Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 17 December 2013

ညောင် လေးပင် မြို့နယ်၊ဂျောင်း တာ ကျေးရွာ အုပ်ချုပ် ရေးမှုး၊ဖမ်းမိ မှောင် ခိုနွား များပြန်၊လွှတ် ပေး >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

     ညောင် လေးပင် မြို့နယ်၊ဂျောင်း တာကျေးရွာအုပ်စုမှာ၊တစ် ဖက် နိုင် ငံကိုခိုး
ထုတ်၊တဲ့ နွား မှောင် ခိုလုပ်ငန်း ဖမ်းဆီးသူမရှိ ပြောင် ပြောင် တင်း တင်း လုပ်စားနေ
တာကြာပါပြီ။ဘယ်အာဏာပိုင် တွေက မျက် စေ့မှိတ် ထားသလဲ ဆိုတာ စဉ်းစားစရာ
ပါ။
          နိုင် ငံပိုင် သတင်းစာနဲ့၊မီဒီယာ တွေမှာ၊ခိုင်း နွားရှားပါးမှု၊အမဲသား ဈေး မကြုံ
စဘူးကြီးမြင့် လာမှုတို့ရဲ့ အဓိက တရားခံ ဖြစ်တဲ့၊တရားမဝင် နွားသယ်ဆောင် မှုကို
နေရာအနှံ့ ဖမ်းဆီးရမှု သတင်း တွေ အမြဲ ဖတ် နေရပါတယ်။ဒါ ပေမဲ့ ဂျောင်း တာ
ကျေးရွာမှာ တော့ နှစ်ရက် သုံးရက် တစ်ခါ လုပ်နေတဲ့နွား မှောင် ခိုလုပ်ငန်းကို နွား
နဲ့ဖက်ပြီးစိုက်ပျိုး နေရတဲ့ တောင် သူ တွေ ခမျာ  မချိတင် ကဲနဲ့ ကြည့် နေကြရတာ
ကြာပါပြီ။ကျေးရွာအုပ်ချုပ် ရေးပိုင်း က သိ ပေမဲ့ ဖမ်းဆီး တိုင်ကြားခြင်း မရှိတာ
မေးခွန်းထုတ်စရာပါ။
          ဒါ ကြောင့်(14-12-2014) ည ၉ နာရီလောက်မှာ၊တာဝန်သိရွာသားတစ်
ချို့
က၊မှောင် ခိုပို့မဲ့ နွား (၁၀) ကောင် ကို လက်ရဖမ်းဆီးပြီး ကျေးရွာအုပ်ချုပ် ရေးမှုးကို
အပ်နှံခဲ့ပါတယ်။အံ့သြစရာဗျာ နောက်တစ် နေ့မနက်(၁၀)နာရီ ကြ တော့ ညကဖမ်း
ထားတဲ့နွား တွေ တစ် ကောင် မှ မရှိ တော့ဘူး။မှောင် ခိုလုပ်တဲ့သူ တွေက လာပြန်
ဆွဲသွားကြတယ် တဲ့။    အဲဒါဗျာ   ကျေးရွာအုပ်ချုပ် ရေးမှုးက တားဆီးတာ တွေမလုပ်
တဲ့အပြင်  မှောင် ခိုနွားဖမ်း ပေးတဲ့ပုဂ္ဂိုလ် တွေကို တောင်  "ဘာတာဝန်ရှိလို့ ဖမ်းတာ
လဲ???နွားခိုးမှုနဲ့ အဖမ်းခံရမယ် "  လို့ ပြောလာတာ တွေရှိလာပါတယ်။
          ဒါ ကြောင့် တာဝန်သိပြည်သူ တွေက ဥပ ဒေ ကျူးလွန်တဲ့ မှောင် ခိုနွားဖမ်း
ပေးတာကို ပြန်လွှတ် ပေးတဲ့အပြင် ဖမ်းဆီး ပေးသူ တွေကိုပါ အန္တရာယ်ပြုမဲ့ကိစ္စ
ကို တော့ မြို့ ပေါ်က တတ်သိနားလည်သူ တွေ စောင့်ကြည့် နေကြပြီး ထိထိ ရောက်
ရောက်အရေးမယူခဲ့ရင် နေပြည် တော်ကို စာ ရေးတိုင်ကြားဖို့ သက် သေခံ ဓါတ်ပုံ
တွေပါ ပြင် ဆင် နေကြပါတယ်။
             မီး မောင်ဲး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment