Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 7 December 2013

လုပ်ပိုင်ခွင့် ကိုအသုံးချ၍ ကန့်ကွက်ထားသည့် မြေယာများကို လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ ပုံစံ ၇ ပြုလုပ်ပေးနေသော မြေစာရင်းဦးစီးအရာရှိနှင့် မြေတိုင်းစာရေး တို့ကို အရေးယူပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်း။ ကျောက်ဆည်ခရိုင်။ တံတားဦးမြို့မှ မြေ  စာရင်းဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးကျော်နန္ဒ နှင့် ဦးကျော်သောင်း သည်တံတားဦးမြို့နယ် မိုးကြိုးတွင်းစံပြရွာမှ ကျေးရွာနေပြည်သူများ၁၉၉၄ ခုနှစ်မှစ၍  အားကစားပြု လုပ်သော ကျေးရွာဘောလုံးအားကစား ကွင်းအား ကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးမျိုးသိန်းနှင့်ပူးပေါင်း ၍ မြေပုံ ပေါ်မပါရှိ ဟုဆိုကာ မြေယာ အရောင်းအဝယ်
ပွဲစားပြုလုပ် ရောင်းစားရာတွင်ပါဝင်ခဲ့ ပါသည်။ အဆိုပါ ကိစ္စနှင့် ပါတ် သတ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမျိုးသိန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်ထံ တွင် တိုင်းကြား ကန့်ကွက်ခဲံပါသည်။
ထိုသို့ တိုင်ကြားသည့်အပေါ် မြိုနယ်အုပ်ချုပ်ရေးမှူး မှ ၅ ဦးခန့် ခုံရုံးဖွဲ့ စစ်ဆေး ခဲ့ သည့် အထဲ တွင် မြေစာရင်းဦးစီးလည်း ပါဝင်ခဲ့ ပါသည်။
ထိုစစ်ဆေးသည့် အစီရင်ခံစာမှာ လဲ ယခု အချိန်ထိ ခရိုင်သို့ တင်ပြခြင်း မရှိအဖြူအမည်း မကွဲပါ ယခုဖေါ်ပြသော ကျေးရွာဘောလုံးကွင်း ကို မြေစာရင်း ဦးစီးမှူး ဦးကျော်နန္ဒ နှင့် ဦးကျော်သောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း တို့ ပူးပေါင်းပြီး တိုင်ကြား ကန်ကွက်ထားသည့်ကြားမှ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ မြေယာမှတ်ပုံတင်ခြင်းကို မြေဝယ်သူများအား
အဂတိလိုက်စား၍ ပြုလုပ်ပေးခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့် သက်ဆိုင်
ရာလူကြီးမင်းများမှ မိမိ ဌာန နှင့် ကျေးရွာနေပြည် သူများ၏ မသိနားမလည်မှု့ အပေါ် ထိခိုက် နစ်နာအောင် ပြုလုပ်သော အထက်ဖေါ်ပြပါ ၃ဦးအားအရေးယူပေးကြပါရန် တင်ပြအပ်ပါသည်။

တင်ပြကြသူများ
၁။ ဦးခိုင်လင်း ၀၉၄၀၂၅၃၅၉၀၂
၂။ဦးကျော်ညွန့်
၃။ ဦးစိန်မင်း
၎။ ဦးခင်မောင်မြင့်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment