှိကြလိမ့်မည်ဟု ထင်ပါသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများစွာကို ဆောင်ရွက်နိုင်ခဲ့သည်မှာ အငြင်းပွားဖွယ်ရာမရှိပါပေ။ ပြည်သူအများ
မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ထိုသို့သော ပြောင်းလဲမှုများစွာအနက် ပညာရေးဌာနမှ ပြောင်းလဲကျင့်သုံးလာသော မူတစ်ရပ်မှာလည်း အပါအဝင်ပင် ဖြစ်ပါသည်။ ၄င်းမှာ ယခင်က ပညာရေးဝန်ထမ်းများ၏
ရာထူးတိုး၊ အပြောင်းအရွှေ့လုပ်ငန်းများအား ဆောင်ရွက်လုပ်ကိုင်ရာတွင် ရာထူးအဆင့်အလိုက် ရုံးချုပ်၊ တိုင်းပညာရေးမှူးရုံး ၊ မြို့နယ်ပညာရေးမှူးရုံး များမှ ဆောင်ရွက်လုပ်ကိုင်ခွင့်ရရှိခဲ့
သော်လည်း ယခု
အစိုးရသစ်လက်ထက်တွင်မူ အောက်ခြေဝန်ထမ်းမှစ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ကျောင်းအုပ်များ စသည်ဖြင့် ပညာရေးဝန်ထမ်းအားလုံး၏ အပြောင်းအရွှေ့ရာထူးတိုး ဆောင်ရွက်ခွင့်အား
သက်ဆိုင်ရာအဆင့်အလိုက် သတ်မှတ်ဆောင်ရွက်ပေးခွင့်မပြုေ
တာ့ဘဲ ရာထူးစုံနေရာများအတွက် ဝန်ကြီးရုံးတွင်သာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်
သို့သော်လည်း ဝန်ကြီးရုံးအနေဖြင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ စီမံကိန်းများ၊ စီမံချက်များ၊ စာရင်းအင်းများဖြင့် အမြဲတစေအလုပ်မအားလပ်သည့်အားလျော
်စွာ ဝန်ကြီးရုံးသို့
ရောက်ရှိလာသော ပညာရေးဝန်ထမ်းများ၏ အပြောင်းအရွှေ့ရာထူးတိုး လုပ်ငန်းများအား အချိန်မီလုပ်ကိုင်ဆောင်ရွက်ပေးန
ိုင်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ပညာရေးကို လက်တွေ့အကောင်အထည်ဖော်
ဆောင်ရွက်နေရသော အခြေခံပညာကျောင်းများတွင် များစွာနစ်နာထိခိုက်နေရပါသည်။
သက်ဆိုင်ရာ လွှတ်တော်များတွင် အထက်တာဝန်ရှိသူများက စကားလုံးလှလှလေးများသုံးနှုန်း၍ မြန်မာနိုင်ငံ၏ ပညာရေး တိုးတက်စေရမည်ဟု လက်မထောင် ကြွေးကြော်နေကြပါသော်လည်း တကယ်တမ်း
လက်တွေ့တွင်မူ အောက်ခြေတွင် လစ်လပ်လျက်ရှိသော ဝန်ထမ်းနေရာများအား စေ့ငှအောင် ခန့်ထားပေးနိုင်ရန် မအားမလပ်သည့်အတွက် ဖင်မနိုင်ပဲကြီးဟင်း စားနေသည်ဟုပင် ထင်မြင်မိပါသည်။
အသံကောင်းသာ ဟစ်တတ်ပြီး ပညာရေးဌာန အထက်တာဝန်ရှိသူများအနေဖြင့် အထက်ပိုင်းရာထူးများအတွက် အချိန်မီဖြည့်ဆည်းခန့်ထားရေးကို
သာ အလေးထားဆောင်ရွက်နေပြီး အမှန်တစ်ကယ်
ပညာရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေရသော အခြေခံပညာကျောင်းများအတွက် ပညာရေးဝန်ထမ်းများကိုသော်လည်းေ
ကာင်း၊ မိမိဌာနရှိ လုပ်ဖော်ကိုင်ဖက် ပညာရေးဝန်ထမ်းများ၏
အခြေအနေအရပ်ရပ်နှင့် ဆန္ဒများကိုပါ လျစ်လျူရှုထားသည့်အတွက် သက်ဆိုင်ရာကျောင်းများရှိ ကျောင်းသားများသာမက ပညာရေးဝန်ထမ်းများပါ နစ်နာထိခိုက်နေရပြီး ပညာရေးတိုးတက်မှုအသွင်ကို
မဆောင်နိုင်သည်ကို နိုင်ငံတော်သမ္မတကြီး သိရှိရန်လိုအပ်နေသလို ပြည်သူအများလည်း သိရှိရန်လိုအပ်သည်ဟု ထင်မြင်သဖြင့် ပြည်သူ့ကိုယ်စား ပြည်သူ့စကားတစ်ရပ်ကို ဤပေးစာဖြင့် ရင်ဖွင့်အပ်ပါသည်။

မှူးသခင်(ပညာရေး)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   

2 comments:

  1. ကျောင်းအုပ်ခန့်မယ်ဆိုရင်လည်း သေချာ စီစစ်ကြပါ အုံး လခွဲ၃ နောင်နန်းကျောင်းအုပ်လို ကျောင်းကမှန်မှန်မလာ ၈တန်းမှာအင်္ဂံလိပ်စာသင် ကလေးတွေ စာမရ ပိုက်ဆံက ခေါင်းစဉ် အမျိုးမျိုးပြကောက် ကျောင်းမှာနာမည် စာရင်းမရှိပဲ ပညာသင် ထောက်ပံ့ကြေးတွေထုတ်စား အဲဒါအမှန်တွေနော် သေချာစုံစမ်းကြည့် အဲဒီလိုကျောင်းအုပ်တွေများများခန့်ခဲ့ရင် တော့ ပညာရေးရင်လေးစရာပါ

    ReplyDelete
  2. အဲဒီကျောင်းအုပ် အခုလည်းလစာမဲ့ခွင့်ယူနေပြီ ကျောင်းသားတွေ အတွက် လုံးဝမစဉ်းစားပေးဘူး ကိုယ်လွတ် ရုံးနေတယ် တာဝန်ရှိသူတွေ လုပ်ကြပါအုံး ကျောင်းသား ၄၀၀ကျော် အတွက် ကူညီပါလို့ တောင်းဆိုပါတယ် အဖြစ်မှန်ပါ သေချာစုံစမ်းကြပါ

    ReplyDelete