Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 14 December 2013

ဥက္ကံမြို့က မှားယွင်းနေတဲ့ အကြောင်းကြားစာ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

တိုက်ကြီးမြို့နယ် ဥက္ကံမြို့နှင့် ပနီပင်ကျေးရွာအကြား မြေ ၁.၉၅ ဧက ပေါ်တွင် ဂဋ္ဌုန်ဆရာစံ လက်ထက်က တည်ထားခဲ့သော ကိုးတောင်ပြည့်စေတီရှိခဲ့သည်။ ပန္နက်တိုင်နှင့် တကွ ဝတ္တကမြေ အဖြစ်သတ်မှတ်ခဲ့ပါတယ်။ မြို့နယ်မြေစာရင်းဌာနတွင်လည်း စာရင်းရှိပါတယ်။ ၂၀၀၆/၂၀၀၇ ခုနှစ်ခန့်တွင် ပနီပင်ကျေးရွာမှ ဘာသာခြားများမှ ၄င်းတို့ ရွာနှင့် ဥက္ကံမြို့ လမ်းအဖြောင့်ရရန်အတွက် လမ်းဖောက်ရာ ဘုရားဝတ္တကမြေကိုအသုံးပြုပြီး စေတီအနီးမှကပ်၍ဖောက်လုပ်ခဲ့ပါ
တယ်။တားမြစ်သော်လည်း မြို့နယ်အာဏာပိုင်များမှခွင့်ပြုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မေလတွင် ရပ်ကွက်နှင့်ကျေးရွာသား များပူးပေါင်း၍ ပျောက်ကွယ်နေသော ဘုရားမြေ ၁.၉၅ ဧက အား မြေစာရင်းဌာနနှင့် တိုင်းတာဖေါ်ထုတ်ပြီး ခြံစည်းကာရံခဲ့ပါတယ်။ ယခု ဒီဇင်ဘာ ၆ ရက် ရက်စွဲ ဖြင့် မြို့နယ်စည်ပင် ဒု ညွန်မှူး ဦးစိုးဝင်းက ခြံစည်းအကာအရံကိုဖွင့်၍ လမ်းပြန်လည် ဖွင့်ရန်အကြောင်းကြားလာပါတယ်။ မဖွင့်ရင် အရေးယူမယ် ဆိုပါတယ်။ ဘုရားမြေကို လမ်းဖြတ်ဖေါက်တာလား။ လမ်းကိုပိတ် ခြံစည်းကာတာလား။ မလေ့လာပဲ အကြောင်းကြားစာ ထုတ်ပါတယ်။ ဥက္ကံမြို့ မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမှု ကို ပြန်စဉ်းစားစေချင်တယ်။ တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ထိနးသိမ်းပုံညံ့ဖျင်းလို့ဖြစ်ရတာပါ။ အမှန်တရား ဖြစ်စေ ဖို့နဲ့ မဖြစ်သင့်တာ မဖြစ်ပေါ်စေရန် တင်ပြပါတယ်။
ပေးပို့သူ... မင်းသီရိအောင်. ဥက္ကံမြို့
၀၉၄၂၃၇၃၃၂၁၀

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment