Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 6 December 2013

ငြိမ်းချမ်းရေးအကောင်အထည်ဖေါ်မှ ပြည်သူများကြပ်တည်းနေကြရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်းဒေကြီး ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ဖက်ဒေသများဟာ KNU တပ်ရင်း(၉) ကြီးစိုးတဲ့နယ်မြေပါ။ဘောဂထာ မဘီး ပဒဲကော ကျေးရွာအုပ်စုတွေနဲ့ ကျောက်ကြီးနယ်မြေဟာ လယ်ယာမြေနည်းပါးတဲ့ ဒေသတွေပါ။အဲဒီက ကရင် ဗမာ ရောနှောနေတဲ့ ပြည်သူတွေဟာ အရှေ့ ရိုးမ တော တောင်တွေထဲမှာ
သစ်ခုတ် ဝါးခုတ် မီးသွေးဖုတ်နဲ့ လုပ်ကိုင်စားသောက်နေကြပါတယ်။
ယခင်အစိုးရလက်ထက်KNUနဲ့ ငြိမ်းချမ်းရေး မဆွေးနွေးခင်က တောတက်ရင် နယ်မြေခံKNUက ကောက်ခံတဲ့ငွေ ပေးပြီးလုပ်ကြရပါတယ်။ဘာပဲပြောပြော သေနတ်သံနားစွင့်ပြီး မိုင်းနင်းမိမှာ သတိထားရပေမဲ့ စားဝတ်နေရေးတော့ ဖူလုံခဲ့ပါတယ်။
               အခု အစိုးရသစ် တက်လာပြီးတဲ့နောက် KNU နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပြီး နှစ်ဖက်တိုက်ပွဲတွေလဲ မရှိတော့ပါဘူး။KNU ဖက်ကလဲ ကျောက်ကြီးမြို့မှာ ``ဆက်ဆံရေးရုံး´´ တရားဝင်ဖွင့်ထားသလို အရင်က သူတို့သွားလာဝင်ထွက်လို့မရတဲ့ ကျေးရွာတွေ မြို့တွေမှာလဲ ``နယ်မြေခံ´´ ဆိုတဲ့ KNUတပ်ဖွဲ့ဝင်တွေ ထင်ထင်ပေါ်ပေါ် ဝင်ထွက်သွားလာနေကြပါပြီ။တပ်ဖွဲ့ရပ်တည်နိုင်ရေးအတွက်ဆိုပြီး ရံပုံငွေရှာတဲ့အလုပ်ကိုလဲ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြပါတယ်။
                  ဒေသခံပြည်သူတွေအနေနဲ့ကတော့ သူတို့ကို ရံပုံငွေပေးပြီး တောတက်နေရမြဲပါပဲ။တစ်ခုတော့ရှိတယ် ``အပစ်ရပ်´´ထားတာဖြစ်လို့ ကျည်ဆံမကြောက်ရ မိုင်းမကြောက်ရတော့ တော်သေးတာပေါ့။ဒေသခံပြည်သူတွေက ဒုံရင်း ဒုံရင်းပဲဖြစ်ပေမဲ့ `` ငြိမ်းချမ်းရေးအရသာ´´ ကို KNUကတော့ လွပ်လွပ်လပ်လပ်သွားလာ လွပ်လွပ်လပ်လပ်ရံပုံငွေကောက်ခံနဲ့ ``ချိုမြိန်စွာ ခံစားနေကြရပါပြီ´´။
                   အခု ၂၀၁၃ ခုနှစ်မှာတော့ ဒေသခံပြည်သူတွေ သစ်ခုတ် ဝါးခုတ် တောတက်တာနဲ့ပက်သက်ပြီး ``ရံပုံငွေမကောက်ခံတော့ပါဘူး´´ ×××``တောတက် သစ်ခုတ်ခွင့်လဲမပေးတော့ပါဘူး´´ သဘာဝတောတောင်ပျက်စီးဆုံးရှူံးမှုမရှိအောင်များ ထိန်းသိမ်းတာလားလို့ မှတ်ပါတယ် လက်စသတ်တော့ KNUတပ်ရင်း(၉)ကိုယ်တိုင်က ``ဆင်´´တွေအသုံးပြုပြီး သစ်ထုတ်လုပ်ငန်းကိုအကြီးအကျယ်လုပ်တော့တာကိုး။ အကြောင်းမသိလို့ တောတက်မိတဲ့ပြည်သူတစ်ချို့ကိုတော့``သစ်ခိုးမှု´´နဲ့ ဒဏ်ပေးပါတော့တယ်။အဲဒီတော့ ဘယ်ဒေသခံမှ တောမတက်ရဲတော့လို့ စားဝတ်နေရေးအခက်အခဲတွေ ဖြစ်လာရတော့တာပေါ့။
                 တကယ်တော့ငြိမ်းချမ်းရေးအရသာကို KNUက ``မြိန်မြိန်ယှက်ယှက်ကြီးခံစားနေကြရပြီး´´ ဒေသခံပြည်သူတွေက အငတ်ငတ်အပြတ်ပြတ် အကြပ်အတည်းတွေခံစားနေကြရပါတယ်။အဲဒီတော့ ``မငြိမ်းချမ်းရင်လဲနေပါစေတော့´´ အရင်လိုပဲ ရံပုံငွေပေးပြီး တောတက်သစ်ခုတ်ခွင့် ရဖို့ပဲ ဒေသခံတွေကလိုလားနေကြပါတယ်။
             ကရင်လူမျိုးပြည်သူတွေအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေရတာပါလို့ ဆိုနေတဲ့ KNU အနေနဲ့ မိမိလူမျိုးအပါအဝင် ဒေသခံပြည်သူတွေအပေါ် စည်းရုံးရေးကျစေတဲ့ ဒီလိုလုပ်ရပ်တွေကို ဆင်ခြင်ရမှာဖြစ်သလို တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူတွေအနေနဲ့လဲ ငြိမ်းချမ်းရေးအသီးအပွင့်ကို ဒေသခံပြည်သူတွေပါ ခံစားနိုင်ရေးအတွက် ငြှိနှိုင်းဆောင်ရွက်ပေးသင့်ပါကြောင်း တင်ပြလိုက်ပါတယ်။
မောင်ငြိမ်းချမ်း

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment