Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 20 December 2013

ဂျောင်း တာ၊ကျေးရွာမှာ သူခိုးဖမ်း ပေးရင်။ လျော် ကျေး ပေးရတယ်!!!!!! >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

    ပြည်တွင်း၊ပြည်ပ ခိုးသားကြီး ငယ် အပေါငိး တို့
###### မြန် မာပြည် ပဲခူးတိုင်း ညောင် လေး ပင် မြို့နယ် ဂျောင်းတာ ကျေးရွာကို  လာလှည့်ကြပါ။  လွတ်၊လွတ် လပ် လပ် ခိုးကြပါ---နေ့ နေ့ ညည ကြိုက် သလို ခိုးကြပါ။ ပစ္စည်း တို့ ငွေတို့ ရရင် လည်း
ယူသွားပါ။ဘာမှ မရဘူးဆိုရင် တော့  ""လူသိ အောင်
လုပ် လိုက်ပါ၊။လိုက် ဖမ်းရင် ပြန် ခုခံ။။နဲနဲအနာခံ ပြီး
ရင် အမိခံလိုက်ပါ။ လူကြီးမင်း သူခိုးတို့ အတွက် ကျေးရွာ လူကြီး တွေကိုယ် တိုင် သူခိုးဖမ်းတဲ့သူ တွေ
ဆီက လျော် ကျေး တောင်း ပေး နေတာ အသေအချာ
ပါ။ ""  $ ကိုင်း ရှိရှိ သမျှ သူခိုး အ ပေါင်း ကို  ဂျောင်း တာ မြေက ကြိုဆို ပါတယ်။
          ဖြစ် ပုံ က တော့ ဒီလိုပါ ။ ။ဂျောင်း တာမှာ သူခိုး
ပူတာကြာပါပြီ။ အခိုးခံရလို့ ရွာလူကြီးသွားတိုင်ရင်
လည်း ။လက်ပူး လက် ကြပ်မမိ  လို့ဆိုပြီး ဘာလုံခြုံ
ရေးမှ လုပ်မ ပေးဘူး။     ဒီလိုနဲ့  ဒီဇင်ဘာ(၁)ရက် နေ့
အကူး မနက် (02:30) နာရီ လောက်မှာ။အိမ် တစ် အိမ် ထဲ သူခိုးဝင် လို့ ပြည်သူ့စစ် တွေ မီးသတ် တွေနဲ့
ရွာသားတစ် ချို့ ကလိုက် ဖမ်း တယ်။သူခိုးက ပြန် ခုခံလို့ အကြမ်း ဖက်ပြီး ဖမ်းရတာပေါ့။သူခိုးလည်း
မိ ရော ကျေးရွာအုပ်ချုပ် ရေးမှုး ဦးပါ ဆီကိုအပ်။
နောက် နေ့ ပြွန် တံဆာ ရဲစခန်းကို ဝမ်း သာအားရ
သွားပို့လိုက် တာ  လွှဲစာ မပါလို့ဆိုပြီး အ ရေးမယူ
ပေးတာနဲ့ စိတ် ပျက် လက် ပျက် နဲ့  ပြန် ခဲ့ကြရတယ်။
          သူခိုးက တော့(ဘယ် သူက အခါ ပေးတယ် မ
သိ)ဆေးရုံတက်ပြီး သူ့ကိုဒဏ်ရာရ အောင် လုပ်တဲ့သူ တွေကို ဖမ်းခိုင်း လို့ ရွာသား(၃)ယောက်
အချုပ်ထဲ ရောက်ပါ လေ ရောလား။
     အော်?????ပြန်ခုခံ နေတဲ့ သူခိုးကို လက်အုပ် လေးချီပြီး ရပ် တော်မူပါဘုရား  လို့ လုပ်ရမှာလား
။ အင်း ရဲ တွေကိုပါ သူခိုးဖမ်းရင် ကန် တော့ပွဲနဲ့ဖမ်း
လို့ သင် တန်း ပေးရမလိုလို
          ပွဲကအခုမှ စတာ ။ခေတ် အဆက်၊ဆက် ဂျောင်း တာ ဗိုလ်ကြီး ဦးဘလှိုင် ဦးစီးလို့ အုပ်ချုပ်
ရေးမှုးဦးပါ တို့အဖွဲ့ ရဲစခန်းကို ရောက်လာပြီး သူခိုး
အတွက် လျော် ကြေး တောင်း ပေး တော့တာဘဲ။ (၆)
သိန်း တဲ့ ဗျား    ။ရွာသား(၃)ယောက်ခမျာ ငွေ ၃ သိန်း
လက်ငင်း ပေးပြီး အချုပ်ထဲက ထွက်ခဲ့ရတယ် လေ။
(ပြည်ထဲ ရေး ပြည် ထောင်စုဝန်ကြီး နဲ့ နိုင်ငံ တော် ရဲချုပ်တို့ ခင်ဗျား ဒီလို အဖြစ်မျိုး ကြားဘူးကြပါသလား
လို့ တောင် အော်ရမလို ဖြစ် နေပါပြီ။)
          အဲဒီဖြစ်ရပ်ကို တစ်ရွာလုံး မခံနိုင် ဖြစ်လို့ ရွာသား ၁၀၀  ကျော် စုပေါင်းလက်မှတ်ထိုးပြီး
တိုင် တော့တာ ပေါ့။ တိုင် စာမှ သက်ဆိုင် ရာမ ရောက် လောက် သေးဘူး "" ဂျောင်း တာ ဗိုလ်ကြီး
ဦးဘလှိုင် က ကျွေးကျန် ၊၃။သိန်း တောင်း တာ မ ပေး
ကြလို့ဆိုပြီး သူခိုးကို ဆေးရုံပြန်တက်ခိုင်းပြီး အမှုဖွင့်
ဦးမလို့ ဆိုဘဲ။
          ဒီ နေ့ အစိုးရသစ် လက်ထက်မှာ နိုင် ငံ တော်(ပြည်သူ့) လစာ စားပြီး ဒီ လောက်ဆိုးယုတ် နေတဲ့  အုပ်ချုပ် ရေးမှုးနဲ့ အကြံ ပေးအ ပေါင်းအပါ တွေကို ထုတ်ပစ်ရုံသာမက  စံပြအ နေနဲ့ တစ်ဖွဲ့လုံး
ကို တရားဥပ ဒေ အရပါ ထိထိ ရောက် ရောက် အ ရေးယူသင့် ကြောင်း ပါခင် ဗျား၊။။။

   မီး မောင်း


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment