Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 21 December 2013

အညာမခံရအောင်သိစေချင်လို့ပါ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပညာတွေကြိုးစားသင်ယူပြီး ကိုယ်တတ်တဲ့ပညာလေးနဲ့၊မိဘတွေကို
လုပ်ကျွေးချင်တဲ့ဆန္ဒလေးနဲ့ သီဟ- Development ဆိုတဲ့ကုမ္ပဏီမှာလခစားအလုပ်ဝင်
လုပ်ဖို့သူဌေးဦးဇော်လင်းအောင်ဆီမှာလူတွေ့ လစာညှိနှိုင်းပြီး အင်ဂျင်နီယာ ဟန်နီ၊သီတာတင့်ဆွေ၊မြတ်မင်းမို တို့ကိုစားရိတ်ငြိမ်းလစာတစ်သိန်းနှစ်သောင်းနဲ့ခန့်ခဲ့ပါတယ်။ခန့်ပြီးသိပ်မကြာခင်တောင်ကြီးဈေးဆာက်လုပ်ရန်တာဝန်နဲ့တောင်ကြီးမြို့အိမ်နံပါတ် ၃၉ ဥသြလမ်း၊ညောင်ရွှေဟော်ကုန်းရက်ကွက်မှာနှစ်ထပ်အိမ်တစ်လုံးငှါး
ပေးပြီးအဲဒီအိမ်လေးထဲမှာယောင်္ကျာ
လေး ၆ ယောက်၊မိန်းခလေး ၃ ယောက်စုပြီးထားလို့နေခဲ့ရပါတယ်။
စုနေရတဲ့ယောင်္ကျားလေး၊မိန်းကလေးများမှာအနေကျဉ်းကြပ်ခဲ့ရပါတယ်။ပတ်ဝန်းကျင်အမြင်မှာလည်းမသင့်တော်ဘူးလို့ထင်လို့တင်ပြတော့အိမ်ငှါးပြီးသီးသန့်ထားပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမယ့်အလုပ်သာထွက်ခဲ့ကြရတယ်ဖြစ်မလာခဲ့ပါဘူး။အလုပ်ထွက်ခဲ့ကြရတဲ့အကြောင်းက၊ခန့်ခဲ့တုန်းကလခကတစ်သိန်းနှစ်သောင်းနဲ့ခန့်ပြီးလခထုတ်တော့ထမင်းဖိုးငါးသောင်းဖြတ်တော့တစ်လခုနှစ်သောင်းနဲ့အဝေးကလာပြီးအလုပ်လုပ်ရတာဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ဒီလိုနဲ့သူဌေးအစ်မလို့ပြောတဲ့ဒေါက်တာဒေါ်လတ်လတ်စိုးနဲ့ဆွေးနွေးတော့အဆင်မပြေတာနဲ့အလုပ်ကထွက်ခဲ့ကြရပါတယ်။အခုလဲအင်ဂျင်နီယာ မရှမ်းရှမ်းဆိုတဲ့အမျိုးသမီးတစ်ဦးနဲ့ယောင်္ကျားသား ၈ ယောက်အိမ်နံပါတ် ၃၉၊ဥသြလမ်း၊ညောင်ရွှေဟော်ကုန်းရပ်ကွက်၊တောင်ကြီးမြို့မှာအတူရှိနေပါတယ်။တကယ်တော့ဒီလိုအတူမထားသင့်ပါဘူး။မောင်နှမသားချင်းစိတ်ဓာတ်ရှိသူတွေမို့သာပေါ့။မရှမ်းရှမ်းလည်းထမင်းဖိုးငါးသောင်းအဖြတ်ခံရပါတယ်။မရှမ်းရှမ်းကပြောပါတယ်သူတို့အိမ်ကအိမ်ဖော်တောင်ခုနှစ်သောင်းရပါတယ်တဲ့အင်ဂျင်နီယာပညာတက်တွေကအိမ်ဖော်လောက်တောင်မရဘူးလို့ပြောခဲ့ပါတယ်။နောက်တစ်ခုကဝန်ထမ်းများနာမကျန်းဖြစ်ခဲ့ရင်ဆေးကုသမှု့ကုန်ကျစားရိတ်ထုတ်မပေးရင်နေပါဆေးကုသတဲ့ရက်အတွင်းမှာလစာထဲကမဖြတ်စေချင်ပါဘူး။ကားသမားကိုကျော်ဌေးနာမကျန်းဖြစ်လို့ဆေးကုတဲ့၁၀ရက်ခွင့်ယူတာလစာထဲကဖြတ်ပါတယ်။မဖြစ်မနေမို့ခွင့်ယူခဲ့ရတာကိုညှာတာထောက်ထားမှု့မရှိပဲလစာဖြတ်ခဲ့တာသူဌေးလား၊သူဌေးအမလား၊သူဌေးသူငယ်ချင်းဆိုတဲ့နုနုထွေးလားဘယ်သူဖြတ်ခဲ့တယ်ဆိုတာတော့ကာယကံရှင်ပဲသိမှာပါ။လစာဖြတ်တဲ့စံနစ်ကျင့်သုံးမယ်ဆိုလဲအဖြတ်တစ်ခုထဲမလုပ်ပါနဲ့ဆုပေးဒဏ်ပေးစံနစ်နဲ့လုပ်ပါအခုဟာကဒဏ်ပေးတာပဲရှိတယ်ဆုပေးဖို့ထွက်မလာခဲ့ပါဘူး။ဒါကြောင့်မသိသေးသူများသိအောင်တောင်ကြီးဈေးဆောက်လုပ်မယ့် သီဟ Development ကုမ္ပဏီဆိုဝေးဝေးကရှောင်ကြပါအပြေတစ်မျိုးအလုပ်တစ်မျိုး မန်နေဂျာတွေအများကြီးစစ်သည်တစ်ယောက၊်ဗိုလ်ပါတစ်သောင်းနဲ့ သူဌေးဦးဇော်လင်းအောင်ကိုကြောက်ရမှာလားသူဌေးအစ်မလို့ပြောတဲ့ဒေါက်တာလတ်လတ်စိုးကိုကြောက်ရမှာလား။သူဌေးသူငယ်ချင်းနုနုထွေးကိုကြောက်ရမှာလား။တစ်ယောက်တစ်မျိုးနဲ့အားလုံးအာစရိတွေကြည့်ပါပဲ။ဒါကြောင့်ကျွန်တော်တို့လိုဒုက္ခမျိုးနောင်အလုပ်ဝင်မယ့်သူများမကြုံတွေ့ရလေအောင်သတိထားဆင်ခြင်နိုင်ရန်အတွက်ဒီစာလေးနဲရင်ဖွင့်ပြောကြားလိုက်ရပါတယ်။
             တစ်ခါသေဖူးလို့
                 ပျဉ်ဖိုးနားလည်သွားသူ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment