Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 17 December 2013

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ် တရားရုံးမှ ဒုတိယတရားသူကြီး ၏ မတရားစီရင်ချက်အား သက်ဆိုင်ရာများသို့ အသိပေးတင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  မြေပုံမြို့နယ်၊ပဲကောက်ကျောက်
တန်းကျေးရွာတွင် ၊အသုဘပို့ဆောင်ရန်လမ်းအား
၎င်းကျေးရွာနှေ
ဦးငတောင် မှကျူးကျော်
ပိတ်ဆို့ကာခြံစည်းရိုးတိုင်းများစိုက်ထားခြင်းကိုကျေးရွာရာအိမ်မှုးဖြစ်သူ
(ဦးကျော်ထွန်းဖြူ)
နှင့် ရပ်မိရပ်ဖများ ဖယ်ရှားခြင်းအပေါ် ကျူးကျော်လမ်းပိတ်ထားသူ( ဦးငတောင်
)မှ တရားလိုပြုလုပ်လျှက်
မြေပုံမြို့နယ် တရားရုံးတွင် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ရာ
မြို့နယ်တရားရုံးမှ အမှုအမှတ်( ၂၃၇/၂၀၁၃)
ဖြင့်လက်ခံကာ ဒုတိယတရားသူကြီး ဦးပြည့်ဖြိုးဆွေမှ စစ်ဆေးဆုံးဖြတ်ခဲ့ပါသည်။
        ဒုတိယတရားသူကြီးဦးပြည့်ဖြိုးဆွေသည် တရားပြိုင်ဖြစ်သူ ဦးကျော်ထွန်းဖြူ
ဘက်မှ သက်သေများကို
အပြည့် အစုံ အစစ်ဆေးခြင်းမပြုသည့်အပြင် စစ်ဆေးခံသက်သေများ၏
ထွက်ဆိုချက်တွင်လည်း အများပြည်သူ အသုဘပို့ဆောင်ရန်သက်မှတ်ထားသော လမ်းအား
ကျူးကျော်ကာ ခြံစည်းရိုးတိုင်စိုက်ထူထားခြင်းကို ရာအိမ်မှူးဖြစ်သူ
ဦးကျော်ထွန်းဖြူ နှင့် ရပ်မိရပ်ဖများမှ အသုဘပို့ဆောင်ရန်အတွက်
လမ်းရှင်းခြင်းသာဖြစ်ကြောင်း
ထွက်ဆိုပေးခဲ့ကြသော်လည်း တရားလိုထံမှ လာဘ်ငွေများယူကာ
ပဲကောက်ကျောက်တန်းကျေးရွာ ရာအိမ်မှူး
ဖြစ်သူ ဦးကျော်ထွန်းဖြူအား (၁၁-၁၂-၂၀၁၃) နေ့တွင် ထောင်ဒါဏ်(၃)လချမှတ်ခဲ့ပါသည်။
        တရားလိုဖြစ်သူ ဦးငတောင်သည် ၄င်း အား အကူအညီပေးကြသည့်မြေပုံမြို့
ရွာသစ်ကေရပ်နှေ ဦလုက်းမား(ယုံကြည်သူများ အသင်း)၊မင်းပြားမြို့နယ်
ဂမ်းမကန်းထောင်ရွာမှ ဦးမောင်ကျော်၊ပဲကောက်
ကျောက်တန်းရွာမှ ဦးသာထွန်းအေး၊ဦးဖြူအောင်၊ဦးသာထွန်းဦး၊ ဦးသန်းဝင်၊
ဦးတတ်နေဖြိုး၊ ဆရာလမ်း
တို့၏အားပေး မြှောက်ပင့်မှုကြောင့် မြို့နယ်တားရုံးမှ စာရေး
ဦးမောင်တင်မိုး၊ ဥပဒေရုံးမှစာရေး ဦးထွန်းတင် တို့မှတဆင့်
ဒုတိယတရားသူကြီး ဦးပြည့်ဖြိုးဆွေအား ကျပ်ငွေ(၄၀၀၀၀၀ိ)ခန့် လာဘ်ထိုး
ပေးအပ်ခဲ့ကြောင်း ၊ ဒုတိယတရားသူကြီး ဦးပြည့်
ဖြိုးဆွေမှလည်း တရားလိုဖြစ်သူထံမှ လာဘ်ငွေရရှိ၍သာ ပိုင်နက်ကျူးလွန်မှု
မမြောက်ပါပဲလျှက် ပြစ်ဒါဏ်ချ
မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
        ဤသို့ ရပ်ရွာ၏ကောင်းရာကောင်းကြောင်းကိုဆောင်ရွက် နေသောရာအိမ်းမှူးအား
ပြစ်မှုမထင်ရှားပဲ
ထောင်ဒါဏ်(၃)လ ချမှတ်ခြင်းနှင့် ပက်သက်၍ (၁၃-၁၂-၂၀၁၃)
နေ့တွင်ပြုလုပ်သောဌာနဆိုင်ရာမျာ
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးပြည့်ဖြိုးဆွေ၏
လုပ်ရပ်များကို ပြစ်တင်သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊
ဦးပြည်ဖြိုးဆွေသည် တရားသူကြီး၏ ကျင့်ဝက်သိက္ခာနှင့်ကိုက်ညီမှု မရှိသော
ပြုမူဆောင်ရွက်ချက် အများ
အပြား ရှိ၍ ဌာနဆိုင်ရာအရာရှိများထဲတွင်
နာမည်ပျက်စာရင်းပေါက်နေသူဖြစ်နေပါသဖြင့် သက်ဆိုင်ရာမှ
အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။
ဆက်သွယ်မေးမြန်းနိုင်သည့်ဖုန်း-၀၉၄၂၀၂၁၄၅၅၅
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment