Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday, 2 December 2013

မကွေးတိုင်းဒေကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် နည်းပညာတက္ကသိုလ်(မကွေး)ကျောင်းအုပ်ကြီးသိစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့မှ၊ ၀န်ထမ်းများစား၊ ၀တ်နေရေးပြေလည်စေရန် နှင့် ၀န်ထမ်းများ ငွေစုသောအ လေ့အထရှိစေရန်ရည်ရွယ်ပြီး၊ ၀န်ထမ်းတစ်ဦးလျှင်၎င်းလစာငွေ၏ (၃)ဆကို၊ အတိုးနှုံး သက်သာစွာဖြင့်(၈)လ အကြေ ဆပ်စနစ်ဖြင့်၊ ချေးငွေများချထားပေးခဲ့သည့်အတွက်၊ ၀န်ထမ်းများမှာ ပျော်ရွှင် ကြည် နူးခဲ့ရပါသည်။ ထို့အတူ၊ ၀န်ထမ်းတစ်ဦးလျှင်၊ တစ်လ(၃၀၀၀) ကျပ်စုကြေးငွေပြန်လည်ထည့် သွင်းရပါသည်။ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးမည်ဆိုသောကြောင့်၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့တွင် လျှောက်လွှာများ ပြန်လည်တင်ခဲ့ပါသည်။လျှောက်လွှာတင်ပြီး (၁၀) ရက်အတွင်းရမည် ဆိုသော်လည်း၊ သွားရောက်သည့် အခါတိုင်း၊ အသေးစားငွေရေးကြေးရေးတာဝန်ခံ မှ နောက်တစ်ပက်ရပါမည် ဆိုသောစကားဖြင့်သာ၊ ကျောင်းမှတာဝန်ပေးခံရသောဆရာများ၊ ပြန်လာခဲ့ရသည်မှာ၊ 1.12.2013 ယနေ့အချိန်ထိပင် ဖြစ်ပါသည်။ မိမိတို့ဌာနနှင့်အတူလျှောက်လွှာတင်သော၊ အခြားဌာနများမှာ၊ နိုဝင်ဘာ(၄) ရက်နေ့တွင်၊ ဒုတိယအကြိမ်ပြန်လည်ရရှိခဲ့သည်ဟု၊ သိရပါသည်။ဆရာ၊ ဆရာမများ၏ စုဆောင်းငွေကိုလည်း မည်သည့် အချိန်တွင်ပြန်လည်ထုတ်ပေးမည်ကိုလည်းအတိအကျမပြော နိုင်ကြပါ။ တာဝန်ခံဆရာများမှ၊ စုဆောင်းငွေများ တစ်ဖက်လှည့်သုံးထားသည်လား၊ မကွေတိုင်းဒေသကြီးဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း၊အသေးစားငွေရေးကြေးရေး လုပ်ငန်းကပင်အမှန်တကယ်ပြန်လည်ထုတ်မပေးသည်လား ဆိုတာသိချင်ပါသည်။ ငွေကြေးဆိုင်ရာအလုပ်ကို လုပ်ကိုင်နေသည့်အတွက်၊ မည်သည့်အချိန်တွင် ဒုတိယအကြိမ်ချေးငွေပြန်လည် ရရှိမည်၊ (သို့မဟုတ်) မရရှိမည်ကိုသိချင်ပါသည်။
ချေးငွေကိုမျှော်လင့်နေသော
ဆရာ၊ ဆရာမများကကိုယ်စား

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment