Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 8 December 2013

ြွပွန်ဆာ ကျောင်း လူကြီး ကျောင်း ပိုင် အုတ်ကျိုးများ သူခိုး ဈေး နဲ့ဝယ် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   ပဲခူး တိုင်း အရှေ့ခြမ်း ပြွန်တန်ဆာမြို့  အ ထ က မှ နှစ်ထပ် ကျောင်း ဆောင် တစ်ဆောင် ဟာ၊ ၂၀၁၃ ခုနှစ် ကျောင်း ဖွင့်ကာစမှာ ဝရန်တာ ပြိုကျခဲ့ ပါတယ်။ဒါ ကြောင့် ကျောင်း ဆောင် အသစ် ဆောက်ဖို့ ဝန်ကြီးဌာန က ခွင့် ပြုမိန့် ကျပြီး မကြာခင်
မှာ ဆောက် တော့မှာ ဖြစ်ပါတယ်။
        ဒါ ကြောင့် ကျောင်း ဆောင် ဟောင်းကြီး ကို ကျောင်း အကျိုး ဆောင် အဖွဲ့က ဦးစီး
ပြီး ဖျက်ကြပါတယ်။ အဲဒီလို ဖျက်လို့ ထွက်လာတဲ့ ၊သွပ်၊သစ်။အုပ်ကျိုး တွေကို    အပုံပြတ် ဝယ်တဲ့သူ ရှိ ပေမဲ့ ဈေး မတဲ့လို့ဆိုပြီး အရောင်း အဝယ်ပျက်သွား ပါတယ်။
(တမင် မတည့် အောင် လုပ်တာလားလဲမသိပါ)
        အဲဒီ တော့ သွှပ်တစ်ချပ်ကိုဘယ်ဈေး၊ ထုသစ်တစ်တန်ကိုဘယ်ဈေး။ပါးသစ်
တစ်တန်ကို ဘယ် ဈေး နဲ့ သတ်မှတ်ပြီး ပြင်ပဝယ်သူကို ရောင်းဖို့ စီစဉ်ပါ တယ်။
        အဲ>>>>>အုတ်ကျိုး ကို တော့ တစ်ကျင်း ဘယ်ဈေးလို့မသတ်မှတ်ဘူးဗျာ။ အားလုံးပုံပြတ်ကို
(၅)သိန်း သတ်မှတ်ပြီး ကျောင်း အကျိုး ဆောင် တစ်
ယောက်က ဝယ်တယ်ဆိုပြီး၊အမြန်ဆုံးသယ်ဖို့ လုပ်ပါ
တော့တယ်။ တကယ်ဆို အုတ်ကျိုးတစ်ကျင်း ပြင်ပ
ပေါက် ဈေး  ၃၀၀၀၀ိ/ ရှိပါတယ်။အုတ်ကျိုး ပမာဏ က ကျင်း ၁၀၀ ကျော် လောက်ရှိကာ>>>အ ဟောင်း
ဖြစ်လို့   ၂၀၀၀၀ိ/ ဈေးဘဲ ထားပါဦီး။၊။သိန်း ၂၀
ပစ် စလက်ခတ်  တန်တယ်။ အခု တော့ဗျာ>>>>>
(၅)သိန်း တဲ့။  သူခိုး ဈေး တောင် မရှိပါဘူး ။
        ကျွန်တော်တို့ သိထား တာက  ဒီပစ္စည်းတွေ ဟာ
နိုင်ငံပိုင်ပစ္စည်း တွေပါ။ဒါတွေကို မတန်တစ်ဆ ဈေးနဲ့
အခုလိုလုပ်တာဟာ  နိုင်ငံပိုင် ကျောင်း ပိုင် ပစ္စည်းတွေ အလွဲသုံးတာ  ခိုးတာပါဘဲ။ဒီကိစ္စနဲ့ပတ်
သက်ပြီး  ကျောင်းသားမိဘ ဆရာ ဆရာမ တွေကိုမတိုင် ပင်ဘူး   သဘောထား မယူဘူး။
        ဒါ ကြောင့် ကျောင်း အကျိုး ဆောင်ကြီး ငွေ
(၅)သိန်း နဲ့ ဒီအုတ်ကျိုးတွေကို သယ်ယူသွား မယ်
ဆိုရင်တော့ ကျွန် တော်တို့ ကျောင်း သားမိဘ တွေ
စုပြီး တိုင်ကြား တော့မှာ ဖြစ်ပါတယ်။
          (ကျောင်း သား မိဘ တစ်ဦး)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment