Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 1 December 2013

မြို အမည်ခံ ခမီ လူမျိုးများ ခမီလူမျိုးစစ်စစ်သာခံယူသင့် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

30-11-2013 ရက်နေ့ထုတ် Daily ELEVEN သတင့်စာတွင် ၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းကောက်ယူရာတွင် ခမီ လူမျိုးအစား မြို လူမျိုးအမည်ဖြင့်သာ ကောက်ယူရန် သမ္မတ နှင့်လွတ်တော်အသီးသီးသို့ တင်ပြမည်ဟူသောသတင့်ကို ဖတ်ရူးရပါသည်။ဗန္ဓရဗန် မြိုထောင်မှဆင်းသက်လာသော ရခိုင် အခေါ် တောင်မြို  ခမီ အခေါ် ဒါး လူမျိုးတို့သည် ၂၀၁၀ ရွေကောက်ပွဲတွင် မြို တိုင်းရင်းသားပါတီကို တည်ထောင်၍ မြို လူမျိုးစစ်စစ် ခံယူကြပါသည်။   Daily ELEVEN  သတင်းစာတွင်ရေးသားသော မြို လူမျိုးတို့သည် မြို အမည်ခံ ခမီ လူမျိုးများသာဖြစ်ပါသည် ထိုကြောင့် ၂၀၁၄ ခုနှစ်မတ်လတွင် ကျင့်ပမည် အိမ်အကြောင့်အရာနှင် သန်ခေါင်စာရင်းကောက်ယူရာ၌ လူမျိုးအမည်ကို ခမီ လူမျုးဟု တစုတပေါင်းတည်းခံယူသင်ပါသည်။    မြို အမည်ခံ ခမီ လူမျိုးတို့သည် ဖဆပလခေတ် ညောင်ပင်လှ ဆရာတော်ဦးပညာဝံသ အမူပြုသော ၁၅ ဦးကော်မတီမှ မြို လူမျိုးဟူသော ရခိုင်သမိုင်းနှင့်ကိုက်ညီရန် ခမီ လူမျိုးမှ မြို လူမျိုးသို့ ၁၉၅၈ခုနှစ်မှစ၍ ခံယူကြောင့် သိရပါသည် ၁၉၆၂ ခုနှစ်မဆလခေတ်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၌  မြို လူမျိုးဟု သန်ခေါင်စာရင်၌ ရေးသွင်းခြင်းခံရပါသည်။    သန်ခေါင်စာရင်းကောက်ယူရာတွင် ဘိုဘွားဘီဘင် ၃ ဆက်ရေးသွင်းရမည်ဖြစ်ရာ မဆလခေက် ၁၉၆၂ ခုနှစ်နောက်ပိုင်း  ကျောက်တော်မြိုနယ် လဝကရုံး၌ မည်သည်လူမျိုးနာမည်ရှိသည်ကို တာဝန်ရှိသူများ စိစစ်ပေးစေချင်ပါသည်။       ပထမဓညဝတီပြည်ရှင် မာရယု မင်းသား  မွေးစားဖခင်  သူကြီး အောက်လ ခမီလူမျိုးကို ရခိုင်သမိုင်းဆရာတို့က မြို လူမျိုးဟုရေးသားခြင်းကြောင့် ၁၉၅၈ခုနှစ်မှပြောင်းလှည်းခံယူေ
သာ သမိုင်းစွဲ မြို အမည်ခံ ခမီလူမျိုးများနှင့် မိမိတို့လူမျိုးအစစ်အမှန်ကိုခံယူသော ခမီ လူမျိုးတိုသည် ပေါင်းစည်မှု မရခြင်းကြောင့် တသိန်းကျော်ရှိသောမိမိတို့လူမျိုးစုအတွက် အဘက်ဘက်မှနိမ့်ကျလျက်ရှိပါသည် ထိုကြောင့်စုစည်းနိုင်ပါရန် ဝန်နည်းစွာရင်ဖွင့်လိုက်ရပါသည်။
 
ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment