Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Wednesday 4 December 2013
ချင်း သစ်တော ပြည်နယ်မှူးအကြောင်း သိကောင်းစရာ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ကျွန်တော် ချင်း သစ်တော ၀န်ထမ်း တစ်ဦးပါ
ပြည်နယ်မှူးဟာ ရန်ကုန် တိုင်း ကပြောင်းလာတယ် လို့ သိရပါတယ်
ရန်ကုန်တိုင်း ကနေ လူပဲပြောင်းလာပြီး စိတ်က မပြောင်းသေးဘူးထင်ပါတယ်
ကျွန်တော်တို့  ၀န်ထမ်းတွေကို နည်းမျိုးစုံနဲ့  ရန်ကုန် လိုပဲ ခိုင်းနေပါတယ်
လူအား ငွေအား ၂ ခုလုံး စိုက်ထုတ်ပြီး လုပ်နေရပါတယ်
သူ့ အိပ်ထဲက ဘာမှ မထုတ်ပါဘူး
သူပြောပြောနေတဲ့ အဆင့်အတန်းရှိရှိ ရုံးတစ်ရုံး ဖြစ်ဖို့ ဆိုပြီး ကျွန်တော်တို့ လုပ်အားတွေ
ကျွန်တော်တို့ ချွေးနဲစာလေးတွေကို အသုံးချနေပါတယ်
ရေခဲမတတ်အေးတဲ့ ဟားခါးလို နေရာမျိုးမှာ မနက်၇ နာရီ တန်းစီပြီး အလုပ်လုပ်ခိုင်းပါတယ်
ကျောက်လည်းထုရပါတယ် လမ်းလည်းခင်းရပါတယ်
ကျွန်တော်တို့  အကျဉ်းသားတွေလို အပြစ်ပေးခံနေရပါတယ်
သူခိုင်းတာ မလုပ်လို့ သူနဲ့ အဆင်မပြေလျှင် အရေးယူမယ် ဟိုပြောင်းမယ် ဒီပြောင်းမယ်လို့ ခြိမ်းခြောက်ပါတယ်
ကျွန်တော်တို့ ကလည်း ကိုယ့် ဒေသကနေ ဘယ်မှ မပြောင်းနိုင်တော့ သူလုပ်သမျှ ခံနေရပါတယ်
ဒါလည်း သူနဲ့ အဆင်ပြေလျှင် သူ့ ဆီသွားလိုက်လျှင်ပြီးပါတယ်
အဲလို ပေးစရာလည်း မရှိတော့ ငုံ့ ခံနေရတာ ကြာပါပြီ
ခု မခံနိုင်တော့လို့ ပါ
ခု ပြည်နယ်ကို အေဒီ တစ်ယောက် ထပ်ရောက်လာပါတယ်
အဲဒီလူကလည်း ပြည်နယ်မှူး ကပ်ဖားပြီး ပြည်နယ်မှူးအလိုကျ လုပ်ပါတယ်
ကျွန်တော်တို့ မှာ တစ်ပူပေါ် နှစ်ပူ ဆင့်သလိုပါပဲ အားကိုးရာ မရှိ ဖြစ်နေကြပါပြီ
အေဒီဆိုသူကလည်း ဟိုဟာ ၀ယ်ပေးဦး ဒီဟာ ၀ယ်ပေးဦးနဲ့ ငေါက်ငန်းပြီး ခိုင်းပါတယ်
ခိုင်းတာ မလုပ်လျှင် ပြည်နယ်မှူး တိုင်မယ်ပြောပါတယ်
ကျွန်တော်တို့ ကတော့ နှစ်ယောက်လုံး ကြောက်နေရပါတယ်
ဟားခါးမြီု့ထဲကို ၀င်သမျှ တရားမ၀င်သစ်ကားတွေ အကုန်လုံးဟာ ပြည်နယ်မှူးနဲ့ ပြည်နယ်အေဒီကို ပိုက်ဆံပေးပြီးမှ ၀င်လို့ ရတာပါ
အခု ဟားခါးမြို့ နယ် ဘုံဇုံး မှာ တရားမ၀င်သစ်တွေမိ လို့ မိလို့ ဆိုပြီး ဒီအီး ဖွဲ့ ထားပါတယ်
တကယ်တော့ ဟားခါးဦးစီး ဘာမှ မသိရှာပါဘူး
ပြည်နယ်မှူး နဲ့ ပြည်နယ် အေဒီ ကို သစ်သယ်မဲ့လူတွေကပေးပြီးသားပါ
အခြေအနေမကောင်းလို့  မသိဟန်ဆောင်ပြီး ဖမ်းလိုက်တာပါ
စစ်ရင်းစစ် သူတို့ နှစ်ယောက်ကိုသာ စစ်သင့်တာပါ
တခြားကိစ္စ တွေလည်းအများကြီးပါ
ပြောင်းမယ်လို့ ခြိမ်းခြောက်ပြီးငွေတောင်းတဲ့ ကိစ္စ
လိုချင်တဲ့မြို့ နယ်ရချင်လျှင် ဘယ်လောက်ပေးဆိုတဲ့ ကိစ္စတွေ အများကြီးပါ
ပြည်နယ်မှူးနဲ့ အေဒီ နှစ်ယောက်ပေါင်းပြီး လုပ်ချင်တာ လုပ်နေကြတာ
မြီု့ နယ်မှူးတွေလည်း ခွဲတမ်း အမျိုးမျိုး ခွဲလို့  ဒုက္ခရောက်နေကြပါတယ်
ပြည်နယ်မှူးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ တွေ လုပ်ပေးကြရတာလည်း မြို့ နယ်တိုင်းပါပဲ
ကုန်ကျစရိတ် ပြန်ပေးမယ်ဆိုပြီး တစ်ခါမှလည်း ပြန်မပေးပါဘူး
မြို့ နယ်တွေဟာ ပြည်နယ်မှူးကို ပေးလျှင်ပေး မပေးတဲ့မြို့ နယ် ပြဿနာ ရှာခံရတာပါ့ပဲ
တစ်ချို့ ဆို ကြောက်လို့ လစာ ၂ ဆရတဲ့ထဲက ၁ ဆကို ပြည်နယ်မှူးပေးလိုက်ရတယ်ပြောပါတယ်
ပြည်နယ်မှာ ယာဉ်မောင်းလုပ်နေသူတစ်ဦးပြောလို့ သိတာပါ
ကျွန်တော်တို့ အေးချမ်းတဲ့ ချင်းပြည်ဟာ ပြည်နယ်မှူးနဲ့ ပြည်နယ်အေဒီ ကြောင့် ပူပင်သောကရောက်နေကြရပါတယ်
တာဝန်ရှိသူများ ဆုံးမပေးကြပါဦးလို့ အသနားခံတင်ပြလိုက်ပါတယ်
သစ်တောဝန်ထမ်းတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
No comments:
Post a Comment