Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 25 December 2013

တာမွေမြို့နယ်မှာသောင်းကျန်းပြီးထင်ရာစိုင်းနေတဲ့ နိုက်ကလပ် တည်းခိုခန်း ကေတီဗွီအစုအဝေးများအကြောင်း သက်ဆိုင်ရာလူကြီးမင်းများထိန်းသိန်းပေးရန်တင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ညနေစောင်းမှမိုးလင်းကာနီးထိပတ်
ဝန်းကျင်လူမထင်ဆူညံဝုန်းဒိုင်းကြဲ  အမြင်မတော်ဝတ်စားမှုတွေနဲ့  ရန်ပွဲတွေခဏခဏဖြစ်နေတဲ့နိုက်ကလပ်။ဆဲဆိုရန်ဖြစ်ကလပ်တက်ဆင်းလမ်းပိတ်ဆို့လူစောင့်ခေါ်အငှားကားသမားအုပ်စု။လူသွားလမ်းဘေးဝဲယာလမ်းမတန်းပါမချန်ကိုယ်ပိုင်လိုသဘောထားနေ့ညအပိုင်စီးလမ်ဘေးဈေးသည်။အချိန်းအချက်အတက်အဆင်းလူစုံရှုတ်ထွေးစီးပွားဖြစ်အချိန်ပိုင်းတည်းခိုခန်း။လူစောင့်ခေါ်ပျော်ချင်တာရစေမည့်ဟိုက်ပါကေတီဗွီ။အမျိုးကောင်းသမီးတွေကြာကြာရပ်စောင့်ဘို့ မကောင်းတဲ့ကားမှတ်တိုင်ဖြစ်နေရပါပြီ။ရှေ့တည့်တည့်မှာရှိတဲ့အခြေခံပညာကျောင်းကိုမျက်နှာဗြောင်တိုက်ပြီးကိုယ့်စီးပွားကိုယ်ရှာနေကြတာ မြန်မာသံတော်ဆင့်ဂျာနယ် ဟော့နယူးဂျာနယ်တွေမှာတိုင်းပြည်သိအောင်ဖွင့်ချပေမဲ့စစ်ဆေးပေးဘို့နေနေသာသာပ်လို့တောင်ဆူညံရမ်းကားလူမထင်မူတွေကိုတာမွေမြို့နယ်မှပြည်သူများအကုန်သိပါသည်။ဒါကြေင့်အုပ်စုဖွဲ့ထင်ရာစိုင်းနေသူများ မသန့်ရှင်းသောအခြေအနေ ပတ်ဝန်းကျင်ဖြစ်အောင်တဗိုလ်တမင်းထောင်နေသူများကိုထိရောက်စွာစစ်ဆေးရှင်းလင်းပေးပါရန်ဒီပေးစာကဏ္ဍမှထပ်မံပြီးလေးနက်စွာတောင်းဆိုပါတယ်။                             ခံစားရသောပြည်သူတဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment