Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 11 December 2013

စရိတ်မျှပေးဆိုတာဒါကိုခေါ်ဆာလား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၅. ၁၂ .၂၀၁၃ နေ့တွင် ကျွန်တော်၏အကိုအား  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်လိုက်ရပါသည်။ ရောက်ရောက်ချင်းပင် ဆရာဝန်များက လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလပ်ကြပါသည်။  ထို့နောက်တွင်လိုအပ်သောဆေးများ
ကို  ဝယ်ယူရန်အတွက် ဆေးအမည်များရေး ထားသော စာရွက်တစ်ရွက်အား လာပေး၍ ဆေးဆိုင်ကိုလည်းလမ်းညွှန်ပေးပါသည်။ထို့နောက် ဆေးဆိုင်ကိုကြည်၍ကျွန်တော်အလွန်ပင်ကျေနပ်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော် စရိတ်မျှပေးဟူသော စာတန်းလေးကြောင့်ဖြစ်ပါသည်။ ကွန်တော်ပြန်ရောက်သည်နှင့်တပြိုင်ဆည်းမှာပင် ဆေးရုံ အလုပ်သမားနှစ်ဦးရောက်လာပြီးလူနာအားနေရာပြောင်းရမည်ဟုပြောပြီး လ္ဘက်ရည်ဖိုးလေးလုပ်ပါဟုစတင်လာပါသည်။ ကျွန်တော်လည်းပေးလိုက်ပါသည် နောက်တစ်ယောက် ထပ်ရောက်လာပြီးဤပုံစံ အတိုင်ပင်ပြောပါသည် သူ ကတော့် ကုတင်သန့်ရှင်းရေးလုပ်ရန်ဟုဆိုပါသည်ကျွန်တော်လည်း ထပ်မံပေးလိုက်ပါသည်နောက်ထပ်ဓါတ်လှေခါးမောင်းသူမှထိုကဲ့သိုပင်ပြောလာပြန်ပါသည် ဤသည်တွင်ကျွန်တော် နားလည်လိုက်ပါပြီ စရိတ်မျှပေးဆိုသည်မှာ ဒါပင်ဖြစ်လိမ့်မည် ထို့နောက်တွင်ဘာမျှမပြောတော့်ဘဲ အဆင်ပြေစေရန် အားလုံးကိုကူညီပေးလိုက်ပါသည် မကူညီပါက ထိုသူများငြိုငြင်မှာအမှန်ပင်ဖြစ်ပါသည်  ကိုကမှဆေးရုံအကြောင်းမသိတာ လပ်ပေးရမှာပေါ့လေ နောက်လူများအတွက်အခက်အခဲမရှိစေ ရန်အတွက်ဖြစ်ပါသည်
 ပေးပို့သူ သန်းထွန်းအောင် 
၁၂/ဥကမနိုင် ၁၅၉၈၉၃
 အမှတ်၁၀၂၂ ဋရပ်ကွက် ဣန္ဒာ၁၀လမ်း မ/ဥက္ကလာပ ရန်ကုန်
 ၀၉၄၂၀၁၄၄၇၉၂ 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment