Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 10 December 2013

သာကေတမြို့ နယ် အမှတ် ၂၅ အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီးမှ ၂၀၁၃ ခုနှစ်အောက်တိုဘာ(၃၀)ရက်နေ့တွင် ဥုံသို့ ပေးစာဖြင့် မဟုတ်မမှန်၊ လုပ်ကြံတိုင်ကြားမှုအားအများပြည်သူသိရှိစေရန်ပြန်လည်ရှင်းလင်းတင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သာကေတမြို့ နယ် အမှတ် ၂၅ အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီးမှ ၂၀၁၃ ခုနှစ်အောက်တိုဘာ(၃၀)ရက်နေ့တွင် ဥုံသို့ ပေးစာဖြင့်  မဟုတ်မမှန်၊ လုပ်ကြံတိုင်ကြားမှုအား အရေးယူမည်ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် ပေးပို့ခြင်း
၉.၁၂.၂၀၁၃
အခမဲ့ပညာရေးစနစ်အား သိရှိနားလည်ပါသဖြင့်ဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ျြွဃ ၊ ဃဏျွ များကိုအခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။ မည်သည့်ငွေကြေးတစ်စုံတစ်ရာမျှ ကောက်ခံခြင်းမပြုခဲ့ပါ။
(၁) နိုင်ငံတော်မှ မူလတန်းကျောင်းသား။သူများအတွက် ပံ့ပိုးသော ငွေ ၁၀၀၀ကျပ် အားမိဘတိုင်းကိုလက်မှတ်ရေးထိုးစေ၍ ထုတ်ပေးခဲ့ပါသည်။တံဆိပ်ခေါင်းလိုအပ်ချက်အရ မိဘများမှ ငွေကျပ် ၅၀ ထည့်ဝင်၍ တံဆိပ်ခေါင်း ၀ယ်ယူခဲ့ခြင်းသာဖြစ်ပါသည်။ကျောင်းသား မိဘတိုင်းထည့်ဝင်ခြင်းမဟုတ်ပါ။
(၂)သူငယ်တန်းနှင့် ပထမတန်းကို ပညာရေးစုံညီပွဲတော်တွင် ထူးချွန်သူကျောင်းသား။သူ များအားဆုချီးမြှင့်ရန်အတွက် မိဘဆရာ အသင်း၏ သဘောတူညီချက်နှင့် မိဘများ၏ဆန္ဒအရစာမေးပွဲစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ စာမေးပွဲကြေးဟူ၍ ကောက်ခံခြင်းမပြုခဲ့ပါ။
(၃) ယခုပညာသင်နှစ်တွင် ဆရာမတစ်ဦး သက်ပြည့်ပင်စင်ယူခဲ့သဖြင့် အတန်းပြဆရာလိုအပ်မှုကြောင့် ၀င်ရောက် သင်ကြားပေးခဲ့ခြင်းသာဖြစ်သည်။ ဤကျောင်းသို့ မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တစ်ဆယ့်သုံးနှစ် အတွင်း တစ်ကြိမ်မျှ အတန်းယူ၍ သင်ကြားခဲ့ခြင်းမရှိပါ။ကျူရှင်သင်ကြားသည် ဆိုသည်မှာ လုံးဝမဟုတ်ပါ၊ မှန်ကန်ခြင်းမရှိပါ။တိုင်ကြားသူဒေါ်ဝင်းဝင်းမော်အပါအ၀င် မိဘများ၏တောင်းဆိုချက်အရ အပိုချိန် သင်ကြားပေး ခဲ့ခြင်းသာဖြစ်သည်။ ငွေကြေးတောင်းခံမှု မရှိပါ။
(၄) ဩဂုတ်လဆန်းစမှ၍ ကျောင်းသား။သူများအတွက်လိုအပ်သော ခွင့်ကတ်၊ကျောင်းတံဆိပ်နှင့် ကျောင်းသား ကတ်များကို လိုချင်သည့်ကျောင်းသားမိဘများကိုသာ ရောင်းချပေးခြင်းဖြစ်ပါသည်။မယူမနေရရောင်းချ ခြင်းမရှိခဲ့ပါ။
(၅) ကျောင်းစောင့်သည် ယခင်ကတည်းက မိဘဆရာအသင်းမှ ခန့်ထားခြင်းသာဖြစ်ပါသည်။ မိဘဆရာအသင်း နှင့်မိဘများ၏ဆန္ဒအရသာ ဆက်လက်ထားရှိခြင်းဖြစ်ပါသည်။
(၆)ဒုတိယတန်းမျက်နှာကျက်ပျက်စီး၍မိုးယိုသောကြောင့်ဒုတိယတန်းကျောင်းသားမိဘများမှပြင်ဆင်
 ပေးပါရန် တောင်းဆိုသောကြောင့် ကျောင်းအုပ်ဆရာမကြီး၏ မတည်ငွေ ၁၀၀၀၀ကျပ်အပါအ၀င် မိဘများ၏ ဆန္ဒအရ ထည့်ဝင်ငွေဖြင့် ပြင်ဆင်ပေးခြင်းသာဖြစ်သည်။
(၇)နှစ်စဉ်အကြောင်းအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ကျောင်းတွင်မပေးမနေရ ဟုအသံပြု၍ ငွေကြေးများ ကောက်ခံနေသည်ဟု တိုင်ကြားခြင်းသည် လုံးဝ(လုံးဝ) မှန်ကန်မှုမရှိပါ။လုပ်ဆောင်ချက်တိုင်းတွင် မိဘဆရာအသင်းနှင့် မိဘအားလုံး(အတန်းစုံ)၏ သဘောတူညီချက်များ၊ အစည်းအဝေးမှတ်တမ်းများ၊ ဆုံးဖြတ်ချက်များရှိခဲ့သည်။
ကျွန်မသည် အ.မ.က (၂၅) သာကေတ သို့ကျောင်းအုပ်တာဝန်ဖြင့် စတင်ပြောင်းရွှေ့ တာဝန်ယူခဲ့သည့် အချိန်မှ စ၍ ကျောင်းတိုးတက်စေရန်နှင့် ကလေးများစာတက်မြောက်စေရန်အတွက်သာ စိတ်ရော ကိုယ်ပါ နှစ်၍လုပ် ဆောင်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း မြို့နယ်အဆင့်ထူးချွန်ဆုများ၊ ကျောင်းစံပြဆုများရရှိခဲ့သည်။ ၂၀၁၁-၂၀၁၂ မှစတင်ချီးမြှင့်သောအလယ်တန်းပညာသင်ဆုနှင့် ၂၀၁၂-၂၀၁၃တွင်ချီးမြှင့်သောအလယ်တန်းပညာသင်ဆုကို နှစ်နှစ်ဆက်တိုက်ရရှိခဲ့ပါသည်။ ကျွန်မ၏ကျောင်းသည် စည်းကမ်းရှိခြင်း၊သင်ကြားရေးကောင်းမွန်ခြင်း များကြောင့် သာကေတမြို့နယ်၏ ထူးချွန်ကျောင်းများတွင် ပါဝင်လျက်ရှိနေသည်။
    ယင်းသို့ကျောင်းပုံရိပ် ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်နေသော်လည်း ပညာရေးဌာနနှင့် ကျောင်း၏ဂုဏ်သိက္ခာ၊ ကျောင်းအုပ်၏ဂုဏ်သိက္ခာညှိးနွမ်းကျဆင်း စေရန်ရည်ရွယ်၍ မဟုတ်မမှန် လုပ်ကြံစွပ်စွဲကာ အင်တာနက်မှ သတင်းဖြန့်ချီခဲ့သူများအား ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ဥုံမီဒီယာမှ တဆင့်ပြန်လည်သိရှိစေအပ်ပါသည်။
 ဒေါ်မိမိနိုင် (၁၂။လကန(နိုင်)၀၄၄၁၀၇
                                                                                        ကျောင်းအုပ်ဆရာမကြီး
                                                                                        အ.မ.က(၂၅)သာကေတ
                                                                                         ဖုန်း၀၉၇၃၀၄၀၂၂၉

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 



No comments:

Post a Comment