Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 7 December 2013

ရှောင်လင်( ဗျောင်လိမ် )သိုင်းဆရာများ အပိုင်း ( ၃ ) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ပြီးတော့ အခုအုံနာဘုတ်တွေတောင်းပြီး ကညန ကိုစစ်ဆေးခိုင်းတယ်တဲ့ ကားတန်ဖိုးဖြတ်ပြီး  ၃ ပုံ ၂ ပုံ ရွေရမယ်လို့ အဲဒီကာစတန်က တင်အောင်မိုး ဆိုတဲ့နာမည်ရေးထားတဲ့ အကောက်ခွန်ညွှန်ကြားရေးမှူး  ၀င်းလှိုင်  (နယ် )လို့ရေးထားတဲ့စာ၊  အဲဒီစာမှာလဲ
 ( ၂၂.၁၀.၂၀၁၃ )တင်ပြပါစာအရလို့ဆိုထားတော့ ဖမ်းတုန်းက  (၂၁. ၈ .၂၀၁၃ )နေ့လေ ရက်ပေါင်း  (၆၀ ) လုံးလုံး အထက်ကိုမတင်ပြခဲ့ဘဲ ထိမ်ချန်ထားတာလို့ ယူဆရမှာဘဲ ဘာကြောင့်ဒီလိုလုပ်ရတာလဲမေး
ချင်ပါတယ်။
                    ဒါဏ်ငွေ နဲ့ရွေခိုင်းတယ်ဆို
တာ  အပြစ်ဒါဏ်ပေးတာဘဲ ပြသနာတခုမှာ နှစ်ဖက်မမေးမြန်းဘဲ တဖက်သတ်စကားနဲ့ဆုံးဖြတ်မယ်ဆိုယင် မှန်ကန်မျှတတဲ့ လူကြီးလူကောင်းမဖြစ်နိုင်ပါဘူး ၊အခုထက်ထိ သိမ်းဆည်းတယ်ဆိုလဲ သိမ်းဆည်းကြောင်း အမိန့်စာ ၊ဒါဏ်ရိုက်ယင်လဲ ဒါဏ်ရိုက်ကြောင်းအမိန့်စာ  ရှင်းရှင်းလင်းလင်း သိရအောင် စာနဲ့ပေနဲ့လက်မှတ်ထိုးပြီး အမိန့်ချမှုလဲမရှိဘူး  လေပွဲစားလို ဟိုပြောလိုက် ဒီလွှဲချလိုက်နဲ့ အချိန်ဆွဲပြီး ဒုက္ခပေးနေကြတယ် ၊
               ဒီကြားထဲ  ပြည်နယ်မှူးဆိုသူ  ဦးဇော်မင်းသိန်း  ရဲ့ပါးစပ်ကပြောတာက
   စ  ရ  ဖ  ကဖမ်းခိုင်းလို့ဖမ်းရတာတဲ့ ပြီးတော့ကားတွေဒီအတိုင်းပြန်လွှတ်ပေးယင် ကာစတန်ကငွေယူပြီးပြန်လွှတ်ပေးတယ်လို့ အစွပ်စွဲခံရမှာစိုးလို့ တရားစွဲရတာပါလို့ပြောတယ် { ဒါက ဇော်မင်းသိန်း အပြော } စ ရ ဖ
 ပါမပါကျွန်တော်တို့မသိဘူး  တရားစွဲဆိုတဲ့ တရားလိုနေရာမှာ စ ရ ဖ လို့မပါဘူး  အကောက်ခွန်မှူး  ဦးချိုထွန်း လို့ဘဲပါတော့
စ ရ ဖ နဲ့ ကားဆရာတွေကြား မှာ တဖက်နဲ့တဖက် အထင်မှားအောင် သွေးထိုးစကားပြောတာလား ?  လမ်ကြောင်းလွှဲချင်တာလားဆိုတာတော့
ပြောသူကိုယ်တိုင်မှဘဲသိနိုင်မှာပါ
               ပြည်နယ်အဆင့် တာဝန်ရှိသူ လူကြီးတယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ်ပိုင်မဆုံးဖြတ်နိုင်လောက်အောင်  တာဝန်မဲ့တဲ့ ခေါင်းရှောင်တဲ့စကား ကြားရတော့ တကယ်ဘဲစိတ်ပျက်မိတယ်

            နောက်နေ့ဆက်ရန်အပိုင်း  (  ၄  ) သို့

                     ဦးစိုင်းသိန်းလွင်
                 ၁၃/ကမန ( နိုင် ) ၀၅၈၂၁၇
                  ၀၉၄၀၂၆၁၂၅၈၇
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment