ပဲခူးမြို့နယ် ကျေးလက် ဒေသတစ်ချို့တွင် ပျော်ပွဲ
ရွှင်ပွဲ နတ်ကနားပွဲ နှင့် ဘုရားပွဲ ညများတွင် ရန်ပုံငွေ
အကြောင်းပြကာ အန်ဂလုံ( လောင်းကစား )ဝိုင်းများထည့်သွင်း
ထားသည်ကို တွေ့ရပါသည်။
နိုင်ငံတော်မှ ချေးပေး ထားသော ငွေ ကျေးများ၏
လွယ်ကူသော ထွက်ပေါက်ဟု ဆိုလျှင်မည်သုမျှ ငြင်းနိုင်မည်
မဟုတ်ပါ။
ထိုလောင်းကစားများတွင် အများဆုံး တွေရသည်မှာ တက်သစ်စ
လူငယ်များ ကို အများဆုံးတွေ့နေရသည့် အတွက်လည်း
စိတ်မကောင်းဖြစ်ရပါသည်။ (ယနေ့ လူငယ် နောင်ဝယ် လူကြီး)
ဆိုသောနေရာတွင် နောင်ဝယ် လောင်းကစား သမားကြီး ဖြစ်ကာ
တိုင်းပြည် နှင် လူမျိုးအပေါ် ကောင်းကျိုး သယ်ပိုးနိုင်ဘို့
ဝေးစွ သူခိုး ဓားပြများ အဆင့် မရောက်အောင်ပင် ဆုတောင်း ရုံ
ကလွဲ၍ ပြည်သူတစ်ယောက် အနေနဲ့ ပြုပြင်ဘို့ မဖြစ်နိုင်ပါ ။
သို့အတွက် လောင်းကစား ကင်းစင် နယ်မြေ ဖြစ်မြောက်ရေးး
တာဝန်ရှိ လူကြီးမင်းများအား သိရှိ စေရန် ရည်ရွယ်၍ တင်ပြရခြင်း
ဖြစ်ပါသည်။
ပြည်ပန်းညို
jokerboy079@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH
ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု
ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား
HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။
အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား
ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော
မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment