Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 21 December 2013

မြန်အောင်မြို့နယ်မှလယ်သမားများတစ်ပူပေါ်တစ်ပူဆင့်အခက်အခဲကြုံတွေ့နေရပုံ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မြန်အောင်မြို့နယ်ဇီးဖြူကုန်းအုပ်စု၊လဟာပေါက်အုပ်စု၊ထန်းသုံးပင်အုပ်စု အတွင်းရှိလယ်သမားများသည် လယ်ယာလုပ်သားရှားပါးမှု ရာသီဥတုဖေါက်ပြန်မှုဆင်ကျုံး ချောင်းတိမ်ကောပိတ်ဆို့မှုများကြောင့် လဟာပေါက်အုပ်စု(၂၄၄)ကျီးတန်းရိုးကွင်းတွင် ယခုအချိန်အထိ မိုးရေထု(၁၈)လက်မအထိကျန်ရှိနေပါသေးသည်။သို့ပါသောကြောင့် မိုးစပါးရိတ်သိမ်းရန်ခက်ခဲနေကြပါသည်။ထို့အပြင်ကွန်ချောင်းဆည်မှရေများ ယခင်နှစ်များထက်ပိုမိုစောစီးစွာ(16.12.2013)နေ့တွင် စတင်ဝင်ရောက်လာမှုကြောင့် ဆိုးရွားစွာခံစားနေကြရပါသည်။ထန်သုံးပင်အုပ်စုတွင်လည်းလှည်းလမ်းများ ရေ၀င်ရောက်
့သဖြင့်ကောက်လှိုင်းများသယ်ယူရန်ခက်ခဲနေခြင်းနှင့် လဟာပေါက်ဆည်မြောင်းရုံးအနီးရှိ
မြောင်းမကြီးမှရေများကို ကွင်းအတွင်းသို့ရေမ၀င်ရောက်ေ
စရန် နီးစပ်ရာဆည်မြောင်းရုံး သို့ခွင့်ပန်ကြားပြီး ပိတ်ဆို့ထားရပါသည်။သို့ပါသောကြောင့်နိုင်ငံတော်အကြီးအကဲများနှင့်လယ်ဆည်ဝန်ကြီး ကူညီဖြေရှင်းပေးပါရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။
 
လယ်သမားများ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment