Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 14 December 2013

မျက်ရည်လယ်မိပါသည်ရွှေမြန်မာပြည် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
တော်ကြီးမှာ(၄၄)နှစ်ကြာမှပြန်
လည်ကျင်းပ
ခွင့်ရခဲ့တဲ့(၂၇)ကြိမ်မြောက်အရှေ့တောင်
အာရှအားကစားပြိုင်ပွဲကြီး(SEA GAME )
ကိုကျနော်ရင်တမမနဲ့ မျှော်လင့်နေခဲ့မိပါ
တယ်။ဖွင့်ပွဲကိုလည်း(၁၁-၁၂-၁၃)နေ့  မှာ
ဖွင့်မှာဆိုတော့ကျနော်မတောက်တစ်ခေါက်
ပညာလေးနဲ့ တွက်ကြည့်လိုက်တယ်။
အကြိမ်မြောက် ၂၇=၉ ရတယ် ။ ရက်ကို
တွက်ကြည့်ပြန်တော့ ၁၁၁၂၁၃=၉ ရပြန်
တယ်။ ရလာဒ်ကိုပေါင်းကြည့်ပြန်တော့လဲ
၉+၉=၁၈=၉ဖြစ်နေပြန်တယ်။ဗေဒင်အရ
နဝင်းကိုက်ဗျာ။မင်္ဂလာအပေါင်းနဲ့ အောင်
မြင်မယ် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်
ရင်းနှီးမှုပိုရမယ် နိုင်ငံတော်အတွက်တိုး
တက်လာမှုတွေကိုနိုင်ငံတကာကမျက်ဝါး
ထင်ထင်တွေ့ မြင်ရမယ် ပြည်သူပြည်သား
တွေအတွက်စီးပွါးရေးအခွင့်အလမ်းတွေ
ပွင့်လင်းလာမယ် ဆိုတဲ့နိမိတ်တွေလို့ ဖေါ်
ဆောင်ချင်ပါတယ်။ဒါပေမယ့်နိုင်ငံတော်
မှာဖြစ်ပေါ်ခဲ့တဲ့ဘာသာရေးပဋိပက္ခတွေ
ဘာမဟုတ်တဲ့ပြည်တွင်းစစ်ပွဲလေးတွေ
နိုင်ငံနဲ့ ပြည်သူတွေကဆီးဂိမ်းပြိုင်ပွဲကြီး
အောင်နိုင်ရေး အိမ်ရှင်နိုင်ငံအဖြစ်ဂုဏ်သ
ရေရှိစွာကြိုးစားနေချိန်မှာဖွဲ့ စည်းပုံပြင်ဆင်
ရေးအတွက်ပြင်ဆင်ရေးဆိုပြီးပြည်သူလူထု
အတွက်ဘာမှမဆောင်ရွက်ပေးတဲ့သူတွေ
ကြောင့်အောင်မြင်အောင်လုပ်နိုင်ပ့ါမလား
ဆိုတဲ့စိုးရိမ်စိတ်ရှိခဲ့ပေမယ့်ကျနော့ရဲ့အတွေ့
အကြုံအရတွက်ချက်ထားတာမှားဘူးဆိုတါ
လက်ခံထားတာအပြင်နိုင်ငံတော်ကိုဦးစီး
ဦးဆောင်ပြုနေတဲ့အကြီးတွေကိုလည်းတွက်
ကြည့်တော့ သိန်းစိန်(၆+၃=၉)ရွှေမန်း
(၄+၅=၉)ဖြစ်နေပြန်တော့လောကပါလ
နတ်မင်းတွေကအန္တရာယ်တွေမကျအောင်
စောင့်ရှောက်ပါလိမ့်မယ်ဆိုတာတွေ့ တော့
ကျနော်စိတ်အေးချမ်းစွာနဲ့ (၂၇)ကြိမ်
မြောက်ဆီးဂိမ်းဖွင့်မယ့်နေ့ ညနေ(၅း၃၀)
နာရီကိုစောင့်ရင်းတီဗွီရှေ့မှာထိုင်စောင့်နေ
မိတယ်။ဖွင့်ပွဲစတင်တော့မှာဖြစ်ကြောင်း
အခမ်းအနားမှူးကကြေညာတော့အိမ်ရှိလူ
ူကုန်ကြည့်ကြတယ်။ဟုတ်ပါတယ်နောက်
နှစ်ပေါင်း(၂၀)ကြာမှတစ်လှည့်ပြန်ရောက်
မှာဆိုတော့ကျနော်တို့ အသက်အရွယ်အရ
ရှိချင်မှရှိမှာဆိုတဲ့သတိသံဝေဂလေးရမိပါ
တယ်။ဖွင့်ပွဲမှာကျက်သရေအလွန်ရှိလှသော
ပြည်သူချစ်သောလေးစားသောနိုင်ငံတော်
သမ္မတကြီးဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်း
တို့ ရောက်ရှိလာပြီး ပြည်သူတွေကလှိုက်
လှိုက်လှဲလှဲကြိုဆိုကြပုံတွေ အလံကိုင်အဖွဲ့ 
နိုင်ငံအလိုက်ဆိုင်းဘုတ်ကိုင်မြန်မာ့သမီးပျို
များ ဘင်ခရာတီးဝိုင်းအဖွဲ့ များ နိုင်ငံအ
လိုက်အားကစားအဖွဲ့ များချီတက်ပုံ မီးရှူး
တိုင်ကြီးကိုအဆင့်ဆင့်လက်ဆင့်ကမ်းသယ်
ဆောင်လာကြတဲ့တစ်ချိန်ကမြန်မာ့ဂုဏ်ကို
ဆောင်ခဲ့ကြတဲ့ရွှေဆုများရှင်ဂျနီဖါတင်လေး
ခင်ခင်ထွေး ဂိုးတင်အောင်နဲ့ အာကစားသ
မားကြီးများမြင်ရပုံ မီးရှူးတိုင်ကမီးကိုရှေး
မြန်မာဝတ်စုံနဲ့ နိုင်ငံ့သားကောင်းရတနာက
မြှားနဲ့ ပစ်ဖွင့်ပုံ မြန်မာဝတ်စုံနဲ့ အစီအစဉ်
ကြေညာပေးနေတဲ့သားပျို သမီးပျိုလေးရဲ့
ပြောဟန်ဆိုဟန်နဲ့ နိုင်ငံတကာကနားလည်
အောင်အင်္ဂလိပ်စကားနဲ့ ကျင်ကျင်လည်
လည်ပြောဆိုတင်ဆက်နေပုံ နိုင်ငံကျော်အ
ဆိုတော်များရဲ့လိုက်ဖက်ညီလှတဲ့ဝတ်စား
ဆင်ရင်မှုနဲ့ မြန်မာ့သား သမီးများရဲ့ညီညာ
စွာတင်ဆက်ပုံများကိုကြည့်ရှုတဲ့အခါကိုယ့်
ကိုယ်ကိုအသက်မှရှူမိရဲ့လားထင်မိပါတယ်။
ဘယ်အချိန်ဘယ်ကာလကများဒီလိုညီညာ
အောင်လုပ်ထားပါလိမ့်လို့ ထင်မိသလိုစိတ်
ထဲမှာမှန်တာပြောရရင်ဒီလောက်လုပ်ထား
မယ်မထင်မိတာအမှန်ပါ။ဆက်တင်အခမ်း
အနား ရောင်စုံမီးနဲ့ဖေါ်ကျူးမှု ပရိုဂျက်တာ
ကြီးနဲ့ ရေကြီးတာတွေပြတော့ကိုယ်တောင်
ထပြေးမလားထင်မိတယ်။အားလုံးအားလုံး
ဟာကွက်မရှိမြန်မာ့ယဉ်ကျေးမှုမြန်မာ့အလှ
မြန်မာ့အကတွေတိုင်းရင်းသားအကတွေ
ပန်းပွားအကတွေ ကမ္ဘာမှာမြန်မာကွလို့ 
ပြသခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ။
မီးရှူးမီးပန်းတွေဖေါက်နေပုံတွေကြည့်ရပြန်
တော့လဲအံ့မခန်းပါဘဲ။နိုင်ငံတော်အလံက
လေမှာတစ်လူလူလွင့်နေပုံတွေ ပြီးတဲ့အချိန်
မှာလည်းနိုင်ငံတကာအားကစားသမားများ
ရဲ့ငြိမ်းချမ်းပျော်ရွှင်စွာပြုံးပြီးနှုတ်ဆက်နေ
တဲ့ပုံတွေနဲ့ မြန်မာအဖွဲ့ ချီတက်လာတော့
မြန်မာမြန်မာမြန်မာ ဆိုတဲ့အသံတွေဘဝဂ်
ညံနေပုံ ကြားရမြင်ရတော့မြန်မာနိုင်ငံကိ
ချစ်တဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ ဖေါ်
မပြနိုင်တဲ့ဝမ်းသာပီတိတွေဖြစ်ခဲ့ရပါတယ်။
မြန်မာအားကစားအဖွဲ့ တွေရွှေတံဆိပ်တွေ
တသီကြီးဆွတ်ခူးနေတာမြင်နေရတော့
နိုင်ငံသားများကိုယ်စားနောက်ထပ်ရွှေတွေ
အများကြီးဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်း
ပေးနေသလိုငြိမ်းချမ်းအောင်မြင်အောင်
ဆောင်ရွက်ပေးသောနိုင်ငံတော်အကြီ
အကဲနှင့်တကွပါဝင်ဆောင်ရွက်သူများအား
လုံးကိုအထူးကျေးဇူးတင်မိပါတယ်။ကျနော့
အသက်အရွယ်အရမှီလိုက်သော အမိမြန်မါ
နိုင်ငံတော်တွင်နှစ်ပေါင်းများစွာကြာမှပြန်
လည်ကျင်းပခွင့်ရသောအရှေ့တောင်အာရှ
အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုကြီး
ကျယ်ခမ်းနားစွာမြင်လိုက်ရတဲ့အတွက်မျက်
ရည်များပင်လည်မိပါသည်မြန်မာပြည် လို့ 
တင်စားလိုက်ရပါကြောင်းဂုဏ်ပြုလိုက်ရပါ
သည်။
မြင့်လွင် (ပညာရေး)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment